ျမန္မာေငြ (၂၇) သိန္းေက်ာ္ တန္ဖိုးရွိတဲ့ ေလထိုးၿပီး ဝတ္ရတဲ့ေဘာင္းဘီ

ကြၽန္ေတာ္တို႔သိၾကတဲ့အတိုင္း ကမာၻ႔ဖက္ရွင္ ေလာကဟာ ေခတ္ေရစီးေၾကာင္းအတိုင္း ဖက္ရွင္ဒီဇိုင္းမ်ားဟာလည္း ေန႔စဥ္နဲ႔အမွ် အသစ္အဆန္းမ်ား ေပၚထြက္လ်က္ရွိပါတယ္။ ဒါေပမယ့္ အခုေဖာ္ျပေပးခ်င္တဲ့ေဘာင္းဘီဒီဇိုင္းကေတာ့ ထူးဆန္းတဲ့ဖက္ရွင္ဒီဇိုင္းေတြထဲကမွ ထိပ္ဆုံး(၁၀)ခုစာရင္းမွာ ပါဝင္ေနမွာပါ။ ဒီထူးဆန္းတဲ့ေဘာင္းဘီကိုေတာ့ အမ်ိဳးသားဝတ္ ဖက္ရွင္ဒီဇိုင္းေတြကို ဖန္တီးတဲ့ဖက္ရွင္ဒီဇိုင္းနာ Harikrishnan က ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဒီေဘာင္းဘီရဲ႕ brand နာမည္ကိုေတာ့ “Harri” လို႔ အမည္ေပးထားပါတယ္။ ထိုေဘာင္းဘီကို အနက္‌ေရာင္အက်ႌနဲ႔ တြဲဖက္ၿပီး ဝတ္ဆင္လိုက္မယ္ဆိုရင္ The Incredibles ဇာတ္ကား ထဲက ဇာတ္ေကာင္ေတြနဲ႔ ဆင္တူေနမွာပါ။၂၀၂၀ခုႏွစ္ မတ္လတုန္းက catwalk ပြဲတစ္ခုမွာ ဒီေဘာင္းဘီကို ပြဲထုတ္ခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ Pre order မွာယူလို႔ရေနပါၿပီ။ ဒီေဘာင္းဘီကိုေတာ့ အေရာင္ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္ထားၿပီး အနက္ေရာင္နဲ႔ အျဖဴအစင္းေရာင္ ျဖစ္ပါတယ္။

ရာဘာေစးနဲ႔ျပဳလုပ္ထားၿပီး ကိုယ္တိုင္ ေလထိုးသြင္းကာ ဝတ္ဆင္ရတဲ့ ဒီေဘာင္းဘီမွာေတာ့ မ်ားျပားတဲ့သတိေပးခ်က္ေတြရွိပါတယ္။ ထိုအခ်က္ေတြကေတာ့ထိုေဘာင္းဘီကို အပူ၊ ေနေရာင္ျခည္နဲ႔ သတၱဳေတြရဲ႕အေဝးမွာထားရမွာျဖစ္ၿပီး ဆီအမ်ိဳးအစားအားလုံးနဲ႔တိုက္႐ိုက္ထိေတြ႕မႈကိုလည္း ေရွာင္က်ဥ္ရမွာျဖစ္ပါတယ္။ ေနာက္ထပ္သူကို ဝတ္ဆင္တဲ့အခါမွာ ဂ႐ုစိုက္ရမယ့္အခ်က္ကေတာ့ မဝတ္ဆင္ခင္မွာ ကိုယ္လိမ္းေပါင္ဒါသုံးရမွာပဲ ျဖစ္ပါတယ္။ျပင္သစ္က နာမည္ႀကီး brand တစ္ခုျဖစ္တဲ့ HYPEBEAST ကေတာ့ ဒီေဘာင္းဘီရဲ႕ထူးျခားတဲ့ဒီဇိုင္းနဲ႔ အႏုပညာကို ထင္ဟပ္ေနေအာင္ျပသႏိုင္တာေၾကာင့္ သူတို႔အေနနဲ႔ ႀကိဳက္ႏွစ္သက္တယ္ လို႔ ဆိုပါတယ္။

ဒီေဘာင္းဘီကို ” ေလဘယ္လိုထိုးမလဲ ” လို႔ သင့္အေန နဲ႔ ေမးစရာရွိေနမွာပါ။ ေဘာင္းဘီကို ေခါက္ခ်ဳပ္ထားတဲ့အနား ေနရာမွာ ေလထိုးသြင္းလို႔ရႏိုင္မယ့္ အဆို႔ရွင္ေလးပါရွိမွာျဖစ္ၿပီး အဲ့ဒီကေနၿပီးေတာ့ ေလထိုးရမွာျဖစ္ပါတယ္။ေဘာင္းဘီရဲ႕ဒီဇိုင္းနာျဖစ္တဲ့ Harikrishnan က ၿပီးခဲ့တဲ့ မတ္လပိုင္းက က်င္းပခဲ့တဲ့ London College of Fashion ရႈိးပြဲ အတြက္ ဒီေဘာင္းဘီတစ္စုံကို ၿပီးစီးေအာင္ ခ်ဳပ္လုပ္ႏိုင္ဖို႔အတြက္ အခ်ိန္ ၄၈ နာရီ ၾကာျမင့္ခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ယခုေဘာင္းဘီကိုေတာ့ APOC စတိုးမွာ ေအာ္ဒါမွာယူရရွိႏိုင္ပါတယ္။ အနက္ေရာင္ဝတ္စုံ ‘Black Limo’ ကေတာ့ ေဒၚလာ ၁၁၆၀(ျမန္မာေငြ ၁၅၈၀၀၀၀ခန႔္)က်သင့္မွာ ျဖစ္ၿပီး အစင္းက်ားအေရာင္ျဖစ္တဲ့ ‘Striped Swirl’ ရဲ႕ေရာင္းေဈးကေတာ့ ေဒၚလာ ၁၉၆၁(ျမန္မာေငြ ၂၇သိန္းနီးပါး)ခန႔္ က်သင့္မွာျဖစ္ပါတယ္။

