အိမ္ေထာက္ဘက္ ေ႐ႊးခ်ယ္မႈမွားယြင္းခဲ့လို႔ အျဖစ္ဆိုးနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ မိန္းကေလး တစ္ေယာက္ရဲ႕အျဖစ္

၄ ရက္တာေပ်ာက္ဆုံးေနသည့္ သမီး၏႐ုပ္အေလာင္းအား သရက္ၿခံထဲတြင္ ေတြ႕ရွိရၿပီး လူသတ္တရားခံသည္ သားမက္ျဖစ္ေနေၾကာင္းရဲတပ္ဖြဲ႕မွစုံးစမ္းသိရရွိရသျဖင့္ ဖမ္းဝရမ္းထုတ္ ထိုင္းႏိုင္ငံ အန္းေထာင္းခ႐ိုင္ စဝဲန္ဟာၿမိဳ႕နယ္ ရပ္ကြက္ ၉ အနီး ဒြန္ကရန္း – စဝဲန္ဟာလမ္းမႀကီးေဘးမွ မီတာ ၁၀၀ အကြာရွိ သရက္ၿခံႀကီးထဲမွ ေခ်ာင္း႐ိုးျပတ္ထဲတြင္ ပလတ္စတစ္အိပ္အမဲျဖင့္ထုတ္ပိုးကာပစ္ခ်ထားတဲ့အမ်ိဳးသမီးတစ္ဦး၏႐ုပ္အေလာင္းအား ဩဂုတ္လ ၂၀ ရက္ေန႔မနက္ ၁၀: ၃၀ အခ်ိန္က ၿခံလုပ္သားမ်ားမွေတြ႕ရွိေၾကာင္း ရဲတပ္ဖြဲ႕သို႔သတင္းပို႔ခဲ့ၾကသျဖင့္သြားေရာက္စစ္ေဆးရာ ေသဆုံးသူမိန္းမပ်ိဳသည္ ေပ်ာက္ဆုံးေနေသာ အသက္ ၂၅ ႏွစ္အ႐ြယ္ နန္းဝနိဒါ ဘြန္နက္ ( ခ ) Joy ျဖစ္ေနေၾကာင္းအတည္ျပဳခဲ့ ။

ေသဆုံးသူသည္ ဩဂုတ္လ ၁၆ ရက္ေန႔ ကတည္းကေနအိမ္မွ႐ုတ္တရက္ေပ်ာက္ဆုံးသြားသျဖင့္ အသက္ ၄၇ ႏွစ္အ႐ြယ္ မိခင္ျဖစ္သူ နန္းဘြန္းခ်ဴး ဘြန္နက္မွ ရဲစခန္းတြင္လူေပ်ာက္တိုင္ခ်က္ဖြင့္ခဲ့ၿပီး ေနရာအႏွံ႔ရွာေဖြခဲ့ၾကေသာ္လည္းရွာေဖြေတြ႕ရွိခဲ့ျခင္းမရွိခဲ့ပါ ၊ အဆိုပါသရက္ၿခံအနီးတြင္လည္းရွာေဖြခဲ့ၾကသည္ဟုဆိုပါသည္ ။ သမီးျဖစ္သူသည္ ခင္ပြန္းျဖစ္သူ ႏိုင္ ေမ့ခ္ စူခမ္း ( ခ ) တမ့္ ႏွင့္ အယုဒၵယၿမိဳ႕နယ္ ဘန႔္ဖရမ္ရပ္ကြက္ ၊ ရပ္ကြက္ ၉ ရွိအိမ္အမွတ္ ၁၀၆ တြင္ အတူတကြငွားရမ္းေနထိုင္ၿပီး စက္႐ုံတစ္ခုတြင္အလုပ္လုပ္ကိုင္ၾကသည္ဟုဆိုပါသည္ ။

CCTV မွတ္တမ္းမ်ားအရ ဩဂုတ္လ ၁၇ ရက္ေန႔ မနက္ပိုင္းကေသဆုံးသူႏွင့္ ခင္ပြန္းျဖစ္သူတို႔ ဆိုင္ကယ္အတူတူစီးသြားခဲ့သည္ကိုစစ္ေဆးေတြ႕ရွိရသျဖင့္ ရဲတပ္ဖြဲ႕မွ ခင္ပြန္းျဖစ္သူအားသကၤာမကင္းျဖစ္ခဲ့ရာမွ ၎၏သူငယ္ခ်င္းမ်ားအားေခၚယူစစ္ေဆးရာ အိုက္တမ့္သည္ သူ၏မိန္းမႏွင့္စကားမ်ားရာမွလည္ပင္းညႇစ္မိၿပီး မေတာ္တဆေသဆုံးသြားခဲ့တယ္လို႔သူငယ္ခ်င္းမ်ားကိုေျပာဆိုခဲ့ၿပီး စူဖန္ဘူရီၿမိဳ႕ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္သြားတယ္လို႔သိရွိရတဲ့အတြက္ ရဲတပ္ဖြဲ႕မွ လူသတ္အေလာင္းေဖ်ာက္မႈျဖင့္ ခင္ပြန္းျဖစ္သူ အိုက္တမ့္ ( ၃၂ ) ႏွစ္အားဖမ္းဆီးရမိႏိုင္ေရးအတြက္ ဖမ္းဝရမ္းထုတ္ခဲ့ ။

