




unicode

ကိုဗစ် ထိန်းချုပ်နိုင်ရေး လူအင်အား၊ ငွေအင်အား အများအပြား သုံးနေရတယ် လို့ အတိုင်ပင်ခံပြော

ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင် ဖို့အတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့အကောင့်မှာ ရေးသားလိုက်ပါတယ်။

ရခိုင်မှာ ပြည်တွင်း ကိုဗစ်လူနာတွေ ပြန်တွေ့လာတာကြောင့် စစ်တွေမှာ Stay Home နေဖို့ထုတ်ပြန်ချက်တွေနဲ့ တခြားရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ထုတ်ပြန်ထားရတယ် လို့လည်း အတိုင်ပင်ခံကရေးသားထားပါတယ်။

ကိုဗစ်ပိုးရှိမရှိစစ်ဆေးဖို့အတွက် လူတစ်ယောက် ကို(၂)သိန်းဝန်းကျင်ကုန်ကျတယ် လို့လည်း အစိုးရကပြော ဆိုထားပါတယ်။ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေအပြင် မြောက်ဦး မှာပါ ပြည်တွင်းကိုဗစ် လူနာတွေကိုစစ်ဆေးတွေ့ ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း(၁၉)ယောက် ထိရှိနေတာပါ။

#Omedia #Covid19 #Rakhine #DASSK

Add a Comment

Your email address will not be published. Required fields are marked *

twelve − nine =