unicode
၈၈၈၈ သမိုင်းဝင် ဓာတ်ပုံထဲက မဝင်းမော်ဦး ရဲ့ မိသားစု လက်ရှိအခြေအနေ ကို သွားကြည့်တဲ့ အခါ
ကျမတို့ဟာ ၈လေးလုံးနီးလာပြီဆိုရင် မဝင်းမော်ဦးကို သတိရ နေပါလိမ့်မယ် ဒါပေမဲ့ နောက်တော့လည်းကိုယ့်အလုပ်တွေကိုယ့်ကိစ္စတွေနဲ့ ပြန်ပြီး မေ့မေ့ပျောက်ပျောက်တွေဖြစ်နေကြတာမျိုးတွေ ဖြစ်ကြမှာပါ။ ဒါကလည်းအားလုံးဟာကိုယ့်မိသားစုဘဝတွေ အလုပ်အကိုင်တွေနဲ့ ကိုယ့်အခက်အခဲတွေကြောင့်ပါ ။၈လေးလုံး နှစ်ပတ်လည်တွေနီးတိုင်းသူမကို သတိရတိုင်း သူမ မိသားစု ဘယ်လိုနေကြသလဲဆိုတာကိုအားလုံးက တပြိုင်တည်း တချိန်တည်းမှာ သတိရနေမယ်ဆိုတာယုံကြည်နေမိပါတယ် ။တကယ်တော့ မဝင်းမော်ဦးလို အသက် ၁၆ နှစ်အရွယ်ကျောင်းသူလေး ကမ္ဘာသိဖြစ်ခဲ့သူလေးမို့ သူမမိသားစုကို အကူညီပေးရမယ်လို့တော့ ထင်မှတ်မမှားစေချင်ပါဘူး။ ကျမတို့လည်း သူမမိသားစုမှာအခက်အခဲမရှိ အကူညီမလိုအပ်နေရင်လည်း ကျမတို့အနေနဲ့ တခြား ၈လေးလုံးမှာပါဝင်ခဲ့တဲ့သူတွေရဲ့မိသားစုဝင်တွေကိုကြည့်ရမှာပါ လက်တွေ့လည်း ကြည့်နေကြတာပါပဲ ။
ဒါအပြင်တောထဲ ထောင်ထဲမှာ အနစ်နာခံစွန့်လွှတ်ခဲ့သူတွေ ၈လေးလုံး အရေးတော်ပုံကြီးနဲ့ဆက်စပ်တဲ့ ကျောင်းသူကျောင်းသားတွေ နဲ့ နို်င်ငံရေးသမားတွေ တော်လှန်ရေးသမားတွေကို အကူညီပေးခဲ့လို ဘဝပျက်ခဲ့သူတွေလည်းဒုနဲ့ဒေးရှိနေကြတာပါ ။ သူတို့ကိုလည်း တာဝန်သိစွာကြည့်နေကူညီပေးနေတဲ့ သူတွေလည်းအများကြီးရှှိနေတာပါပဲ။ ပြောရမယ်ဆိုရင်တော့ ကူညီသင့်တဲ့သူတွေ အများကြီးကျန်ရှိနေပါသေးတယ် ။လောလောဆည်မှာတော့ မဝင်းမော်ဦးအတွက် သူမရဲ့သမိုင်း သူမရဲ့သစ္စာတရားကို အောက်မေ့ ခြင်းတွေနဲ့ မမေ့ မလျော့တဲ့အနေနဲ့ ကျမတို့ အင်အားစုတွေ တတ်နိုင်သလောက်လေး အလျုဒါနပြုကြတယ်လို့ ပြောရင်ပိုမှန်ကန်ပါလိမ့်မယ် ။ ရဲဘော်ရဲဘက်တွေအားလုံးလည်း တတ်နိုင်သမျှ ထည့်ဝင်လှူဒါန်းကြလိမ့်မယ်လို့ယုံကြည်နေမိပါတယ် ။အခါအားလျော်စွာ ကျမမှာစိတ်ကူးလေးအမြဲဖြစ်လာတယ် ။ သူမရဲ့ဖခင်နဲ့မိခင်အတွက် အားဖြစ်စေမဲ့ အထိမ်းအမှတ်လေးတွေ ဘာလုပ်ပေးသင့်သလဲ ။ သူမမရှိတော့ပေမဲ့ သူမနဲ့မခင်မင်မရင်းနှီးခဲ့ပေမယ့်ကျမတို့မှာ တာဝန်ရှိနေတဲ့သူတွေလို ခံစားနေရတာတော့ကြာနေပါပြီ။
