တစ်ပတ်စာ ခုနှစ်ရက် သားသမီး ကံကြမ် မာဟောကိန်း (24-8-2020 to 30-8-2020)

တနင်္ဂနွေသားသမီး

အစားမှားဆေးမှားတတ်သောကာလပါ မည်သည့် ကိစ္စကိုမဆိုအလျှင်စလိုမပြုလုပ်သင့်သောကာလပါ ငွေရလွယ်ပေမယ့်ငွေမမြဲသေးပါ နောက်ထပ်အလုပ်အကိုင်အသစ်တွေထပ်မလုပ်သင့်သေးပါ

စိတ်ကူးနဲ့တော့ဟုတ်မလိုလိုနဲ့တကယ့်လက်တွေ့တွင် အခက်အခဲများစွာကြုံရတတ်ပါသည် ကျန်းမာရေးတွင်အာရုံကြောအားနည်းမည် ငယ်ရွယ်သူများတစ်မြို့တစ်ရွာသူနှင့်ချစ်သူရည်းစားဖြစ်ပါလိမ့်မည်

ထီ၄၅ပါသောထီထိုးပါ ယတြာ အရှေ့တောင်အရပ် သို့မျက်နှာမူပြီး၂၄ပစ္စည်းပဌာန်းအကျဉ်းကို၂၄ခေါက်ရွတ်ပေးပါ

တနင်္လာသားသမီး

ဘဝရှေ့ရေးအတွက်ကံကောင်းစေနိုင်မည့်လုပ်ငန်း အခွင့်အလန်းကောင်းများရောက်ရှိလာပါလိမ့်မည် ထီကံကောင်းမည့်ကာလပါ ခရီးလမ်းသွားရင်းကားဘီးပေါက်သံကြားပါက နီးစပ်ရာထီဆိုင်တွင်ထီအမြန်ထိုးပါ

စက်ပစ္စည်းအသစ်တစ်ခုခုဝင်မည် နေအိမ်ရှိမိသားစုထဲ မှတစ်ဦးရုတ်တရက်ခရီးဝေးတစ်ခုထွက်ရမည် ကျန်းမာရေးကိုယ်လက်မလှုပ်ချင်မကိုင်ချင်ဖြစ်မည် ငယ်ရွယ်သူများအချစ်ရေးတွင်ကိုယ်ချစ်တာကတစ်ယောက်ကိုယ့်ကိုပြန်ချစ်နေသူကတစ်ယောက်ဖြစ်နေလိမ့်မည်

ထီ၇၉ပါသောထီထိုးပါ ယတြာ အရှေ့အရပ်ကိုမျက်နှာမူ၍ မေတ္တာသုတ်ရွတ်ဖတ်ပေးပါ

အင်္ဂါသားသမီး

စိတ်တွေမတည်မငြိမ်ဖြစ်တတ်သောကာလပါ ဒေါသထွက်စရာ ကိစ္စတွေလည်းကြုံရပါလိမ့်မည် ဒီလိုကာလတွေမှာဒေါသမထိန်းနိုင်ဘဲစိတ်လိုက်မာန်ပါပြုမူပြောဆိုမိတတ်ပါသည်

ပစ္စ္စည်းအထားအသိုမှားပြီးအခေါက်ခေါက် အခါအခါပြန်ရှာနေရပါလိမ့်မည် ကျန်းမာရေးတွင်ခေါင်းတွေအလွန်ရှုပ်ထွေးနေပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်နီးလျှက်နှင့်ဝေးနေရမည်

ထီ၇၃ပါသောထီထိုးပါ ယတြာ ငါးစာကျွေးပေးပါ

ဗုဒ္ဓဟူးသားသမီး

လုပ်ငန်းအသစ်တွေထပ်မံတိုးချဲ့တာ ဆိုင်ခန်းအသစ်ဖွင့်တာမျိုးတွေဆောင်ရွက်ရတတ်ပါတယ် မမျှော်လင့်ဘဲငွေကြေးအစုအပုံဝင်လာတတ်သလိုထီလည်းကံကောင်းတတ်သောကာလပါ

စာအုပ်များလက်ဆောင် ရရှိပါမည် မျက်ရိုးများ မကြာခဏကိုက်နေတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်မိမိထက်အသက်ကြီးသူများ၏စိတ်ဝင်စားခြင်းခံရမည်

ထီ70ပါသောထီထိုးပါ ယတြာ နွားနို့တွင်နှမ်း အနည်းငယ်ထည့်၍ဘုရားလှူ ပေးပါ

ကြာသာပတေးသားသမီး

ခရီးဝေးကိစ္စ နိုင်ငံရပ်ခြားကိစ္စ စီစဉ်ဆောင်ရွက်ထား သူများကောင်းသတင်းကြားရမည် ရပ်ဝေးသူငယ်ချင်းမိတ်ဆွေထံမှအကူအညီကောင်းများအဆက်အသွယ်အချိတ်အဆက်ကောင်းများရရှိပါမည်

ပညာရေးနှင့် ပတ်သက်၍သတင်းကောင်းကြားရမည် အချစ်ရေးတွင် မိမိချစ်ရေးဆိုထားသူထံမှမတင်မကျအဖြေသာရရှိလိမ့်မည် ကျန်းမာရေးတွင်နှလုံးအားနည်းတတ်ပါသည်

ထီ 56 ပါသောထီထိုးပါ ယတြာ သံပုရာသီး၃လုံးဘုရားလှူပေးပါ

သောကြာသားသမီး

အနက်ရောင်အသုံးအဆောင်ပစ္စည်းများ သုံးစွဲခြင်းရှောင်ပါ အထူးသဖြင့်စနေသားသမီးညအိပ်လက်မခံသင့်ပါ လောင်းကစားအကျိုးမပေးသောကာလပါ

ပလိုင်းပေါက်နဲ့ဖားကောက်ဆိုသလိုမိမိရှာသမျှငွေတွေ အကုန်များနေလိမ့်မည် ကျန်းမာရေးစိတ်မကြည်မလင်ဖြစ်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင်အလွန်စန်းပွင့်နေမည့်ကာလပါ

ထီ၃၀ပါသောထီထိုးပါ ယတြာ ငါးစာမကြာခဏကျွေးပါ

စနေသားသမီး

ဘာပဲလုပ်လုပ်မိမိအလုပ်နှင့်မသက်ဆိုင်သူများနှင့် မတိုင်ပင်သင့်ပါ ဆုံးဖြတ်ချက်များမှားယွင်းတတ်ပြီးလုပ်ငန်းများရှေ့ဆက်မတိုးနူင်ဘဲနှောင့်နှေးကြန့်ကြာနေလိမ့်မည်

အိမ်ထောင်ဘက်ဖြစ်သူခရီးကိစ္စပေါ်လိမ့်မည် ကျန်းမာရေး ဒူးအဆစ်များညောင်းညာ၍မလှုပ်ချင်မကိုင်ချင်ဖြစ်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးတွင် မတည့်အတူနေအခြေအနေပါ

ထီ၅၇ပါသောထီထိုးပါ ယတြာ ငါးကြီးကြီးနှစ်ကောင်လွှတ်ပေးပါ

ကျော်ဘိုဘိုဟိန်း

Add a Comment

Your email address will not be published. Required fields are marked *

two × five =