ဒီနေ့ မနက်မှာပဲ ဆုံးပါးသွားတဲ့ တက္ကသိုလ်ဂွမ်းပုံ ရဲ့ မိခင်ကြီး

ဒီနေ့ မနက်မှာပဲ ဆုံးပါးသွားတဲ့ တက္ကသိုလ်ဂွမ်းပုံ ရဲ့ မိခင်ကြီး

နှစ်ပေါင်းများစွာတိုင် ပရိသတ်ရဲ့ရင် ထဲက အခိုင်အမာအားပေးမှု နဲ့ ရပ်တည်လာခဲ့သူ တက္ကသိုလ်ဂွမ်းပုံကတော့ ဒီနေ့မနက် မှာ စိတ်မကောင်းစရာအခြေအနေတစ်ခုကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီနေ့မနက်(၅)နာရီမှာပဲ သူ့ရဲ့ချစ်လှစွာသော မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပြီဆိုတဲ့သတင်းပဲ ဖြစ် ပါတယ်။

တက္ကသိုလ်ဂွမ်းပုံရဲ့ မိခင်ဖြစ်သူ ကတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သွေးပေါင်ကျပြီး အာရုံကြောအားနည်းခဲ့တာ လမ်းတောင်မလျှောက်နိုင်တော့လို့ ဆရာဝန်နေ့တိုင်း အိမ်လာကြည့်ခိုင်းကာ ကုသနေရသူပါ။ ဒီနေ့မနက်မှာတော့ ဒီတောင်ကိုမကျော်နိုင်တော့ပဲ မနက်(၅) နာရီမှာပဲ ဘဝတစ်ပါး ကူးပြောင်းသွား ခဲ့ပြီ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

လတ်ဆတ်တဲ့အပြုံး၊ ဟာသလေးတွေနဲ့ ပရိသတ် ဘဝအမောကိုပြေစေခဲ့သူ တီဂွမ်းအတွက် ဒီနေ့ကတော့ မြင်းမိုရ်တောင်ကြီး ပြိုကျတဲ့နေ့ ဖြစ်သွားမှာအမှန်ပါပဲ။ ပရိသတ်ကြီးရေ တက္ကသိုလ်ဂွမ်းပုံ ရဲ့ မိခင်ဖြစ်သူ ကောင်းရာမွန်ရာရောက်ဖို့အတွက် ဆုတောင်းပေးလိုက်ကြ ရအောင်နော်။

Source – Goon Sein
Credit- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

nine + 12 =