



Source:MayPanche

unicode

အရမ်းလှလွန်းတဲ့ မြန်မာ ဝတ်စုံလေး နဲ့ ပုရိသတွေကို ဖမ်းစားလိုက်တဲ့ မေပန်းချီ

ပရိတ်သတ်ကြီးရေ မေပန်းချီကတော့ အမိုက်စား ခန္တာ ကိုယ်ကောက်ကြောင်းအလှတွေ နဲ့ တည်ငြိမ်ရင့်ကျက်တဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူမဟာ နာမည်ရ မင်းသမီးတွေထဲကတစ်လက်ဆိုလည်း မမှားပါဘူးနော်။ ဗီဒီယို တွေခေတ်စားခဲ့တဲ့ ကာလမှာလည်း ပရိတ်သတ်တွေတစ်ခဲနက် အားပေးမှု ဝန်းရံမှုတွေကိုရရှိခဲ့တာပါ။သရုပ်ဆောင်ပိုင်းမှာ ဆိုရင်လည်း အပြစ် ပြောစရာ မရှိအောင် ဆေးစက်ကျရာအရုပ်ထင်အောင် အကောင်းဆုံးသရုပ်ဆောင်ပုံဖော်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

အရမ်းမိုက်တဲ့ ကောက်ကြောင်းအလှတွေကို ပေါ်လွင်စေတဲ့ ဆက်ဆီကျကျ ဖက်ရှင်မျိုးလေးတွေကို များသောအားဖြင့် ဝတ်တတ်တာကြောင့် ပုရိသတွေ ရဲ့ အာရုံစိုက်အားပေးမှုတွေကိုရရှိထားခဲ့ပါတယ်နော်။

ဒီနေ့မှာလည်း အရမ်းကိုလှလွန်းတဲ့ လိမော်ရောင် ဝတ်စုံလေး နဲ့ ပုံတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ အမိုက်စား ခန္တာကိုယ်ကောက်ကြောင်း အလှတွေပေါ်လွင်နေတဲ့ ဖက်ရှင်အမိ အမိုက်တွေနဲ့အတူ ” ဘာပဲ ဖြစ်ဖြစ်လေ ကိုယ့် ကိုယ်ကို ကျေနပ်နေဖို့အရေးကြီးတယ်” ဆိုတဲ့စာသားလေးနဲ့ပုံတွေကို တင်လာခဲ့တာပါ။ အရမ်းလန်းတဲ့ မေပန်းချီ ရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေး လိုက် ပါတယ်နော်။

Source:MayPanche

Add a Comment

Your email address will not be published. Required fields are marked *

14 + eleven =