ကိုယ်တိုင် အလိမ်ခံရသူပြောတဲ့ မိုးကုတ်က သိန်း (၈) သောင်းကျော် လိမ်လည်မှု ကြီးနောက်ကွယ်

ကိုယ်တိုင် အလိမ်ခံရသူပြောတဲ့ မိုးကုတ်က သိန်း (၈) သောင်းကျော် လိမ်လည်မှု ကြီးနောက်ကွယ်

မိုးကုတ်မြို့က သိန်း ၈သောင်းကျော် လိမ်လည်မှူကြီး (၈သောင်းဆိုတာက ပြောစကားပါ ထို့ထက်ကျော်နိုင်သေး တယ်ဟု ထင်မြင်ယူဆရပါတယ်)

၂၂.၅.၂၀၂၀ တွင် ည ၅/၆ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွါးခဲ့တယ် လို့ထင်ရပါသည်။ ဖြစ်စဉ်မှာ မိုးကုတ်မြို့အောင်ချမ်းသာဈေးလေး အရှေ့ဘက် ခင်စင်းဝန်းရွှေဆိုင်က ယူထားသော အတိုးငွေနှင့် ယုံကြည်စွာ အပ်နှံထားတော့ ပိုက်ဆံများကို ပိုင်ဆိုင်များထံ မအပ်နှင်းနိုင်ဘဲ ဆိုင်ကို ခေတ္တပိတ်ရန်လုပ်ခဲ့ သည့်အတွက် လူအများမှ ကြောက်လန့်ပီး ခင်စင်းဝန်း ရွှေဆိုင် ပိုင်ရှင်ရဲ့ အိမ်အရှေ့မှာ လာရောက် တောင်းကျပါသည် သို့ပါသော်လည်း ခင်စန်းဝင်းရွှေဆိုင်မှ ထွက်မတွေ့ပဲ မပေးကြောင်းပြောပါသည်

အချိန်အတော်အတန် ကြာသော်အခါ ရဲများရောက်လာပီး ခင်စန်းဝင်း ရဲ့ အိမ်ထဲ သို့ ဝင်သွားသည် နာရီပိုင်းကြာသော် အခါ ရဲများအိမ်ထဲမှ ထွက်လာပီး ခင်စန်းဝင်း ရွှေဆိုင် ရဲ့ လက်ရှိ နေအိမ် နှစ်လုံးပဲ ပြောပီး လေလံတင်ပီး ရငွေကို ၁၀၀% ဆိုရင် ၅၀% ရမည်ဟုပြောခဲ့ပါသည်။ သိုသော် လူအများလက်မခံပါ လူတိုင်းချွေးနည်း စာဖြင့်ရှာထားသော ပိုက်ဆံဂို မှ အခုလိုလုပ်တော့ ကန့်ကွက် ပါတယ်

တကယ်တမ်းက အိမ်နှစ်လုံးတင်မကပါ ခင်စန်းဝင်းရွှေဆိုင်မှာ မန္တလေးမှ အိမ်များလဲရှိပါတယ် ဆောက်လုပ်ပီးတာ မကြာသေးဘူး လို့လဲ ထပ်သိရပါသည်။ သို့ပါသော်လည်း ခင်စန်းဝင်းမှ မိမိ ယောကျားရဲ့ ကွဲထားသည် ဟု ဆိုပါသည်။ ထိုကြောင့် ပိုင်ဆိုင်မှူမှာ ယောကျားနှင့်သက်ဆိုင်သည်ဟု ပြောခဲ့ ပါသည်

ကျွန်တော်ရဲ့ ကိုယ်တွေ့ကြားရသည့်မှာ သူ့ယောင်္ကျား နဲ့ မကွဲပါ အရင်နေ့တွေ ကပင် မိုးကုတ်မြိ့ချမ်းသာကြီးဘုရားပင် တွေ့ခဲ့ရသည် ယခုကွဲသည်ဟုဆိုခြင်းမှာ လိမ်လည်ခြင်းသာ ဖြစ်ကြောင်း ထင်ရှားပါတယ်

နောက်ပီး ခင်စန်းဝင်းလိမ်သွားသည်မှာ သိန်းပေါင်း၈သောင်းကျော်ဖြစ်ပါသည် ထိုပိုက်ဆံတွေ ကို ဘာလုပ်ပစ် လဲ တစ်ချက်ရှိပါသည်။ ပထမပြောခဲ့သည်မှာ အိမ်နှစ်လုံးသာ ပြောခဲ့ပါသည်။ ၎င်းဟာလဲ လိမ်လည်မူကြီးပါ။

နောက်တစ်ချက်မှာ တရားရုံးကအမိန့် ကျမှသာ ရဲတွေ ကလုပ်ခွင့် ရှိပါတယ် ယခုမှာ ကော်မရှင်အဖွဲရုံးနှငိ့ ရဲများသာ ပေါင်းလုပ်နေပါသည်။ ရွှေဆိုင်နှင့် ပူပေါင်းကြံစည်မူလိုကျွန်တော်ထင်ပါသည်။ ၂၃.၅.၂၀၂၀ ယခုကော်မရှင်ရုံးတွင် ယခင်ပြောခဲ့သော မိမိအပ်နှံထားသည့် ပိုက်ဆံ ရဲ့ ၅၀%တောင် ရမည် မသေချာကြောင်း ကြားခဲ့ရပါတယ်။

မှတ်ချက်။ ခံရသည့်သူများ ကျွန်တော့်အနေနဲ့ တိုက်တွန်း ချင်တာကတော့ ငြိမ်မနေကျပါနဲ့ ဖြစ်နိုင်ရင် တိုင်းရုံး နေပြည်တော် ဘာညာ ထိတတ်ပီး လုပ်စေချင်ပါတယ်။ ဤအမူသည် သာမန်မဟုတ်ပါ လူလည်ကျပီး လုပ်သွားပါသည် ခံရသူများ အနေနဲ့ မကြောက်ပါနဲ့ လိမ်ခံရလို့ ရှက်စရာလဲ မဟုတ်ပါ။

ဖော်ပြပါပုံများမှာ ၂၂.၅.၂၀၂၀ စတင်ဖြစ်ပွးရာပုံများနှင့် ၂၃.၅.၂၀၂၀ ရုံးတွင် မိမ်လိမ်ခံရကြောင်း လက်မှတ်လာထိုးနေသောမြင်ကွင်းများ ဖြစ်ပါသည် ခံရသူများအနေနှင့် ငြိမ်မနေကျဖို့ ထပ်မံပြောချင်ပါသည်။

Soe Thu Mg (ကိုယ်တိုင် အလိမ်ခံရသူ တဦး)

Add a Comment

Your email address will not be published. Required fields are marked *

four × 2 =