ချစ်ရမှာကြောက်လို့ အပျိုကြီး လုပ်သင့် မလုပ်သင့် ပရိသတ်ကို အကြံတောင်းလိုက်တဲ့ “မေပန်းချီ”

Posted on

သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်း တတ်တဲ့ မေပန်းချီတစ်ယောက် ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် မေပန်းချီကတော့ ခန္ဓာကိုယ် ဖွံဖွံထွားထွားလေး နဲ့ ချစ်စရာအရမ်း ကောင်းတာ ကြောင့် အကိတ်လေး လို့ ပရိသတ်တွေကြား ရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကမှာ ရပ်တည်နေတာအချိန် အတော်ကြာခဲ့ပြီးဖြစ်ပြီး သူမကို အား ပေးချစ်ခင်တဲ့ပရိသတ်တွေက လည်း အများအပြား ပါပဲ။

တစ်တုတ်လေးကတော့ သူမ ရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်တွေနဲ့ ခံစားချက်တွေ ကို လူမှုကွန်ရက် စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေကို အမြဲလိုလို မျှဝေပေးနေတဲ့အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ အချစ် နဲ့ ပတ်သတ်ပြီးလေ့လာရဦးမယ် ချစ်ရမှာ ကြောက်လို့ အပျိုကြီးလုပ်သင့် မလုပ်သင့် အကြံပေးပါ ဆိုတဲ့စာသားလေး နဲ့အတူ မြန်မာဆန်ဆန် ပုံရိပ်လေးအချို့ကိုပရိသတ်တွေကိုမျှဝေ ပေးလာခဲ့ပါတယ် ။

သူမကိုအကြံပေးကြတဲ့ ပရိသတ်တွေထဲ မှာ အပျိုကြီး လုပ်သင့်တယ်လို့ ပြောတဲ့ ပရိသတ်တွေက မဲသာနေတယ်လို့လည်း သူမကရေးသားထားပါသေးတယ် ။ မေပန်းချီကိုချစ်တဲ့ Cele Gabar ပရိသတ်ကြီးရော တစ်တုတ်လေးကို အပျိုကြီးဖြစ်စေချင်ကြလား မှတ်ချက်ပေးခဲ့ပါဦးနော် ..။

Source : May panche

zawgyi




Source : May panche