အိမ်ထောင်ဖက် မရှိလည်း နည်းပညာ နဲ့ သားသမီးယူမယ် ဆိုတဲ့ “ရေဗက္ကာဝင်း”

Posted on

အိမ်ထောင်ဖက်နဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်း တစ်ယောက် တည်းသမား အဖြစ် ရပ်တည်နေတဲ့ တေးသံရှင် ရေဗက္ကာဝင်းက အိမ်ထောင်ဖက် မရှိလည်း နည်းပညာ အကူညီနဲ့ ကလေးယူဖို့စဉ်းစားထားပြီး အခုလို စဉ်းစားဖြစ်တဲ့ အကြောင်းအရင်းကို ပြောပြလာပါတယ်။“ အိမ်ထောင်ဖက် မရှိလည်း သား သမီးယူ လို့ရတယ်ပေါ့နော်၊၊ ခေတ်ကြီးကလည်း တိုးတက် ပြောင်းလဲ နေတဲ့ ခေတ်ကို ရောက်လာပြီ။ IVF ဆိုတဲ့ နည်းပညာနဲ့ သားသမီး ယူလို့ရတယ်ပေါ့နော်။

အစ်မ အရင်ကလည်းအင်တာဗျုး တွေမှာ ခဏခဏ ပြော ခဲ့ဖူးပါတယ်။ အိမ်ထောင်ဖက် မရှိလည်း သား သမီး ယူချင်တယ်ပေါ့နော်။ အစ်မကတော့ အစ်မရဲ့မျိုးဆက်ကို ဆက်ခံမယ့် သား သမီးလိုချင်တယ်။အိမ်ထောင်ဖက် မရှိဘဲ တစ်ယောက်တည်း ဆိုတဲ့အခါ ကျတော့ လည်း ကိုယ့်အတွက်အဖော်လည်းဖြစ်တာပေါ့” လို့ ဆိုပါတယ်။အခုလိုနည်းပညာနဲ့ သား သမီး ယူမယ့် ကိစ္စကို မိဘတွေ ကတော့ သဘောမတူတဲ့အကြောင်းကိုလည်း ရေဗက္ကာဝင်းက ဖွင့်ဟလာပါတယ်။

“အမေ နဲ့ အဖေကတော့ အားမပေးဘူးပေါ့နော်။ မိဘတွေ ကတော့ ရှေးရိုးစွဲ ဆိုတော့ ဒါမျိုးကိစ္စကို မလုပ်သင့်ဘူးလို့ပြောကြတယ်။ အခု အင်တာဗျူးကို တွေ့တဲ့ လူကြီးသူမတွေလည်း ဒါမျိုးကို အားပေးမယ်မထင်ဘူး။ဒါအမှန်အတိုင်းပြောပြတာ။ ညီအစ်မတွေကတော့ ကိုယ်နဲ့ အသက်ချင်း လည်း သိပ်မကွာတော့ အစ်မရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးသလို အားလည်းအားပါတယ်” လို့ ရေဗက္ကာဝင်းကဆိုပါတယ်။

သား သမီး ယူဖို့ စီစဉ်ထားသလို အိမ်ထောင်ဖက် အသစ် ထပ်ယူဖို့ အစီအစဉ် ရှိ မရှိဆိုတာ ကိုလည်း သူမက အခုလို ဆက်လက် ပြောပြခဲ့ပါတယ်။“စကားဆိုတာ အကုန်ပြောလို့တော့ မကောင်းဘူးထင်တယ်။ အိမ်ထောင်ဖက်အသစ် ထပ်ယူဖြစ်လား မဖြစ်လား ဆိုတာကတော့ အစ်မလည်း မသိဘူး ၊ ဘုရားပဲသိလိမ့်မယ်။

လက်ရှိမှာ တစ်ယောက်တည်းနေတာ အေးချမ်းပါတယ်။ တစ်ယောက်တည်း နေချင်တဲ့သူတွေကိုလည်း အားပေးပါတယ်”လို့ ရေဗက္ကာဝင်းကပြောပါတယ်။လက်ရှိမှာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရေဗက္ကာဝင်းက အသက် ၄၀ မတိုင်ခင် IVF နည်းပညာနဲ့ သား သမီးယူဖို့ စဉ်းစားထားပြီး မြနမာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ ဆရာဝန်တွေနဲ့ ဆေးနွေးထားပြီးဖြစ်တယ်လို့သိရပါတယ်။

credit