ကုိဗစ္ ထက္ ျပင္းထန္တဲ့ ေရာဂါေၾကာင့္ ေသဆံုး ခဲ့ရတဲ့ သီေပါကကေလး (၃) ဦး

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္၊ မိုင္းလာ အုပ္စု၊ အထက္ပန္တီး ရြာတြင္ တစ္ပတ္အတြင္း ကေလး(၃)ဦးေသဆုံး သည့္ သတင္းရရွိသျဖင့္ အဆိုပါရြာ သို႔က်န္းမာေရးဝန္ထမ္းမ်ား သြားေရာက္စစ္ေဆးရာ ဆုံဆို႔နာဟု ယူဆရသျဖင့္ ေရာဂါျဖစ္ပြားေနသည့္ အျခားကေလး (၅)ေယာက္အား သီေပါေဆး႐ုံ သို႔ ပို႔ေဆာင္ ကုသေနေၾကာင္း သီေပါၿမိဳ႕နယ္ ဆရာဝန္ႀကီး ေဒါက္တာ နႏၵဝင္းက ေျပာပါတယ္။

“ေက်းလက္က်န္းမာေရး ကို္ယ္စားလွယ္ (ေဘာ္လံတီယာ)ထံက ကေလးေတြဆုံးတဲ့ သတင္းၾကားၾကားခ်င္း လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ၊ နယ္စည္းမျခားပရဟိတအဖြဲ႕ေတြရဲ့အကူအညီနဲ႔ ညႇိႏွိုင္းၿပီး လမ္းမေကာင္းတဲ့ မိုင္ ၇ဝေ က်ာ္ ကို သြားေရာက္စစ္ေဆးေတာ့ ဆုံဆို႔နာျဖစ္နိုင္တယ္လို႔ သတ္မွတ္ၿပီး က်န္ဖ်ားနာေနတဲ့ ကေလးေတြ ကိုေဆး႐ုံကိုေခၚလာ အာေခါင္တို႔ ဖတ္ယူၿပီး ျပည္နယ္က တဆင့္ ဓာတ္ခြဲစမ္းသပ္ဖို႔ ပို႔ထားပါၿပီ။ လမ္းမေကာင္းေတာ့ မိုးမရြာဘဲရာသီဥတုေကာင္းရင္း ရြာမွာက်န္ေနတဲ့ ကေလးေတြ အျမန္ေဆးထိုးေပးနို္င္ေရး နဲ႔ ဒီေဆး႐ုံမွာ အခုကုသေနတဲ့ကေလးေတြ မႏၲေလးကို ပို႔ရ/မရ ေဆြးေႏြးေနၾက ပါတယ္” ဟု ေဒါက္တာနႏၵဝင္းက ေျပာသည္။

ယင္းေရာဂါျဖစ္ပြားေနသည့္ ေဒသမွာ လက္နက္ကိုင္ အဖြဲ႕မ်ားရွိသည့္ေနရာျဖစ္ေၾကာင္း၊ အဆိုပါရြာတြင္ ကေလး ၂၀ ေက်ာ္ခန႔္ရွိေနၿပီး အျခားရြာမ်ား တြင္လည္း ရွိေနနိုင္သျဖင့္ ကေလးမ်ား အားလုံး ကာကြယ္ေဆးထိုးႏွံနိုင္ေရး ႀကိဳးပမ္းေနေၾကာင္း သိရ ပါတယ္။

သီေပါၿမိဳ႕နယ္အတြင္း ၂၀၀၇ ခုႏွစ္က က်န္းမာေရး လက္လွမ္းမမီသည့္ ေနရာ ၄၀ ရာခိုင္ႏႈန္းရွိခဲ့ရာမွ ယခုတြင္ ၂၅ရာခိုင္ႏႈန္းအထိ က်ဆင္းလာေၾကာင္း သိရပါတယ္။ သို႔ေသာ္ ယခုကိစၥျဖစ္ပြားေနေသာေနရာ မွာ သြားေရာက္ခြင့္မရသည့္ေနရာျဖစ္ေနသည့္အတြက္ ကေလး ၃ ဦး ေသဆုံးရျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဆုံဆို႔နာမွာ ေသဆုံးမႈ ၂၀ ရာခိုင္ႏႈန္းအထိ ရွိနိုင္သည့္ ကူးစက္ေရာဂါ ျဖစ္သည့္ အတြက္ Covid-19 ကဲ့သို႔ို ေနာက္မွ ေသသည္မဟုတ္ဘဲ ျဖစ္သည္ႏွင့္ေသသည့္ေရာဂါမ်ိဳးျဖစ္သည့္အတြက္ အထူးပင္ ဂ႐ုစိုက္ရန္ လို အပ္ေၾကာင္း၊ ဆုံဆို႔နာမွထြက္ရွိ သည့္ အဆိပ္မ်ားက ႏွလုံးသို႔ တိုက္ခိုက္သျဖင့္ေသဆုံးရျခင္းျဖစ္သည့္အတြက္ အထူးပင္ ဂ႐ုစိုက္ကုသရသည့္ ေရာဂါျဖစ္ေၾကာင္း သိရပါတယ္။

