(၁၀) ရက္ အတြင္း လူ (၁)သိန္းေက်ာ္ ကူးစက္ၿပီး ကမာၻ႕တတိယ ျဖစ္လာတဲ့ ရုရွား ရဲ႕ ေနာက္ကြယ္

ေနာက္ဆုံး (၁၀) ရက္ အတြင္း လူေပါင္း ၁ သိန္းေက်ာ္ ကိုဗစ္ ကူးစက္ၿပီး ကမာၻ႕တတိယ အမ်ားဆံုးျဖစ္လာ တဲ့ ရုရွားႏိုင္ငံ ရဲ႕ ေနာက္ကြယ္

႐ုရွားႏိုင္ငံ သည္ ေနာက္ဆုံး ၁၀ ရက္ အတြင္း လူေပါင္း ၁ သိန္းေက်ာ္ COVID-19 အသစ္ထပ္မံ ကူးစက္ခံရမႈေၾကာင့္ စုစုေပါင္း ကူးစက္မႈအေရအတြက္ ၂ သိန္း ၃ ေသာင္း ေက်ာ္သြားၿပီျဖစ္ရာ ကမာၻ႔တတိယေျမာက္ ကူးစက္မႈအမ်ားဆုံး ႏိုင္ငံျဖစ္လာသည္။

႐ုရွားႏိုင္ငံတြင္ ယမန္ေန႕ ေမလ ၁၁ ရက္ေန႕က ကူးစက္မႈ ၁၀၈၉၉ ေတြ႕ရိွကာ ေန႔စဥ္ ကူးစက္မႈႏႈန္း သည္ အေမရိကန္ျပည္ေထာင္စုေနာက္ ဒုတိယ အမ်ားဆုံး ျဖစ္ၿပီး ေနာက္ဆုံး ၁၀ ရက္အတြင္း ေန႔စဥ္ ၁၀၀၀၀ ႏွင့္ အထက္ ကူးစက္ခံခဲ့ရသည္။ ကူးစက္အတည္ျပဳ လူနာေတြနဲ႔ ေသဆုံးသူေတြ ရဲ႕ တစ္ဝက္ေလာက္ဟာ ၿမိဳ႕ေတာ္ ေမာ္စကိုမွာေနထိုင္သူေတြျဖစ္ၾကၿပီး ေမာ္စကိုၿမိဳ႕သား ၁ သိန္း ၂ ေသာင္းေက်ာ္ ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။

႐ုရွားသမၼတ ဗလာဒီမွာ ပူတင္ကေတာ့ အခုလို ကူးစက္မႈ တရွိန္တိုးျမင့္ တက္ေနတာေၾကာင့္ ႏိုင္ငံတြင္း ထုတ္ျပန္ထားတဲ့ ေလာ့ေဒါင္း အစီအမံေတြကို ျပန္လည္သုံးသပ္သြားမွာျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ယခုအခ်ိန္အထိ COVID-19 ရွိ မရွိ စစ္ေဆးမႈ ၅ ဒသမ ၆ သန္းေက်ာ္ကို ျပဳလုပ္ခဲ့ၿပီးျဖစ္ေသာေၾကာင့္ ကူးစက္သူဦးေရ ျမင့္တက္ေနေၾကာင္း သိရွိခဲ့ရျခင္းျဖစ္သည္ဟု ႐ုရွားအစိုးရက ေျပာဆို ထားပါတယ္။

ႏိုင္ငံ အတြင္း ပထမဦးဆုံး ေရာဂါေတြ႕ရွိမႈ ကို မတ္လ ၂ ရက္ေန႔က အတည္ျပဳႏိုင္ခဲ့ၿပီး မတ္လ အကုန္တြင္ ၂၂၀၀ ဦး ကူးစက္မႈသာ ရွိခဲ့ေသာ္လည္း ဧၿပီလ မွ စတင္ကာ ေန႔စဥ္ကူးစက္ႏႈန္းမွာ တဟုန္ထိုး ျမင့္တက္လာခဲ့သည္။

ထို႔အျပင္ ႐ုရွားႏိုင္ငံ၏ ေန႔စဥ္ ကူးစက္ႏႈန္း သည္ ထပ္မံက်ဆင္းလာျခင္း မရွိပါက လာမည့္ ရက္အနည္းငယ္အတြင္း စပိန္ႏိုင္ငံကို ေက်ာ္ျဖတ္ကာ ကမာၻေပၚတြင္ ကူးစက္မႈ ဒုတိယ အမ်ားဆုံးႏိုင္ငံ ျဖစ္လာႏိုင္ေျခ မ်ားေနသည္။ သို႔ေသာ္ ႏိုင္ငံအတြင္း ကူးစက္ႏႈန္း အလြန္ျမင့္မားလ်က္ရွိေနေသာ္ လည္း စုစုေပါင္း ေသဆုံးသူ ဦးေရမွာ ၂၁၀၀ ေက်ာ္သာ ရွိေနေသးသည္။

