




unicode

သရုပ်ဆောင်အချို့ နဲ့ ပြဿနာဖြစ်ခဲ့တာ နဲ့ ပတ်သတ်ပြီး ဒိန်းဒေါင် ရဲ့ စကားတစ်ခွန်းကြောင့် ဝမ်းနည်း မျက်ရည်ကျခဲ့ရတဲ့ ဖြူဖြူထွေး

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။

သရုပ်ဆောင် ဖြူဖြူထွေးက သွက်လက်ပြီး ဟန်ဆောင်မှု မရှိတာကြောင့် လူကြီး၊ လူငယ်တိုင်းရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ်ကနေ အနုပညာရှင်အဖြစ် ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက သူမကို လာရောက်အပ်နှံတဲ့ ကြော်ငြာတွေကို သူမကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်သရုပ်ဆောင် ရိုက်ကူးတာပဲဖြစ်ပါတယ်။

ယခုလက်တလောမှာတော့ ဖြူဖြူထွေးရဲ့ ကြော်ငြာခေါ်ရိုက်မှုနဲ့ပတ်သက်ပြီး အနုပညာရှင်အချို့ကြားမှာ အထင်အမြင်လွဲမှားမှုလေးတွေရှိနေခဲ့ပါတယ်။ ဒီလိုအထင်အမြင်လွဲမှားမှုကြောင့် ဖြူဖြူထွေးက ဒီကနေ့ရိုက်ကွင်းမှာ ပါဝင်တဲ့ လူရွှင်တော်ဦးဒိန်းဒေါင်ရဲ့ဆုံးမစကားလေးကြောင့်ကန်တော့ရင်း စိတ်ထိခိုက်မျက်ရည်ကျခဲ့ရတာပါ ဦးဒိန်းဒေါင်က ဖြူဖြုထွေးကို ” လူစိမ်းတွေကဘယ်တော့မှ မိသားစုထက်ဘယ်တော့မှ ပိုမကောင်းနိုင်ဘူး အခုချိန် မှာ ဖြူဖြူထွေး ကိုချစ်နေကြတဲ့ သူတွေအများကြီးရှိတယ်

သမီးဘယ်လောက်ကောင်းအောင်လုပ်လုပ် ပြောမယ့်စကားတွေကို သမီးကိုယ်တိုင် လည်း သိတယ် အဲ့တော့ ဒီလိုပြောဆိုတာတွေကို လစ်လျူရှုထားလိုက်ပါ ” လို့ ဆုံးမအားပေးခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ ယခုတလော အထင်အမြင် လွဲမှားမှုတွေကြောင့် စိတ်ရှုပ်ထွေးနေရာက ဦးဒိန်းဒေါင်ရဲ့ ထိမိတဲ့စကားလေးကြောင့် မျက်ရည်ကျခဲ့တာပါနော် ဖြူဖြူထွေး အတွက်အားပေးစကားလေးပြောသွားခဲ့ကြပါအုန်း ပရိသတ်ကြီးရေ

Add a Comment

Your email address will not be published. Required fields are marked *

eleven − nine =