ကိုဗစ် ကပ်ရောဂါ ကာလအတွင်းမှာ လူတွေ အဖြစ်များလာတဲ့ နောက်ထပ်ရောဂါ တခုအကြောင်း

ကိုဗစ် ကပ်ရောဂါ ကာလအတွင်းမှာ လူတွေ အဖြစ်များလာတဲ့ နောက်ထပ်ရောဂါ တခုအကြောင်း

မနက်ခင်း ကျရင် လက်တွေ ခြေတွေ ညောင်း တယ်။ လက်မောင်းတွေ တခါ တခါ ကျဉ်တယ်။ လေဖြတ်မှာ စိုးတယ် ဆရာ။” “လက်မောင်းတွေ ကျဉ်တာနဲ့ ညောင်းတာနဲ့ လေဖြတ်တာမှာကို ကြိုပြတဲ့ လက္ခဏာ မဟုတ်ပါဘူး။ နေပါဦး ညတုန်းက အိပ်လို့ရလား။”

“မနက် ၃ နာရီမှာ နေမကောင်းလို့လား မသိ နိုးလာပြီး ပြန်အိပ် မရဘူး။” “ဒါဖြင့် အရင်ညတွေကော အိပ်ပျော်လို့လား။” တွေခနဲ့ စဉ်းစားပြီး “အိပ်မရတာတွေ ရှိတယ်။”

“အရင်တခေါက် လေပွ ဗိုက်တင်းလို့ လာပြတုန်းက ကျနော် ဘာဆေးတွေ ပေး လိုက်တာလဲ ခင်ဗျား သိလား။ “ဝမ်းပျော့ဆေးရယ် အိပ်ဆေးရယ် နောက်တစ်မျိုးရယ်။” “အိပ်ဆေးမဟုတ်ဘူးဗျ။ သောကပျောက်ဆေး ၂ မျိုးပေးထားတာ။” (Agomelatine နဲ့ Functional Dyspepsia ပါ သက်သာစေ တဲ့လို့ ကျနော်ယူဆတဲ့ venlafaxine)

“ခုလည်း ခင်ဗျား သောကတွေ များပြီး နေမကောင်း ဖြစ်လာပြန်ပြီလို့ ယူဆ တယ်။ ခုဗျား ခုလောလောဆယ် သောက ဖြစ်စရာ ရှိနေလား။” “မရှိဘူး။”

“လူတွေက သောကဖြစ်ရင် ဒေါသဖြစ်ရင် မသိကြဘူး။ ခုန ကပဲ ခင်ဗျားပြောတယ်။ လေဖြတ်မှာ စိုးလို့လို့ ပြောတယ်လေ။ အဲဒါ သောက ဖြစ်တာ။” သူငြိမ်ပြီး နားထောင်တယ်။

“ခင်ဗျား ဖေဖေါ်ဝါရီမှာ ကျောက် လုပ်ငန်းတွေ ရပ်သွားတုန်းက တခါ နေမကောင်း ဖြစ်တယ်။ ဆေး ၂လ စာပေးလိုက်တော့ နေကောင်းလို့ ဆိုပြီး ပြန်မလာပြဘူး။ ခုတော့ အလုပ် မရှိတာ ကြာပြီး အိမ်မှာ အတွေးတွေများပြီး နေမကောင်းဖြစ်လာပြန်တာ။”

“အရင်တစ်ခေါက်ထဲက စီးပွားရေး တစ်ခုခု အပြောင်းအလဲ အထောက် အပံ့ ဖြစ်အောင် လုပ်ထားပါလို့ ကျနော်ပြောခဲ့တယ်။ သင်္ကြန်ပြီးရင် စီးပွားရေးတွေ ပြန်စနိုင်မှာ မဟုတ်ဘူး လို့ ကျနော် ပြောခဲ့တယ်လေ။” သူနားထောင်နေတယ်။

“ငါ အလုပ်မဖြစ်ဘူးလို့ စိတ်ညစ်မနေနဲ့။ ကိုယ့်ပါတ် ဝန်းကျင်ကိုကြည့်။ ကျောက်ဆိုတာက မရှိမဖြစ်မဟုတ်ဘူး။ ဘယ်ကျောက်သမားမှ အလုပ်မဖြစ်ဘူးလေ။ တခြား စီးပွားရေးသမားတွေလည်း ထိုင်နေရတာ များတာပါပဲ။”