ကမာၻႏိုင္ငံမ်ား အနက္ လူေပါင္း ၁၀၀၀၀၀ ႏွင့္ အထက္ ကူးစက္ ခံထားရသည့္ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံရွိေနၿပီး အေမရိကန္ျပည္ေထာင္စုက အမ်ားဆုံးျဖစ္ၿပီး စပိန္၊ ရုရွား၊ ၿဗိတိန္၊ အီတလီႏွင့္ ျပင္သစ္တို႔က အစဥ္လိုက္ ရပ္တည္ေနသည္။

crd : whitesone

unicode

နောက်ဆုံး (၁၀) ရက် အတွင်း လူပေါင်း ၁ သိန်းကျော် ကိုဗစ် ကူးစက်ပြီး ကမ္ဘာ့တတိယ အများဆုံးဖြစ်လာ တဲ့ ရုရှားနိုင်ငံ ရဲ့ နောက်ကွယ်

ရုရှားနိုင်ငံ သည် နောက်ဆုံး ၁၀ ရက် အတွင်း လူပေါင်း ၁ သိန်းကျော် COVID-19 အသစ်ထပ်မံ ကူးစက်ခံရမှုကြောင့် စုစုပေါင်း ကူးစက်မှုအရေအတွက် ၂ သိန်း ၃ သောင်း ကျော်သွားပြီဖြစ်ရာ ကမ္ဘာ့တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာသည်။

ရုရှားနိုင်ငံတွင် ယမန်နေ့ မေလ ၁၁ ရက်နေ့က ကူးစက်မှု ၁၀၈၉၉ တွေ့ရှိကာ နေ့စဉ် ကူးစက်မှုနှုန်း သည် အမေရိကန်ပြည်ထောင်စုနောက် ဒုတိယ အများဆုံး ဖြစ်ပြီး နောက်ဆုံး ၁၀ ရက်အတွင်း နေ့စဉ် ၁၀၀၀၀ နှင့် အထက် ကူးစက်ခံခဲ့ရသည်။ ကူးစက်အတည်ပြု လူနာတွေနဲ့ သေဆုံးသူတွေ ရဲ့ တစ်ဝက်လောက်ဟာ မြို့တော် မော်စကိုမှာနေထိုင်သူတွေဖြစ်ကြပြီး မော်စကိုမြို့သား ၁ သိန်း ၂ သောင်းကျော် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ရုရှားသမ္မတ ဗလာဒီမှာ ပူတင်ကတော့ အခုလို ကူးစက်မှု တရှိန်တိုးမြင့် တက်နေတာကြောင့် နိုင်ငံတွင်း ထုတ်ပြန်ထားတဲ့ လော့ဒေါင်း အစီအမံတွေကို ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ယခုအချိန်အထိ COVID-19 ရှိ မရှိ စစ်ဆေးမှု ၅ ဒသမ ၆ သန်းကျော်ကို ပြုလုပ်ခဲ့ပြီးဖြစ်သောကြောင့် ကူးစက်သူဦးရေ မြင့်တက်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်ဟု ရုရှားအစိုးရက ပြောဆို ထားပါတယ်။

နိုင်ငံ အတွင်း ပထမဦးဆုံး ရောဂါတွေ့ရှိမှု ကို မတ်လ ၂ ရက်နေ့က အတည်ပြုနိုင်ခဲ့ပြီး မတ်လ အကုန်တွင် ၂၂၀၀ ဦး ကူးစက်မှုသာ ရှိခဲ့သော်လည်း ဧပြီလ မှ စတင်ကာ နေ့စဉ်ကူးစက်နှုန်းမှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

ထို့အပြင် ရုရှားနိုင်ငံ၏ နေ့စဉ် ကူးစက်နှုန်း သည် ထပ်မံကျဆင်းလာခြင်း မရှိပါက လာမည့် ရက်အနည်းငယ်အတွင်း စပိန်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်တွင် ကူးစက်မှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာနိုင်ခြေ များနေသည်။ သို့သော် နိုင်ငံအတွင်း ကူးစက်နှုန်း အလွန်မြင့်မားလျက်ရှိနေသော် လည်း စုစုပေါင်း သေဆုံးသူ ဦးရေမှာ ၂၁၀၀ ကျော်သာ ရှိနေသေးသည်။

ကမ္ဘာနိုင်ငံများ အနက် လူပေါင်း ၁၀၀၀၀၀ နှင့် အထက် ကူးစက် ခံထားရသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံရှိနေပြီး အမေရိကန်ပြည်ထောင်စုက အများဆုံးဖြစ်ပြီး စပိန်၊ ရုရှား၊ ဗြိတိန်၊ အီတလီနှင့် ပြင်သစ်တို့က အစဉ်လိုက် ရပ်တည်နေသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

one × three =