



San Htet Wai

unicode

အနုပညာသမား အချင်းချင်း အထင်လွဲ ခံရမှုတွေကို ဖြူဖြူထွေး ဘယ်လိုရင်ဆိုင်နေလဲ?

ပရိတ်သတ်တွေ သိတဲ့အတိုင်း ဖြူဖြူထွေး ဟာ ယခု တလောပိုင်းမှာ အနုပညာသမားအချင်းချင်း ဝေဖန်ပြစ်တင်မှုတွေကို ခံနေရပါတယ်။ လူဆိုသည့်အတိုင်း အကောင်းဘယ်လောက်ပဲလုပ်လုပ် အထင် လွဲမှုတွေ ဝေဖန်မှုတွေ ချီးမွမ်းမှုတွေ ကဲ့ရဲ့ခြင်းတွေ ခံရစမြဲပါပဲ။ အထူးသဖြင့် အောင်မြင်လာတဲ့သူတွေဆို ဒီဒဏ်တွေကို ပိုပြီး ခံစားရတတ်ပါတယ်။

ယခုမှာလည်း ဖြူဖြူထွေးလေး ဟာ အနုပညာသမား အချို့ရဲ့ အထင်လွဲခြင်းကို ခံနေရပါတယ်။ ယခင်ကလည်း သူမရဲ့လုပ်ရပ်အချို့ကြောင့် ပြစ်တင်ပြောဆိုမှုခံခဲ့ရပေမယ့် ပရိတ်သတ် သဘောအတိုင်း ပြုပြင်ပြောင်းလဲနေထိုင်ခဲ့ပါတယ်။ ဒီလိုအထင်လွဲခြင်းကို ဘယ်လိုရင်ဆိုင်လိုက်လဲဆိုတာ ဖြူဖြူထွေးရဲ့ အကောင့်မှာ တွေ့ရမှာပါ။ ဖြူဖြူထွေးက ဒီလိုပဲပြောထားပါတယ်

စိတ်ချမ်းသာချင်ရင် လူတွေ ရဲ့ “အထင်ကြီးခြင်း” “အထင်သေးချင်း” “ချီးမွမ်းခြင်း” ” ကဲ့ရဲ့ခြင်း” တွေရဲ့ နောက်ကို လိုက်ပြီး ခံစားမနေပဲ ကိုယ့်ဘဝမှာ လုပ်သင့် လုပ်ထိုက်တာတွေကိုပဲ လုပ်နေရတာ စိတ်ချမ်း သာတယ် ပီတိဖြစ်တယ်🥰

San Htet Wai

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =