လူများ ၌ ကနဦး စတင်စမ်းသပ်သည့် တရုတ်ထုတ် ကာကွယ်ဆေး ထိရောက်အောင်မြင် ဟုဆို

လူများ ၌ ကနဦး စတင်စမ်းသပ်သည့် တရုတ်ထုတ် ကာကွယ်ဆေး ထိရောက်အောင်မြင် ဟုဆို

တရုတ်နိုင်ငံတွင် စမ်းသပ်တီထွင် ထားတဲ့ ကာကွယ်ဆေးဟာ အန္တရာယ် ကင်းပြီး လူများကို ကိုရိုနာဗိုင်းရပ်စ်အသစ်ကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ လေ့လာသူများက ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေး တစ်ခါ ထိုးထားသူများသည် နှစ်ပတ် အတွင်းတွင် T ဆဲလ်ဟုခေါ်သော ကိုယ်ခံအား ဆဲလ်အချို့ကို ထုတ်လွှတ်ပြီး ကာကွယ်ဆေးထိုးပြီးနောက် ၂၈ ရက်အကြာတွင် ကိုယ်ခံစွမ်းအား အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဘော်စတွန်ရှိ Beth Israel Deaconess Medical Center မှ ကာကွယ်ဆေးသုတေသနဒါရိုက်တာ ဒေါက်တာ ဒန်နီယယ်ဘရော့ခ်ခ်ျက ဒီတွေ့ရှိချက်ဟာ အလားအလာရှိတဲ့ တွေ့ရှိချက်တခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ယခု ကာကွယ်ဆေး စမ်းသပ်မှု အတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး အန္တရာယ်ကင်းကြောင်းနှင့် ထိရောက်မှုကို သက်သေပြရန် လူထောင်ပေါင်းများစွာ စမ်းသပ်မှုများ လိုအပ်လိမ့်မည်ကြောင်းလည်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အသစ်အတွက် ကာကွယ်ဆေး သည် နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာရန်နှင့် ပုံမှန် လူနေထိုင်မှု ဘဝများဆီ ရောက်ရှိရန် အကောင်းဆုံး နည်းလမ်းတခုအဖြစ် လတ်တလောတွင် သတ်မှတ်ထားကြပါတယ်။

တနင်္လာနေ့က စမ်းသပ်မှုတွင် လူရှစ်ယောက် ၏ ရလဒ်ပေါ် မူတည်၍ ၎င်း၏ ကာကွယ်ဆေးသည် လုံခြုံပြီး ထိရောက်မှုရှိသည်ဟု ကြေငြာခဲ့သလို ဘရော့ခ်ျ နှင့် လုပ်ဖော်ကိုင်ဖက်များကလည်း စမ်းသပ်ဆဲ ကာကွယ်ဆေးအား မျောက်များနှင့် စမ်းသပ်လေ့လာမှုတစ်ခုကို
ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ဆေး ကို လူဖြင့် စမ်းသပ်မှု စတင်နိုင်ခဲ့ပြီဟု ထုတ်လုပ်သူ Sinovac Biotech က သောကြာနေ့မှာ ပြောကြား လိုက်ပါတယ်။

ဒီကာကွယ်ဆေးကို Ad5 ဟု ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးနှင့် ပြုလုပ်ထားပြီး မျိုးရိုးဗီဇ ဆိုင်ရာညွှန်ကြားချက်များကို လူ့ဆဲလ် အတွင်းသို့ သယ်ဆောင်ရန် ပြုပြင်ထားကာ ယင်းဆဲလ် များသည် ကိုယ်ခံစွမ်းအားစနစ်က ပရိုတိန်းကို အသိအမှတ်ပြုပြီး ဗိုင်းရပ်စ်ကို ခြေကုပ်မရရှိစေရန် တားဆီး မည်ဖြစ်ပါတယ်။

“ဒီလူတွေ ထဲမှာ ခုခံအားစနစ်ကို ကာကွယ်ဆေးရဲ့ အာနိသင်က အားဖြည့်ပေးပြီး တုန့်ပြန်သွားမှာပါ” ဟု ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှုကို ဦးဆောင်နေသူ မေရီလန် တက္ကသိုလ်မှ ကာကွယ်ဆေး ပညာရှင် ဒေါက်တာ ခရစ္စတန်လိုက်ခ် ကပြောကြားခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

one − one =