တေက်ာ့ျပန္ ကိုဗစ္ တိုက္ပြဲမွာ အသုံးျပဳရမယ့္ အေရးႀကီး မဟာဗ်ဴဟာ

ပရိတ္သတ္ႀကီးေရ စစ္ေတြမွာ လူအသြား အလာ ရွင္းပီး တခ်ိဳ႕ဆိုင္ေတြလဲ ပိတ္ထားတာေတြ႕လို႔ အားရမိပါတယ္။ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ လယ္/ဆည္ဝန္ႀကီးဟာ အတည္ျပဳလူနာတဦးလာေရာက္တဲ့ ပြဲတခုကို တက္ခဲ့လို႔ Home Q ဝင္ေနပီး မေန႔က Swab ယူထားပါတယ္။ စစ္ေတြမွာ လမ္းဆုံ လမ္းခြေတြမွာ Mask ေတြ ေဝေပးေန ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက ေရာဂါ စစ္ေဆးဖို႔ Gene Expert စက္ေတြ အပါအဝင္ လိုအပ္တာေတြ ေပးပို႔ေနသလို လႉခ်င္သူေတြ ရွိရင္လဲ ေပးပို႔လႉဒါန္းလို႔ရပါတယ္။ ေငြထက္ ပစၥည္းလႉတာ ပိုေကာင္းပါတယ္။

စစ္ေတြမွာက ပစၥည္းရွားလို႔ပါ။ ဒီမနက္က စပီး တိုက္ႀကီးဂိတ္၊ ေအာင္မဂၤလာကားဝန္းေတြမွာ က်န္းမာေရးဌာနက ဆရာဝန္ေတြပါဝင္တဲ့အဖြဲ႕ေတြက ရခိုင္က လာတဲ့ကားေတြကို တေယာက္မက်န္ စစ္ေဆးေနပါတယ္။ ရခိုင္က ကားေတြဟာ ရန္ကုန္နဲ႔ မႏၲေလးကို အဝင္မ်ားတယ္လို႔ သိရပါတယ္။ MNA ကေတာ့ စစ္ေတြက ေလေၾကာင္းလိုင္းေတြကို ရပ္နား လိုက္ပါပီ။ ရန္ကုန္က လူေတြလဲ ေပါ့ဆလို႔ မရပါဘူး။

Silent Carrier ေတြ ရွိႏိုင္လို႔ သတိထား ရပါမယ္။ Silent carrier ၂ ေယာက္ေလာက္ YBS ပတ္စီးရင္ တၿမိဳ႕လုံး ဒုကၡမ်ားသြားႏိုင္လို႔ မိမိကစ ကာကြယ္ပါ။ ေနာက္တခုကေတာ့ ေရာဂါေလး ျပန္ေခါင္းေထာင္လာတာနဲ႔ Mask ေဈးေတြ တက္သြားတာပါပဲ။ မလုပ္သင့္ပါဘူး။ အနည္းဆုံးေဈးနဲ႔ပဲ တတ္ႏိုင္သေလာက္ ေရာင္းခ်ေပးပီး အမ်ားျပည္သူ ကို ကယ္တင္ၾကပါ။ ကိုဗစ္ တိုက္ပြဲ ျပန္လည္စတင္ပီမို႔ အားလုံးပဲ အရင္ကလို ပူးေပါင္းပါဝင္ျခင္းျဖင့္ ေရာဂါဆိုးႀကီးကို ကာကြယ္တိုက္ထုတ္ၾကပါစို႔ေနာ္။

Credit; Original Uploader

unicode

တကျော့ပြန် ကိုဗစ် တိုက်ပွဲမှာ အသုံးပြုရမယ့် အရေးကြီး မဟာဗျူဟာ

ပရိတ်သတ်ကြီးရေ စစ်တွေမှာ လူအသွား အလာ ရှင်းပီး တချို့ဆိုင်တွေလဲ ပိတ်ထားတာတွေ့လို့ အားရမိပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ လယ်/ဆည်ဝန်ကြီးဟာ အတည်ပြုလူနာတဦးလာရောက်တဲ့ ပွဲတခုကို တက်ခဲ့လို့ Home Q ဝင်နေပီး မနေ့က Swab ယူထားပါတယ်။ စစ်တွေမှာ လမ်းဆုံ လမ်းခွတွေမှာ Mask တွေ ဝေပေးနေ ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ရောဂါ စစ်ဆေးဖို့ Gene Expert စက်တွေ အပါအဝင် လိုအပ်တာတွေ ပေးပို့နေသလို လှူချင်သူတွေ ရှိရင်လဲ ပေးပို့လှူဒါန်းလို့ရပါတယ်။ ငွေထက် ပစ္စည်းလှူတာ ပိုကောင်းပါတယ်။

စစ်တွေမှာက ပစ္စည်းရှားလို့ပါ။ ဒီမနက်က စပီး တိုက်ကြီးဂိတ်၊ အောင်မင်္ဂလာကားဝန်းတွေမှာ ကျန်းမာရေးဌာနက ဆရာဝန်တွေပါဝင်တဲ့အဖွဲ့တွေက ရခိုင်က လာတဲ့ကားတွေကို တယောက်မကျန် စစ်ဆေးနေပါတယ်။ ရခိုင်က ကားတွေဟာ ရန်ကုန်နဲ့ မန္တလေးကို အဝင်များတယ်လို့ သိရပါတယ်။ MNA ကတော့ စစ်တွေက လေကြောင်းလိုင်းတွေကို ရပ်နား လိုက်ပါပီ။ ရန်ကုန်က လူတွေလဲ ပေါ့ဆလို့ မရပါဘူး။

Silent Carrier တွေ ရှိနိုင်လို့ သတိထား ရပါမယ်။ Silent carrier ၂ ယောက်လောက် YBS ပတ်စီးရင် တမြို့လုံး ဒုက္ခများသွားနိုင်လို့ မိမိကစ ကာကွယ်ပါ။ နောက်တခုကတော့ ရောဂါလေး ပြန်ခေါင်းထောင်လာတာနဲ့ Mask ဈေးတွေ တက်သွားတာပါပဲ။ မလုပ်သင့်ပါဘူး။ အနည်းဆုံးဈေးနဲ့ပဲ တတ်နိုင်သလောက် ရောင်းချပေးပီး အများပြည်သူ ကို ကယ်တင်ကြပါ။ ကိုဗစ် တိုက်ပွဲ ပြန်လည်စတင်ပီမို့ အားလုံးပဲ အရင်ကလို ပူးပေါင်းပါဝင်ခြင်းဖြင့် ရောဂါဆိုးကြီးကို ကာကွယ်တိုက်ထုတ်ကြပါစို့နော်။

Credit; Original Uploader

Add a Comment

Your email address will not be published. Required fields are marked *

five + 17 =