မိုးဦး ကျတော့မှာမို့ သတိထား ကြပါခင်ဗျာ

မိုးဦး ကျတော့မှာမို့ သတိထား ကြပါခင်ဗျာ

လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ ကျနော် တို့ စောင့်ရှောက်ပေးနေ တဲ့ ခြံတစ်ခြံက လုပ်သား တစ်ယောက်ရဲ့ အမျိုးသမီး မြွေအကိုက်ခံလိုက်ရလို့ ဆေးရုံပို့လိုက်ရတဲ့ အဖြစ်လေး ဖြစ်ခဲ့ပါတယ်။

ညဖက် အုပ်ချူပ်မှုရုံးက အပြန် ခြံတွင်းလမ်းမက မပြန်ပဲ ဖြတ်လမ်း တောလမ်းကလေး ကနေ ပြန်ရာက မီးမလုံလောက်တော့ မမြင်မစမ်းသွားရာက မြွေပွေး တက်နင်းမိပြီး အကိုက်ခံရတာပါပဲ။ (လည်ရှည် ဖိနပ်တွေ ထုတ်ပေးထားပေမယ့် မစီးဖြစ်ကြပဲ ထွက်လာကြတာ)

ရှေးဦးသူနာပြုနည်းနဲ့ ပြုစု၊ အမြန်ဆေးရုံ ပို့လိုက်နိုင်တော့ ဘာအန္တရာယ် မှ မရှိပဲ အခုတော့ ပြန်လည် ကျန်းမာနေပါပြီ။ဒီလို အချိန်ရာသီ မိုးလေး တစ်ပေါက် နှစ်ပေါက်ကျချိန် မြေတွင်း အပူငွေ့တွေကြောင့် တွင်းအောင်း သတ္တဝါတွေ ထွက်လေ့ရှိတတ်တာ သတိထားကြ ရပါတယ်။

အခု ထိုင်းက ဗီဒီယိုလေး လိုပါပဲ၊ ကြက်၊ဘဲ ခွေးတွေရဲ့ မူမမှန်တဲ့ အသံတွေကိုလည်း သတိထားကြ ရပါတယ်။

အခုခေတ်ကတော့ ကျေးလက်နေ လူတွေမှာလည်း ကား ဆိုင်ကယ်တွေလည်းပေါ၊ လမ်းတွေလည်း ကောင်းလာတဲ့ အပြင် ဆေးရုံတိုင်း မှာလည်း မြွေအန္တရာယ် ကာကွယ်ဆေးတွေ အလုံအလောက် ထားရှိပေးထားတာမို့ ဟိုးအရင်ခေတ်တွေလိုတော့ အန္တရာယ် ကြီးလှတယ် မဟုတ်တော့ပါဘူး။

ဘာဖြစ်ဖြစ် မိုးဦးကျတော့မှာမို့ သတိထားကြ ပါခင်ဗျာ။

SSS Forest Agri Services Ltd.

Add a Comment

Your email address will not be published. Required fields are marked *

four × 5 =