ဂ်ပန္ႏိုင္ငံပိုင္ ကြၽန္းေတြေပၚ ကေန တ႐ုတ္ကို ဒုံးက်ည္ေတြနဲ႔ အပီ ေဆာ္ဖို႔ ႀကံထားတဲ့ အေမရိကန္ ရဲ႕ အစီအစဥ္ (ဒီအတိုင္းဆို တ႐ုတ္ရဲ႕ ဒုံးခြင္းဒုံး စနစ္လည္း ကေလး ကစားစရာေလာက္ပဲရွိေတာ့တယ္ )

ၿပီးခဲ့တဲ့ရက္ပိုင္းက… အေမရိကန္ဟာ သူတို႔ရဲ႕ တရားဝင္ သတင္းဌာန ကေန သတင္းတစ္ခု ထုတ္ျပန္လိုက္တယ္။လိုရင္းကိုေျပာရရင္… လက္ရွိ အေမရိကန္ရဲ႕ ဒုံးစခန္းေတြရွိေနတဲ့ ဂူအမ္ကြၽန္းဟာ…. တ႐ုတ္ႏိုင္ငံနဲ႔ဆိုရင္ ကီလိုမီတာအားျဖင့္… ၂ေထာင္ နီးပါးေလာက္ ေဝးတယ္လို႔ သိရတယ္။ … ဒီေတာ့… ဂူအမ္ကြၽန္းကေန ပစ္ဖို႔ ဆိုတာက မျဖစ္ႏိုင္ဘူး။ လက္ရွိပိုင္ဆိုင္ထားတဲ့ ဒုံးေတြဟာ … ကီလိုမီတာ ၁ ေထာင္ပဲ ေရာက္ႏိုင္တယ္။ … ဒီ ကိစၥကို ေျဖရွင္းႏိုင္ဖို႔ အတြက္ အေမရိကန္ဟာ… သူ႔တို႔ရဲ႕ဒုံးစနစ္ေတြကို အာရွမွာျဖန႔္က်က္ဖို႔ စီစဥ္လိုက္တယ္။တကယ္လည္း.. ဂ်ပန္ပိုင္ ကြၽန္းေတြေပၚကေနဆိုရင္ တ႐ုတ္ကို ေကာင္းေကာင္းပစ္လို႔ရတယ္ေလ။

ၿပီးေတာ့.. #ဘီးလ္လင္းစေလ ရဲ႕ေျပာၾကားခ်က္ထဲမွာက…. အသံ ထက္ျမန္တဲ့ Hypersonic လက္နက္ေတြကို တီထြင္ ထုတ္လုပ္ထားၿပီး…အဲ့ဒီ ဟိုက္ပါဆို႔နစ္ဒုံးေတြဟာ အသံထက္ ၅ဆ ပို ျမန္သလို.. သမ႐ိုးက် ဖ်က္ဒုံးေတြ ကာကြယ္ေရးစနစ္ေတြကိုလည္း ဒုကၡ ေပးႏိုင္တဲ့အတြက္ေၾကာင့္ တ႐ုတ္ကို တိုက္ခိုက္ရာမွာ အရမ္း ထိေရာက္မယ္လို႔.. ေျပာခဲ့တာပါ။ ..

ဒီေတာ့…. ဘီလ္လင္းစေလ ေျပာတဲ့ အသံထက္ ၅ ဆ ျမန္တဲ့ ဒုံးေတြရဲ႕ အစြမ္းကိုေတာ့ က်ဳပ္တို႔ မသိရေသးေပမဲ့… ခုေတာ့…. အရင္ထက္ ဆယ္ဆ ပိုျမန္တဲ့ … တ႐ုတ္ထုတ္ လက္နက္ႀကီးရဲ႕အစြမ္းကိုေတာ့… က်ဳပ္တို႔ႏိုင္ငံ လက္ေတြ႕ ႀကဳံေနရၿပီ လို႔….. ေအာ္…. တိုက္ဆိုင္တာ ျဖစ္မွာပါေလ။