ဒီနှစ်တော့ ဘာပဲဖြစ်ဖြစ် ကျမတို့အားလုံးဟာ တခုခုကို စပြီး လုပ်ဖြစ်အောင်ကြိုးစားမယ်လို့စိတ်ကူးမိတယ် ။ ဒါကို ကျမတို့ ရဲဘော်ရဲဘက်တွေ ၈၈၈၈ မောင်နှမတွေ က ငြင်းဆန်ကြမှာမဟုတ်ဘူးဆိုတာ ကျမသိနေပါတယ်။ဒီရက်ပိုင်းမှာပဲ မဝင်းမော်ဦးရဲ့မိသားစုကိုဆက်သွယ်ခဲ့တယ်။ ဆက်သွယ်ပြီးတဲ့နောက် မှာကမကထ လုပ်ပေးနိုင်မယ့် အရင်းချာဆုံး ရဲဘော် ရဲဘက်တွေ မောင်နှမတွေ ညီအမတွေကို ဆက်သွယ်တိုင်ပင်ခဲ့ပါတယ် ။ သူတို့လည်း ဝိုင်းဝန်းကူညီကြမယ်လို့ ပြောဆိုလာတာပါ ဒီအတွက်လည်းဒီအစီစဉ်လေးကို ဝမ်းသာကြည်နူးမူတွေ နဲ့ စတင်နိုင်ဖို့ အားအင်တွေ ရှိလာတယ်လို့ပြောရမှာပါ ။မဝင်းမော်ဦးလို့မျိုး အဖြစ်မျိုးကြုံရတဲ့ တခြားထောင်ပေါင်းများစွာ ကျောင်းသားကျောင်းသူတွေရဲ့မိသားစုတွေရှိပါလိမ့်မယ် သူတို့ကိုလည်းကျမတို့က မမေ့လျော့ပါဘူးဆိုတာ သစ္စာတရားနဲ့ပဲတိုင်တည်ရတော့မှာပဲ ဒါကြောင့်လဲ မဝင်းမော်ဦးမိသားစုလေးအတွက်ကနေစပြီး နိုင်သလောက်စတင်လုပ်ကြရအောင်နော်။
၆ရက်နေ့ညက မဝင်းမော်ဦးမိသားစုကို ဖုန်းဆက် လိုက်တယ် တခြားဘယ်သူကိုမှမတိုင်ပင်ဖြစ်သေးပါဘူး။ ဘာကြောင့်ဆက်သလဲဆိုတော့ သူတို့မိသားစုမှာ လက်ရှိအဆင်ပြေရဲ့လား ဘာတွေခက်ခဲနေလဲ ဆိုတာ စတင်မေးကြည့်ခဲ့တာပါ။
သူမရဲ့ဖခင်ကြီးက အခု ကျန်းမာရေး မကောင်း ပါဘူး။ အဆုတ်မကောင်းလို့ အောက်စီဂျင်နဲ့ပဲအသက်ရှင်နေရပါတယ်လို့ပြောပါတယ် ။ သူတို့ရဲ့နေနေတဲ့အိမ်လေးကလည်း အိမ်ပိုင်မဟုတ်ပေမဲ့ မိဘလက်ထက်က ပေးနေထားလို့ မပြုပြင်နိုင်ပဲ ပြိုတော့မလို ယိုင်နေတဲ့ အိမ်လေးမှာနေပါတယ်တဲ့။မဝင်းမော်ဦးက အကြီးဆုံးသမီးပါ။ နောက်ထပ် သားသမီးတွေ မြေးတွေနဲ့ မိသားစုဝင် ၂၂ဦးအဲဒီ အိမ်လေးမှာစုနေကြပါတယ်လို့ပြောပါတယ်စားသောက်ရေးကကောဆိုတော့ သားသမီးတွေက တတ်နိုင်သလောက်ကျွေးမွေးနေပါတယ်လို့ဆိုပါတယ်။
