




unicode

“မိမိဆ န္ဒအလျောက်” ယာယီ တာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ….

မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း မှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့သည့် –“မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် –ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ရောဂါဗေဒအထူးကု ဆရာဝန်ကြီး (၁) ဦး၊လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊

လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊လက်ထောက်ဆရာဝန် (၁၃) ဦး၊သူနာပြုဆရာအုပ်ကြီး (၁) ဦး၊အထက်တန်းသူနာပြု (၁) ဦးနှင့် သူနာပြု (၁) ဦး တို့ကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်း ဇော်လှိုင်၊

ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါနှိမ်နင်းရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ပါသည်။အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ပါသည်။

Ministry of Health and Sports, Myanmar

Add a Comment

Your email address will not be published. Required fields are marked *

20 + seventeen =