



Source: Nay Chi Oo’s fb

unicode

ဝါသနာပါတဲ့ အလုပ်တွေ ကို နေ့တိုင်း ထိတွေ့နေရတာမို့ ပင်ပန်းပေမယ့် ဘဝမှာ အမြဲတမ်း ပျော်ရွှင်နေရတယ် ဆိုတဲ့ နေခြည်ဦး ..

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတရားတွေကို အပြည့် အဝရရှိ ထားတဲ့ Beauty Blogger မလေး နေခြည် ဦးကတော့ သူမရဲ့ကြိုးစာ းမှုကြောင့် ပရိသတ်ပေးတဲ့ နေရာတစ်ခု အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးတစ်ဦးနေရာကနေ ပါဝင်နေရပြီဖြစ်တဲ့ နေခြည်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုလှလာတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ကတော့ စိတ်ဓာတ်တွေကျပြီး ပရိသတ်တွေရှေ့ကပါ ပျောက်ကွယ်သွားခဲ့တဲ့ နေခြည်ဦးက လက်ရှိမှာတော့ သူမရဲ့ စိတ်ရောလူကိုပါ ပြင်ဆင်ပြီး ပရိသတ်တွေရှေ့မှောက် ပြန်လည်ရောက်ရှိလို့လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေခြည်ဦးက “ကိုယ့်ဘဝကိုယ့်စိတ်ကြိုက် ရှင်သန်နေထိုင်နေတဲ့ သူတွေဟာ အပျော်ဆုံး လူသားတွေလို့ နေခြည်ထင်တယ်။နေခြည်ကတော့ ကိုယ်ဝါသနာပါတဲ့ Beauty Blogger အလုပ်၊ အနုပညာ အလုပ်တွေနဲ့ နေ့တိုင်း ထိတွေ့နေရတာမို့ ပင်ပန်းပေမယ့် အမြဲတမ်း ပျော်နေတာပဲ။ အခု ဒီစာကို ဖတ်နေတဲ့ chilliesေ ကာ ကိုယ့်ဘဝ ကိုယ့် စိတ်ကြိုက် ဖြစ်နေပြီလား? မဖြစ်သေးရင် နေခြည်နဲ့တူတူ ဖြစ်အောင်လုပ်ကြမယ်။ ကိုယ့်ဘဝကိုယ့်စိတ်ကြိုက် လိုချင်တာတွေဝယ်မယ်.. လုပ်ချင်တာတွေ လုပ်မယ်.. လှလှလေးနေမယ်။” ဆိုပြီး သူမရဲ့ ဘဝကို စိတ်တိုင်းကျရတဲ့အကြောင်း ပြောလာပါတယ်။

နေခြည်ဦးကတော့ (၃)နှစ်ကျော် (၄) နှစ်အတွင်းမှာပဲ အောင်မြ င်မှုတွေ အကြီးအကျယ် နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ေ အာင်မြင်မှုတွေရရှိ ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးလိုမျိုး ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက် ဖြစ်နေပြီလား ပြောပြခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Nay Chi Oo’s fb

Add a Comment

Your email address will not be published. Required fields are marked *

3 + fifteen =