သားသမီးတွေကတော့ကျောင်းဆက်လက် မထားနိုင်တော့တာကြောင့် ဘွဲ့ရပညာတတ်တွေ မဟုတ်ကြပဲ သူများဆီမှာသန့်ရှင်းရေးစတဲ့အလုပ်တွေလုပ်ပြီးမိဘနှစ်ပါးကို လုပ်ကြွေးနေသူတွေပါတဲ့။အဆင်ပြေမူတွေတော့သိတ်မရှိကြဘူလို့ဆိုပါတယ်။မြန်မာပြည်မှာ မိသားစုတိုင်း လူတိုင်း ဒီကနေ့ကာလမှာ အခက်အခဲတွေနဲ့ဆိုတာ မငြင်းလိုပါဘူး။ ဒါပေမယ့် ကျမတို့ ဟာ နိုင်သလောက်တော့ သူတို့မိသားစုကို ၈၈၈၈ စိတ်ဓါတ်လေးနဲ့တခုခု လုပ်ပေးချင်နေမိတာပါ ။ စိတ်ကူးကတော့ သူတို့ရဲ့ ယိုင်နဲ့နေတဲ့ အိမ်လေးကို အောက်ခံ အုပ်လေးနဲ့ဖြစ်ဖြစ် နေလို့ရအောင်လေး ပြုပြင်ပေးဖို့ပါ။ဒီအတွက် ၈၈၈၈ ရဲဘော်ရဲဘက်တွေဟာ နိုင်သလောက်ဝန်းရံပေးကြပါ။ အပိုင်း ၂ပိုင်း သတ်မှတ်ထားပါမယ်။အပိုင်း(၁)ကတော့ ကျမတို့ရဲဘော်ရဲဘက်တွေ မိတ်ဆွေတွေ ကျောင်းသားကျောင်းသူတွေ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေဟာ ၂၀၂၀ အကုန် အထိ ၅လတာကာလမှာ မဝင်းမော်ဦး မိသားစု ရဲ့အိမ်လေးအတွက် တတ်နိုင်သလောက်ထည့်ဝင်ကြဖို့ပါပဲ ဘယ်သူပဲ ဖြစ်ဖြစ် နိုင်သလောက်ပါဝင် လျုဒါန်းနိုင်ပါတယ်။
ကျမတို့ သတ်မှတ်ကာလက (၅)လ သတ်မှတ်ပါမယ်။ အပိုင်း(၂)ကတော့ သူဖခင်ကြီး အတွက်လတ်တလော ကျန်းမာရေးလိုအပ်ချက်ပါ ။ အောက်စီဂျင်နဲ့ အသက်ရူနေရပါတယ် ဒီအတွက် ကျန်းမာရေးစရိပ်လေး တတ်နိုင်သလောက်လျုဒါန်းပေးဖို့ပါ။၈၈၈၈ ရဲဘော်ရဲဘက်များမိတ်ဆွေများရဲ့အလှူဒါနကို ကျမရဲ့page ကနေ ဖော်ပြသွားပါမယ် ။ အပိုင်း(၁) အတွက်အိမ်ပြင်ဖို့က ကျမတို့ (၅)လ တာ စုပြီးမှ မိသားစုကို အပ်နှံပါမယ်။ ကျမတို့ရည်မှန်းထားတဲ့ အိမ်ပြင်စရိပ်ငွေက ကျပ်ငွေ (သိန်း ၁၅၀)ပါ ၂၀၂၁ ဇန်နဝါရီ (၁)ရက်နေ့မှာ အပ်နှံပါမယ်။သူမရဲမိသားစုကျန်းမာရေးအတွက်ကတော့ မဝင်းမော်ဦးမိသားစုဖုန်းကို ဆက်သွယ်ပြီးတော့ ဖြစ်ဖြစ် ကျမတို့က တဆင့်ဖြစ်ဖြစ်အကူညီပေးနိုင်ပါတယ်။ ဒါကတော့လတ်တလောလိုအပ်ချက်ဖြစ်နေလို့ပါ။ မဝင်းမော်ဦး မိသားစု ဖုန်းကတော့(၈၈) ကျောင်းသူ မဝင်းမော်ဦးရဲ့မိဘများ အိမ်လိပ်စာ
