လႈိင္သာယာ စက္မႉ႔ဇုန္မွ တ႐ုတ္နည္းပညာရွင္ တစ္ဦး အသတ္ခံေန ရတဲ့ CCTV ထြက္ေပၚ (ရုပ္သံ)

“ေ႐ႊလင္ဗန္း စက္မႈဇုန္မွ တ႐ုတ္နည္းပညာရွင္ တစ္ဦး အသတ္ခံရ”CCTV ထြက္ေပၚ

ေမလ(၁၁)ရက္ ညေန(၃:၃၀)တြင္ လႈိင္သာယာၿမိဳ႕နယ္၊ အလယ္ေက်း႐ြာ၊ ေ႐ႊလင္ဗန္း စက္မႈဇုန္၊ ဦးထြန္းညိဳလမ္းမေဘး ရပ္ထားေသာ ကားတစ္စီးေပၚ တြင္ လူတစ္ဦး ဓါးဒဏ္ရာမ်ားျဖင့္ လဲေနေၾကာင္း သတင္းအရ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးႏွင့္အဖြဲ႕ အခင္းျဖစ္ေနရာသို႔ သြားခဲ့ရာ ကားေပၚ၌ တ႐ုတ္ႏိုင္ငံသားတစ္ဦး ဓါးဒဏ္ရာမ်ားျဖင့္ေသဆုံးေနေၾကာင္း ေတြ႕ရွိ ခဲ့သည္။

ရဲတပ္ဖြဲ႕မွ စစ္ေဆး ခဲ့ရာ ေသဆုံးသူမွာ ေ႐ႊလင္ဗန္း စက္မႈဇုန္ရွိ Myanmar Golden Forest နည္းပညာရွင္တ႐ုတ္ႏိုင္ငံသား မစၥတာ ရန္ဘန္ေခ်ာင္ အသက္(၃၆)ႏွစ္ျဖစ္ၿပီး ဝဲဘက္ရင္ၫႊန႔္တြင္ ထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ယာဘက္ေဘးထိုးသြင္းဒဏ္ရာတစ္ခ်က္၊ ဝမ္းဗိုက္ထိုးသြင္း ဒဏ္ရာ တစ္ခ်က္တို႔ျဖင့္ ေသဆုံးေနသည္ ကို ေတြ႕ရွိခဲ့သည္။ေသာင္ႀကီးနယ္ေျမရဲစခန္းမွအမႈကို (ပ) ၁၁၂၆/ ၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ (၃၀၂) ျဖင့္ အေရးယူေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

မ်က္ျမင္သက္ေသမ်ား ၏ေျပာျပခ်က္အရ ေသဆုံးသူ သည္ ကားျဖင့္အျပင္သို႔ သြားေရာက္စဥ္ ေ႐ႊလင္ဗန္း စက္မႈဇုန္၊ ဦးထြန္းညိဳလမ္းအေရာက္ အမ်ိဳးသားသုံးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး စီးနင္း လာေသာ ဆိုင္ကယ္ႏွစ္စီးျဖင့္ လမ္းလုေမာင္းႏွင္ရာ မွ ခိုက္ရန္ျဖစ္ပြားၿပီး ဆိုင္ကယ္စီးနင္းသူမ်ားမွ ပါလာသည့္ ဓါးမ်ားျဖင့္ ဝိုင္းဝန္း ထိုးခုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

#HealthCare #Crime

unicode

“ရွှေလင်ဗန်း စက်မှုဇုန်မှ တရုတ်နည်းပညာရှင် တစ်ဦး အသတ်ခံရ”CCTV ထွက်ပေါ်

မေလ(၁၁)ရက် ညနေ(၃:၃၀)တွင် လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးထွန်းညိုလမ်းမဘေး ရပ်ထားသော ကားတစ်စီးပေါ် တွင် လူတစ်ဦး ဓါးဒဏ်ရာများဖြင့် လဲနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ အခင်းဖြစ်နေရာသို့ သွားခဲ့ရာ ကားပေါ်၌ တရုတ်နိုင်ငံသားတစ်ဦး ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တွေ့ရှိ ခဲ့သည်။

ရဲတပ်ဖွဲ့မှ စစ်ဆေး ခဲ့ရာ သေဆုံးသူမှာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ Myanmar Golden Forest နည်းပညာရှင်တရုတ်နိုင်ငံသား မစ္စတာ ရန်ဘန်ချောင် အသက်(၃၆)နှစ်ဖြစ်ပြီး ဝဲဘက်ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ဘေးထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည် ကို တွေ့ရှိခဲ့သည်။သောင်ကြီးနယ်မြေရဲစခန်းမှအမှုကို (ပ) ၁၁၂၆/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂) ဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျက်မြင်သက်သေများ ၏ပြောပြချက်အရ သေဆုံးသူ သည် ကားဖြင့်အပြင်သို့ သွားရောက်စဉ် ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးထွန်းညိုလမ်းအရောက် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး စီးနင်း လာသော ဆိုင်ကယ်နှစ်စီးဖြင့် လမ်းလုမောင်းနှင်ရာ မှ ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်စီးနင်းသူများမှ ပါလာသည့် ဓါးများဖြင့် ဝိုင်းဝန်း ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#HealthCare #Crime

Add a Comment

Your email address will not be published. Required fields are marked *

ten + 6 =