“အခုလောလောဆယ် မရှိမဖြစ် အခြေခံ အလုပ်တွေပဲ ဆက် လည်ပါတ်လို့ ရနေတယ်။ ဥပမာ စားသောက်ကုန်၊ ကျန်းမာရေး။ တော်တော်များများသော စည်းစိမ်ခံ ပစည်းတွေ ဝန်ဆောင်မှုတွေကို လူတွေ သုံးနိုင်မှာ မဟုတ်ဘူး။ တကမ လုံးစီးပွားကျနေတာ။ ဖက်ရှင် လုပ်ငန်းတွေ ထိုင်နေရမယ်။ ဘာပွဲလမ်းမှ ရှိမှာ မဟုတ်လို့ လူတွေ လှတပတ ဝတ်သွားစရာ နေရာမရှိ။”

“လုပ်ငန်းတွေ အတော် များများ ရပ်ရတယ်။ မရပ်ရင်လည်း ဝန်ထမ်းတွေ လျော့ရတယ်။ အတိုးနဲ့ လည်ပါတ်နေသူတွေ အထိနာ။ ဘဏ်တွေလည်း အတိုးလျှော့ပေးရတယ်။”

“ခုလို စီးပွား မဖြစ်ချိန်မှာ မသေချာတဲ့ ရှေ့ရေးကို ထိုင်ပူနေမယ့် အစား အစားထိုး စီးပွားရေးး တစ်ခု ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားထားသင့်တယ်။ အဆိုးဆုံး အနေအထားဖြစ်တဲ့ တရုတ်တွေ စီးပွားကျလို့ ကျောက်ဈေးကွက် အလုပ်မဖြစ်တော့မှာကိုလည်း ထည့်တွေးပြင်ဆင် ရမယ်။”

“အခုလို အလုပ် မရှိချိန်မှာ စီးပွားမဖြစ်တေင် ကျန်းမာရေးကောင်းအောင် လုပ်မယ် လို့ တွေးသင့်တယ်။ ခုလို ဝနေတာကြီးကို ပိန်အောင်လုပ်မယ်။ သင့်တင့် အစားအစာ စားတဲ့ အကျင့်လုပ်မယ် ဒါမျိး ဖြစ်သင့်တယ်။ စိတ်လေနေမယ့် အစား မြက်ထရှင်းလိုက်။ မရှင်းခင် မြက်တွေ ပွနေတာကို သေချာကြည့်။ ရှင်းပြီးသွားရင် ငါလုပ် လိုက်တာ ဆိုတဲ့ ပီတိလေး ပေါ်အောင်ကြည့်။

တခုခု အကျိုးရှိအောင် လုပ်နေ။ တချိန်ထဲမှာ ငါ လဲကျနေရာကနေ ဘယ်လို ပြန်ထမယ်ဆိုတာ တွေးပြီး နည်းလမ်းရှာတား။ အောက်ခြေက ပြန်စရတာမျိုးတောင် ထည့်တွေးသင့်တယ်။ ဥပမာ – ဆိုင်ငယ်လေး တစ်ခု စားသောက်ဆိုင်သေးသေးလေး တစ်ခုက ပြန်စရ တာမျိုးတောင် ဖြစ်နိုင်တယ်။ ဆေးတစ်ရက်စာပဲ ပေးလိုက်မယ်။ နက်ဖြန် ပြန်လာပြ။ ခင်ဗျား ကျနော်နဲ့ စကားပြောဖို့ လိုမယ်။”

“ဟုတ်တယ် ဆရာ။ ကျနော်ခွေးတွေ သွားကျွေးတော့မယ်။” တဲ့…တကယ်ပြော ခဲ့တာ ဒီထက်အများကြီးပါ။ ရိုက်လည်း မတင်နိုင်တော့ဘူး။ ဒီအချိန်မှာ ဒီလို လူနာတွေ များနေတာ ကို သိစေ့ချင်တာပါ။

Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *

9 − two =