သူမရဲ႕မိတ္ကပ္ ျပင္ဆင္မႈနဲ႔ ပတ္သက္ၿပီး ေဝဖန္ေနသူေတြကို ပညာသားပါပါ တုံ႔ျပန္လိုက္တဲ့ ေနျခည္ဦး

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း ဗ်ဴးတီးဘေလာ့ဂါေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေနျခည္ဦး ကေတာ့ ဗ်ဴးတီးဘေလာ့ဂါ တစ္ေယာက္အျဖစ္လူသိမ်ားခဲ့ၿပီး ခုဆို႐ုပ္ရွင္ေတြပါ ေခါင္းေဆာင္မင္းသမီးအျဖစ္႐ိုက္ကူးေနၿပီျဖစ္ပါတယ္ ။ အႏုပညာရွင္ေတြရဲ႕ထုံးစံအတိုင္း ခ်ီခ်ီကလည္း ေဝဖန္တိုက္ခိုက္မႈေတြ ကို အျခားအႏုပညာရွင္ေတြနည္းတူ ႀကဳံေတြ႕ေနရပါတယ္ ။

မၾကာေသးမီက သူမကိုေမဦး ျပင္ဆင္ေပးခဲ့တဲ့ မိတ္ကပ္ နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြ ျမင့္တက္ခဲ့ပါတယ္ ။ ခ်ီခ်ီကေတာ့ ကိုယ့္ရွိရင္းစြဲ႐ုပ္ကို လက္မခံႏိုင္ပဲဓါတ္ပုံ႐ိုက္လိုက္ရင္ filter နဲ႔ effect သုံးၿပီး ဖုံေဖြးျဖဴၿဖဲေနေအာင္႐ိုက္တက္တဲ့သူနဲ႔Make up look ေတြအေၾကာင္းဘာ တစ္ခုမွ နားမလည္ပဲ natural ဗူးသီးလို႔ေျပာ အာခ်ီ ေတြေဖြးေနေအာင္လိမ္းၿပီး ဆရာဝင္လုပ္ အာေခ်ာင္ေနတဲ့ သူေတြအတြက္ေတာ့ တာဇံကိုၿမိဳ႕ထဲေခၚလာသလိုျဖစ္ေနမွာေပါ့ေနာ္ ကိုယ္ကေတာ့ကိုယ္ျပင္ကိုယ္လွပဲ ဆိုတဲ့ စာသားနဲ႔အတူ ပညာသားပါပါ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္ ။

သူမရဲ႕ခ်ီလီ ေတြကေတာ့ ခ်ီခ်ီဘက္က ေန အျပည့္ဝေထာက္ခံအားေပးေနၾကၿပီး ေမဦးရဲ႕ ျပင္ဆင္ျခယ္သမႈကိုလည္း ခ်ီးက်ဴး မွတ္ခ်က္ေတြေပးထားၾကတာေတြ႕ရပါတယ္ ။ ခ်ီခ်ီကေတာ့ ထုံးစံအတိုင္း သူမကို ေဝဖန္တိုက္ခိုက္ေနသူေတြကို ဟာသေလးေႏွာၿပီး အခုလို ပညာသားပါပါ ျပန္လည္ တုံ႔ျပန္ခဲ့တာပဲျဖစ္ပါတယ္ ။

Source : Nay Chi Oo
Credit Cele Gabar

unicode

သူမရဲ့မိတ်ကပ် ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်နေသူတွေကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဗျူးတီးဘလော့ဂါတွေထဲက တစ်ယောက်ဖြစ်တဲ့ နေခြည်ဦး ကတော့ ဗျူးတီးဘလော့ဂါ တစ်ယောက်အဖြစ်လူသိများခဲ့ပြီး ခုဆိုရုပ်ရှင်တွေပါ ခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ကူးနေပြီဖြစ်ပါတယ် ။ အနုပညာရှင်တွေရဲ့ထုံးစံအတိုင်း ချီချီကလည်း ဝေဖန်တိုက်ခိုက်မှုတွေ ကို အခြားအနုပညာရှင်တွေနည်းတူ ကြုံတွေ့နေရပါတယ် ။

မကြာသေးမီက သူမကိုမေဦး ပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ် နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ် ။ ချီချီကတော့ ကိုယ့်ရှိရင်းစွဲရုပ်ကို လက်မခံနိုင်ပဲဓါတ်ပုံရိုက်လိုက်ရင် filter နဲ့ effect သုံးပြီး ဖုံဖွေးဖြူဖြဲနေအောင်ရိုက်တက်တဲ့သူနဲ့Make up look တွေအကြောင်းဘာ တစ်ခုမှ နားမလည်ပဲ natural ဗူးသီးလို့ပြော အာချီ တွေဖွေးနေအောင်လိမ်းပြီး ဆရာဝင်လုပ် အာချောင်နေတဲ့ သူတွေအတွက်တော့ တာဇံကိုမြို့ထဲခေါ်လာသလိုဖြစ်နေမှာပေါ့နော် ကိုယ်ကတော့ကိုယ်ပြင်ကိုယ်လှပဲ ဆိုတဲ့ စာသားနဲ့အတူ ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။

သူမရဲ့ချီလီ တွေကတော့ ချီချီဘက်က နေ အပြည့်ဝထောက်ခံအားပေးနေကြပြီး မေဦးရဲ့ ပြင်ဆင်ခြယ်သမှုကိုလည်း ချီးကျူး မှတ်ချက်တွေပေးထားကြတာတွေ့ရပါတယ် ။ ချီချီကတော့ ထုံးစံအတိုင်း သူမကို ဝေဖန်တိုက်ခိုက်နေသူတွေကို ဟာသလေးနှောပြီး အခုလို ပညာသားပါပါ ပြန်လည် တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ် ။

Source : Nay Chi Oo
Credit Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

15 + eleven =