မိခင္ျဖစ္သူကေတာ့ သားမက္ျဖစ္သူမွသူ၏သမီးႏွင့္မၾကာခဏသဝန္တိုအူတိုမႈေၾကာင့္ ကြာရွင္းထားစဥ္ ယခုလိုေသဆုံးသြားတာျဖစ္ႏိုင္ေၾကာင္း ရဲစခန္းတြင္ရင္ဖြင့္ေျပာဆိုခဲ့ပါသည္ ။ ရဲတပ္ဖြဲ႕ကေတာ့ အျဖစ္မွန္ေပၚေပါက္ရန္ႏွင့္တရားခံ အားဖမ္းဆီးရမိႏိုင္ေရးအတြက္ ျပည္သူႏွင့္အတူပူးေပါင္းကာအျမန္ဆုံးႀကိဳးစားေဆာင္႐ြက္သြားမယ္လို႔သိရွိရပါသည္ ။

SiThuMaung

unicode

အိမ်ထောက်ဘက် ရွှေးချယ်မှုမှားယွင်းခဲ့လို့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ရဲ့အဖြစ်

၄ ရက်တာပျောက်ဆုံးနေသည့် သမီး၏ရုပ်အလောင်းအား သရက်ခြံထဲတွင် တွေ့ရှိရပြီး လူသတ်တရားခံသည် သားမက်ဖြစ်နေကြောင်းရဲတပ်ဖွဲ့မှစုံးစမ်းသိရရှိရသဖြင့် ဖမ်းဝရမ်းထုတ် ထိုင်းနိုင်ငံ အန်းထောင်းခရိုင် စဝဲန်ဟာမြို့နယ် ရပ်ကွက် ၉ အနီး ဒွန်ကရန်း – စဝဲန်ဟာလမ်းမကြီးဘေးမှ မီတာ ၁၀၀ အကွာရှိ သရက်ခြံကြီးထဲမှ ချောင်းရိုးပြတ်ထဲတွင် ပလတ်စတစ်အိပ်အမဲဖြင့်ထုတ်ပိုးကာပစ်ချထားတဲ့အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအား ဩဂုတ်လ ၂၀ ရက်နေ့မနက် ၁၀: ၃၀ အချိန်က ခြံလုပ်သားများမှတွေ့ရှိကြောင်း ရဲတပ်ဖွဲ့သို့သတင်းပို့ခဲ့ကြသဖြင့်သွားရောက်စစ်ဆေးရာ သေဆုံးသူမိန်းမပျိုသည် ပျောက်ဆုံးနေသော အသက် ၂၅ နှစ်အရွယ် နန်းဝနိဒါ ဘွန်နက် ( ခ ) Joy ဖြစ်နေကြောင်းအတည်ပြုခဲ့ ။

သေဆုံးသူသည် ဩဂုတ်လ ၁၆ ရက်နေ့ ကတည်းကနေအိမ်မှရုတ်တရက်ပျောက်ဆုံးသွားသဖြင့် အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူ နန်းဘွန်းချူး ဘွန်နက်မှ ရဲစခန်းတွင်လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး နေရာအနှံ့ရှာဖွေခဲ့ကြသော်လည်းရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ပါ ၊ အဆိုပါသရက်ခြံအနီးတွင်လည်းရှာဖွေခဲ့ကြသည်ဟုဆိုပါသည် ။ သမီးဖြစ်သူသည် ခင်ပွန်းဖြစ်သူ နိုင် မေ့ခ် စူခမ်း ( ခ ) တမ့် နှင့် အယုဒ္ဒယမြို့နယ် ဘန့်ဖရမ်ရပ်ကွက် ၊ ရပ်ကွက် ၉ ရှိအိမ်အမှတ် ၁၀၆ တွင် အတူတကွငှားရမ်းနေထိုင်ပြီး စက်ရုံတစ်ခုတွင်အလုပ်လုပ်ကိုင်ကြသည်ဟုဆိုပါသည် ။

CCTV မှတ်တမ်းများအရ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းကသေဆုံးသူနှင့် ခင်ပွန်းဖြစ်သူတို့ ဆိုင်ကယ်အတူတူစီးသွားခဲ့သည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့မှ ခင်ပွန်းဖြစ်သူအားသင်္ကာမကင်းဖြစ်ခဲ့ရာမှ ၎င်း၏သူငယ်ချင်းများအားခေါ်ယူစစ်ဆေးရာ အိုက်တမ့်သည် သူ၏မိန်းမနှင့်စကားများရာမှလည်ပင်းညှစ်မိပြီး မတော်တဆသေဆုံးသွားခဲ့တယ်လို့သူငယ်ချင်းများကိုပြောဆိုခဲ့ပြီး စူဖန်ဘူရီမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်သွားတယ်လို့သိရှိရတဲ့အတွက် ရဲတပ်ဖွဲ့မှ လူသတ်အလောင်းဖျောက်မှုဖြင့် ခင်ပွန်းဖြစ်သူ အိုက်တမ့် ( ၃၂ ) နှစ်အားဖမ်းဆီးရမိနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ခဲ့ ။

မိခင်ဖြစ်သူကတော့ သားမက်ဖြစ်သူမှသူ၏သမီးနှင့်မကြာခဏသဝန်တိုအူတိုမှုကြောင့် ကွာရှင်းထားစဉ် ယခုလိုသေဆုံးသွားတာဖြစ်နိုင်ကြောင်း ရဲစခန်းတွင်ရင်ဖွင့်ပြောဆိုခဲ့ပါသည် ။ ရဲတပ်ဖွဲ့ကတော့ အဖြစ်မှန်ပေါ်ပေါက်ရန်နှင့်တရားခံ အားဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူနှင့်အတူပူးပေါင်းကာအမြန်ဆုံးကြိုးစားဆောင်ရွက်သွားမယ်လို့သိရှိရပါသည် ။

SiThuMaung

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =