ဘားအံ မွာ သံလြင္ျမစ္ေရ စိုးရိမ္ေရမွတ္ေက်ာ္၊ ျမစ္ေခ်ာင္းေဘး ေနထိုင္သူေတြနဲ႔ အနိမ့္ပိုင္း ေနထိုင္သူေတြ သတိျပဳေနထိုင္ၾကဖို႔ သတိေပးထား

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွာ သံလြင္ျမစ္ေရဟာ ဩဂုတ္လ ၂၃ ရက္ေန႔ မနက္ ၁၁ နာရီ ၃၀ မိနစ္ တိုင္း တာခ်က္ အရ စိုးရိမ္ေရအမွတ္ ၇၅၀ စင္တီမီတာ ရဲ႕ အထက္ ၇၉၁ စင္တီမီတာ ေရာက္ရွိ ေနၿပီလို႔ ျပည္နယ္ မိုးေလဝသနဲ႔ ဇလေဗဒ ဦးစီးဌာနက ဘီဘီစီကို ေျပာပါတယ္။

ဘားအံ ၿမိဳ႕ အနိမ့္ပိုင္း ရပ္ကြက္ အစြန္းေတြမွာ ေနထိုင္သူေတြ အတြက္ ကူညီကယ္ဆယ္ ေနရာခ်ထားေရး၊ ေရကင္းလွည့္ေရး၊ ကယ္ဆယ္ေရး နဲ႔ အေရးေပၚ ေန ရာေျပာင္းေ႐ႊ႕ ခ်ထားေရး အစရွိတဲ့ လိုအပ္ခ်က္ေတြကို အဆင္သင့္ျပင္ဆင္ထားေၾကာင္း ကရင္ျပည္နယ္ လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္က ေျပာပါတယ္။

ကရင္ျပည္နယ္ အႏွံ အျပား မွာ မိုး ဆက္လက္ ႐ြာသြန္း ေနလို႔ ျမစ္ေရ ဆက္တိုးလာႏိုင္တဲ့ အေျခအေနလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ျမစ္ေခ်ာင္း ေဘးေနထိုင္သူေတြနဲ႔ အနိမ့္ပိုင္းေနထိုင္သူေတြ သတိျပဳေနထိုင္ၾကဖို႔ လိုေၾကာင္းနဲ႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕က အေရးေပၚကူညီရွာေဖြကယ္ဆယ္ေရး လုပ္ငန္းေတြကို အခ်ိန္နဲ႔ တေျပးညီ ေဆာင္႐ြက္ ေပးႏိုင္ေရး ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္႐ြက္ထားရွိၾကဖို႔ ဌာန ဆိုင္ရာ တာဝန္ရွိသူေတြကို လမ္းၫြန္ခ်က္ ထုန္ျပန္ ထားတယ္လို႔ ဆိုပါတယ္။

ဓာတ္ပုံ – ေစာကေညာထူး / ဘီဘီစီျမန္မာပိုင္း

unicode

ဘားအံ မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်၊ မြစ်ချောင်းဘေး နေထိုင်သူတွေနဲ့ အနိမ့်ပိုင်း နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ သတိပေးထား

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ် တိုင်း တာချက် အရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာ ရဲ့ အထက် ၇၉၁ စင်တီမီတာ ရောက်ရှိ နေပြီလို့ ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဘီဘီစီကို ပြောပါတယ်။

ဘားအံ မြို့ အနိမ့်ပိုင်း ရပ်ကွက် အစွန်းတွေမှာ နေထိုင်သူတွေ အတွက် ကူညီကယ်ဆယ် နေရာချထားရေး၊ ရေကင်းလှည့်ရေး၊ ကယ်ဆယ်ရေး နဲ့ အရေးပေါ် နေ ရာပြောင်းရွှေ့ ချထားရေး အစရှိတဲ့ လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ထားကြောင်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်။

ကရင်ပြည်နယ် အနှံ အပြား မှာ မိုး ဆက်လက် ရွာသွန်း နေလို့ မြစ်ရေ ဆက်တိုးလာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ ဒါကြောင့် မြစ်ချောင်း ဘေးနေထိုင်သူတွေနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ လိုကြောင်းနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ်ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက် ပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိကြဖို့ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေကို လမ်းညွန်ချက် ထုန်ပြန် ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – စောကညောထူး / ဘီဘီစီမြန်မာပိုင်း

Add a Comment

Your email address will not be published. Required fields are marked *

two × 3 =