unicode

မြန်မာငွေ (၂၇) သိန်းကျော် တန်ဖိုးရှိတဲ့ လေထိုးပြီး ဝတ်ရတဲ့ဘောင်းဘီ

ကျွန်တော်တို့သိကြတဲ့အတိုင်း ကမ္ဘာ့ဖက်ရှင် လောကဟာ ခေတ်ရေစီးကြောင်းအတိုင်း ဖက်ရှင်ဒီဇိုင်းများဟာလည်း နေ့စဉ်နဲ့အမျှ အသစ်အဆန်းများ ပေါ်ထွက်လျက်ရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးချင်တဲ့ဘောင်းဘီဒီဇိုင်းကတော့ ထူးဆန်းတဲ့ဖက်ရှင်ဒီဇိုင်းတွေထဲကမှ ထိပ်ဆုံး(၁၀)ခုစာရင်းမှာ ပါဝင်နေမှာပါ။ ဒီထူးဆန်းတဲ့ဘောင်းဘီကိုတော့ အမျိုးသားဝတ် ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတဲ့ဖက်ရှင်ဒီဇိုင်းနာ Harikrishnan က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဘောင်းဘီရဲ့ brand နာမည်ကိုတော့ “Harri” လို့ အမည်ပေးထားပါတယ်။ ထိုဘောင်းဘီကို အနက်‌ရောင်အင်္ကျီနဲ့ တွဲဖက်ပြီး ဝတ်ဆင်လိုက်မယ်ဆိုရင် The Incredibles ဇာတ်ကား ထဲက ဇာတ်ကောင်တွေနဲ့ ဆင်တူနေမှာပါ။၂၀၂၀ခုနှစ် မတ်လတုန်းက catwalk ပွဲတစ်ခုမှာ ဒီဘောင်းဘီကို ပွဲထုတ်ခဲ့ပြီး ယခုအချိန်မှာတော့ Pre order မှာယူလို့ရနေပါပြီ။ ဒီဘောင်းဘီကိုတော့ အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး အနက်ရောင်နဲ့ အဖြူအစင်းရောင် ဖြစ်ပါတယ်။

ရာဘာစေးနဲ့ပြုလုပ်ထားပြီး ကိုယ်တိုင် လေထိုးသွင်းကာ ဝတ်ဆင်ရတဲ့ ဒီဘောင်းဘီမှာတော့ များပြားတဲ့သတိပေးချက်တွေရှိပါတယ်။ ထိုအချက်တွေကတော့ထိုဘောင်းဘီကို အပူ၊ နေရောင်ခြည်နဲ့ သတ္တုတွေရဲ့အဝေးမှာထားရမှာဖြစ်ပြီး ဆီအမျိုးအစားအားလုံးနဲ့တိုက်ရိုက်ထိတွေ့မှုကိုလည်း ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ နောက်ထပ်သူကို ဝတ်ဆင်တဲ့အခါမှာ ဂရုစိုက်ရမယ့်အချက်ကတော့ မဝတ်ဆင်ခင်မှာ ကိုယ်လိမ်းပေါင်ဒါသုံးရမှာပဲ ဖြစ်ပါတယ်။ပြင်သစ်က နာမည်ကြီး brand တစ်ခုဖြစ်တဲ့ HYPEBEAST ကတော့ ဒီဘောင်းဘီရဲ့ထူးခြားတဲ့ဒီဇိုင်းနဲ့ အနုပညာကို ထင်ဟပ်နေအောင်ပြသနိုင်တာကြောင့် သူတို့အနေနဲ့ ကြိုက်နှစ်သက်တယ် လို့ ဆိုပါတယ်။

ဒီဘောင်းဘီကို ” လေဘယ်လိုထိုးမလဲ ” လို့ သင့်အနေ နဲ့ မေးစရာရှိနေမှာပါ။ ဘောင်းဘီကို ခေါက်ချုပ်ထားတဲ့အနား နေရာမှာ လေထိုးသွင်းလို့ရနိုင်မယ့် အဆို့ရှင်လေးပါရှိမှာဖြစ်ပြီး အဲ့ဒီကနေပြီးတော့ လေထိုးရမှာဖြစ်ပါတယ်။ဘောင်းဘီရဲ့ဒီဇိုင်းနာဖြစ်တဲ့ Harikrishnan က ပြီးခဲ့တဲ့ မတ်လပိုင်းက ကျင်းပခဲ့တဲ့ London College of Fashion ရှိုးပွဲ အတွက် ဒီဘောင်းဘီတစ်စုံကို ပြီးစီးအောင် ချုပ်လုပ်နိုင်ဖို့အတွက် အချိန် ၄၈ နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ယခုဘောင်းဘီကိုတော့ APOC စတိုးမှာ အော်ဒါမှာယူရရှိနိုင်ပါတယ်။ အနက်ရောင်ဝတ်စုံ ‘Black Limo’ ကတော့ ဒေါ်လာ ၁၁၆၀(မြန်မာငွေ ၁၅၈၀၀၀၀ခန့်)ကျသင့်မှာ ဖြစ်ပြီး အစင်းကျားအရောင်ဖြစ်တဲ့ ‘Striped Swirl’ ရဲ့ရောင်းဈေးကတော့ ဒေါ်လာ ၁၉၆၁(မြန်မာငွေ ၂၇သိန်းနီးပါး)ခန့် ကျသင့်မှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

2 × 2 =