အမှတ်(၁၆၀၇/က) ဗိုလ် တေဇလမ်း အပိုင်(၃)(၂၀)ရပ်ကွက် လှိုင်သာယာမြို့ ရန်ကုန်တိုင်းဆက်သွယ်ရန် Pho:နံပတ်များ—09254345619 / 09251033737 မိသားစုဖုန်းပါ ။ဒီကိစ္စကိုတော့ မိသားစုကိုလည်းပြောပြထားပါတယ်။သူတို့မှာလည်း ဒီလိုပြောတာလေးကြားတာနဲ့တင်ကျေနပ်ပီတိဖြစ်ရသလို ဂုဏ်ယူနေမိ ပါတယ်လို့ မိခင်ကော ဖခင်ကောကပြောပြရှာပါတယ်။ ကျမတို့ရဲ့အလျုဒါနကို စကြရအောင်နော်မဝင်းမော်ဦးမိသားစု့ရဲ့ယိုင်နဲ့နေတဲ့အိမ်လေးပြုပြင်ဖို့အလျုငွေ မြန်မာပြည်က ကူညီပေးမယ့်သူများကတော့ Wave Money နဲ့လျုဒါန်းနိုင်ပြီးေ ဒါ်မြဖြူပြာ ဖုန်း- ၀၉-၇၉၉-၇၄၇၅၅၈ကိုဆက်သွယ်ပေးပါနော်
မြန်မာနိုင်ငံမှဆက်သွယ်လိုသူများ အတွက်မကြည်ကြည်ခင်(ခ) မခင်မင်းဇော် (DVB)ဖုန်း 09770156706 ကိုဆက်သွယ်ပြီး K Pay နဲ့ အလှူဒါနလုပ်နိုင်ပါတယ်နော် ထိုင်းနဲ့ အခြား နိုင်ငံက ကူညီပေးမယ့်သူများကတော့ဒေါ် အေးအေးမာ (မဲဆောက်) ဖုန်း- (၆၆) ၈၆-၉၃၉-၀၆၈၁ ကိုဆက်သွယ် ပေးပါနော်(Facebook ကနေလည်းဆက်သွယ်လို့ရပါတယ် )ဥရောပက ကူညီပေးမယ့်သူများကတော့ကိုဝင်းနိုင်ဦး (ABSDF/ BBC)ဒေါ် အေးအေးမော် (အင်္ဂလန်) ကိုဆက်သွယ်ပေးပါနော်အမေရိကန်က အကူညီပေးမယ့်သူများကတော့ဒေါ်သန်းသန်းအေး(ခ) ဆရာမကြီးဒေါ်နက် ကိုလှမြင့် (ခ)ကိုချင်းကိုဆက်သွယ်ပေးပါနော်
Credit Aye Aye Mar လူအများ ပိုမိုသိရှိပြီး ပါဝင်လှူဒါန်းနိုင်ဖို့ မူရင်း Post ပိုင်ရှင် မအေးအေးမာ အကောင့် မှ ကူးယူဖော် ပြပါသည်။
Add a Comment
Your email address will not be published. Required fields are marked *
10 + thirteen =