🤣🤣🤣 🚀သံပါးစပ္ 22.8.2020

unicode

ဂျပန်နိုင်ငံပိုင် ကျွန်းတွေပေါ် ကနေ တရုတ်ကို ဒုံးကျည်တွေနဲ့ အပီ ဆော်ဖို့ ကြံထားတဲ့ အမေရိကန် ရဲ့ အစီအစဉ် (ဒီအတိုင်းဆို တရုတ်ရဲ့ ဒုံးခွင်းဒုံး စနစ်လည်း ကလေး ကစားစရာလောက်ပဲရှိတော့တယ် )

ပြီးခဲ့တဲ့ရက်ပိုင်းက… အမေရိကန်ဟာ သူတို့ရဲ့ တရားဝင် သတင်းဌာန ကနေ သတင်းတစ်ခု ထုတ်ပြန်လိုက်တယ်။လိုရင်းကိုပြောရရင်… လက်ရှိ အမေရိကန်ရဲ့ ဒုံးစခန်းတွေရှိနေတဲ့ ဂူအမ်ကျွန်းဟာ…. တရုတ်နိုင်ငံနဲ့ဆိုရင် ကီလိုမီတာအားဖြင့်… ၂ထောင် နီးပါးလောက် ဝေးတယ်လို့ သိရတယ်။ … ဒီတော့… ဂူအမ်ကျွန်းကနေ ပစ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး။ လက်ရှိပိုင်ဆိုင်ထားတဲ့ ဒုံးတွေဟာ … ကီလိုမီတာ ၁ ထောင်ပဲ ရောက်နိုင်တယ်။ … ဒီ ကိစ္စကို ဖြေရှင်းနိုင်ဖို့ အတွက် အမေရိကန်ဟာ… သူ့တို့ရဲ့ဒုံးစနစ်တွေကို အာရှမှာဖြန့်ကျက်ဖို့ စီစဉ်လိုက်တယ်။တကယ်လည်း.. ဂျပန်ပိုင် ကျွန်းတွေပေါ်ကနေဆိုရင် တရုတ်ကို ကောင်းကောင်းပစ်လို့ရတယ်လေ။

ပြီးတော့.. #ဘီးလ်လင်းစလေ ရဲ့ပြောကြားချက်ထဲမှာက…. အသံ ထက်မြန်တဲ့ Hypersonic လက်နက်တွေကို တီထွင် ထုတ်လုပ်ထားပြီး…အဲ့ဒီ ဟိုက်ပါဆို့နစ်ဒုံးတွေဟာ အသံထက် ၅ဆ ပို မြန်သလို.. သမရိုးကျ ဖျက်ဒုံးတွေ ကာကွယ်ရေးစနစ်တွေကိုလည်း ဒုက္ခ ပေးနိုင်တဲ့အတွက်ကြောင့် တရုတ်ကို တိုက်ခိုက်ရာမှာ အရမ်း ထိရောက်မယ်လို့.. ပြောခဲ့တာပါ။ ..

ဒီတော့…. ဘီလ်လင်းစလေ ပြောတဲ့ အသံထက် ၅ ဆ မြန်တဲ့ ဒုံးတွေရဲ့ အစွမ်းကိုတော့ ကျုပ်တို့ မသိရသေးပေမဲ့… ခုတော့…. အရင်ထက် ဆယ်ဆ ပိုမြန်တဲ့ … တရုတ်ထုတ် လက်နက်ကြီးရဲ့အစွမ်းကိုတော့… ကျုပ်တို့နိုင်ငံ လက်တွေ့ ကြုံနေရပြီ လို့….. အော်…. တိုက်ဆိုင်တာ ဖြစ်မှာပါလေ။

🤣🤣🤣 🚀သံပါးစပ် 22.8.2020

Add a Comment

Your email address will not be published. Required fields are marked *

9 − nine =