




unicode

ဘာဘီရုပ်လေး လို ထင်မှတ် ရလောက်အောင် ဒီဇိုင်းဆန်းသစ်တဲ့ ဖက်ရှင် ဝတ်စုံလေးနဲ့ ချစ်စရာ ကောင်းနေတဲ့ စိုးပြည့်သဇင်

ပရိသတ်ကြီးရေ မင်းသမီး စိုးပြည့်သဇင် ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေ နဲ့အတူ အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင် က သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း တေးသီချင်းကောင်းတွေကို အသံချိုချိုလေးတွေနဲ့ သီဆိုတတ်တာ ကိုလည်းတွေ့ရပါတယ်။ စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်းအမြဲ ကူညီတတ်တဲ့ စိတ်ထားလေးကြောင့် လူများရဲ့ ချစ်ခင်ခြင်းကို အပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာ အလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး ကာလလေး မှာ ရပ်နာထားပြီး မိသားစုနဲ့အတူ အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် က အိမ်မှာနေတဲ့ အချိန်လေးမှာလည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ ရှိပါတယ်။ ယခုမှာ ဆိုရင်တော့ ပရိသတ်တွေချစ်အားပိုလောက်မယ့် အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာ ခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ စိုးပြည့်သဇင်က ဒီဇိုင်းဆန်းသစ်တဲ့ ဂါဝန်ဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး ဆွဲဆောင်မှု ရှိတဲ့ အမူအရာလေးတွေ နဲ့ ပရိသတ်တွေ ချစ်အားပိုအောင်ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘာဘီအရုပ်လေးတစ်ရုပ်လို ထင်မှတ်ရလောက်အောင်လည်း ချစ်စရာကောင်းလောက် ပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ လွတ်လပ်ပေါ့ပါး အလန်းစား ဖက်ရှင်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ စိုးပြည့်သဇင် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Source- Soe Pyae Thazin fb Account

Add a Comment

Your email address will not be published. Required fields are marked *

four × three =