သီေပါၿမိဳ႕နယ္အတြင္း လြန္ခဲ့သည့္ ၃ ႏွစ္တာ ကာလက ဆုံဆို႔နာသံသယ လူနာ ၁၅ ဦး ေတြ႕ရွိခဲ့ရာမွ ၅ ဦးမွာ ဓာတ္ခြဲအေျဖေသခ်ာ ခဲ့ၿပီး ယင္းတို႔အထဲမွ သီေပါတြင္ ၁ဦး၊ မႏၲေလးတြင္ ၂ ဦး စုစုေပါင္း၃ ဦးကြယ္လြန္ခဲ့ေၾကာင္း သိရွိရပါတယ္။

crd : whitesone

unicode

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုင်းလာ အုပ်စု၊ အထက်ပန်တီး ရွာတွင် တစ်ပတ်အတွင်း ကလေး(၃)ဦးသေဆုံး သည့် သတင်းရရှိသဖြင့် အဆိုပါရွာ သို့ကျန်းမာရေးဝန်ထမ်းများ သွားရောက်စစ်ဆေးရာ ဆုံဆို့နာဟု ယူဆရသဖြင့် ရောဂါဖြစ်ပွားနေသည့် အခြားကလေး (၅)ယောက်အား သီပေါဆေးရုံ သို့ ပို့ဆောင် ကုသနေကြောင်း သီပေါမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ နန္ဒဝင်းက ပြောပါတယ်။

“ကျေးလက်ကျန်းမာရေး ကိုယ်စားလှယ် (ဘော်လံတီယာ)ထံက ကလေးတွေဆုံးတဲ့ သတင်းကြားကြားချင်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ နယ်စည်းမခြားပရဟိတအဖွဲ့တွေရဲ့အကူအညီနဲ့ ညှိနှိုင်းပြီး လမ်းမကောင်းတဲ့ မိုင် ၇ဝေ ကျာ် ကို သွားရောက်စစ်ဆေးတော့ ဆုံဆို့နာဖြစ်နိုင်တယ်လို့ သတ်မှတ်ပြီး ကျန်ဖျားနာနေတဲ့ ကလေးတွေ ကိုဆေးရုံကိုခေါ်လာ အာခေါင်တို့ ဖတ်ယူပြီး ပြည်နယ်က တဆင့် ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ထားပါပြီ။ လမ်းမကောင်းတော့ မိုးမရွာဘဲရာသီဥတုကောင်းရင်း ရွာမှာကျန်နေတဲ့ ကလေးတွေ အမြန်ဆေးထိုးပေးနိုင်ရေး နဲ့ ဒီဆေးရုံမှာ အခုကုသနေတဲ့ကလေးတွေ မန္တလေးကို ပို့ရ/မရ ဆွေးနွေးနေကြ ပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

ယင်းရောဂါဖြစ်ပွားနေသည့် ဒေသမှာ လက်နက်ကိုင် အဖွဲ့များရှိသည့်နေရာဖြစ်ကြောင်း၊ အဆိုပါရွာတွင် ကလေး ၂၀ ကျော်ခန့်ရှိနေပြီး အခြားရွာများ တွင်လည်း ရှိနေနိုင်သဖြင့် ကလေးများ အားလုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြိုးပမ်းနေကြောင်း သိရ ပါတယ်။

သီပေါမြို့နယ်အတွင်း ၂၀၀၇ ခုနှစ်က ကျန်းမာရေး လက်လှမ်းမမီသည့် နေရာ ၄၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုတွင် ၂၅ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း သိရပါတယ်။ သို့သော် ယခုကိစ္စဖြစ်ပွားနေသောနေရာ မှာ သွားရောက်ခွင့်မရသည့်နေရာဖြစ်နေသည့်အတွက် ကလေး ၃ ဦး သေဆုံးရခြင်းဖြစ်ကြောင်း သိရပါတယ်။

ဆုံဆို့နာမှာ သေဆုံးမှု ၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည့် ကူးစက်ရောဂါ ဖြစ်သည့် အတွက် Covid-19 ကဲ့သို့ို နောက်မှ သေသည်မဟုတ်ဘဲ ဖြစ်သည်နှင့်သေသည့်ရောဂါမျိုးဖြစ်သည့်အတွက် အထူးပင် ဂရုစိုက်ရန် လို အပ်ကြောင်း၊ ဆုံဆို့နာမှထွက်ရှိ သည့် အဆိပ်များက နှလုံးသို့ တိုက်ခိုက်သဖြင့်သေဆုံးရခြင်းဖြစ်သည့်အတွက် အထူးပင် ဂရုစိုက်ကုသရသည့် ရောဂါဖြစ်ကြောင်း သိရပါတယ်။

သီပေါမြို့နယ်အတွင်း လွန်ခဲ့သည့် ၃ နှစ်တာ ကာလက ဆုံဆို့နာသံသယ လူနာ ၁၅ ဦး တွေ့ရှိခဲ့ရာမှ ၅ ဦးမှာ ဓာတ်ခွဲအဖြေသေချာ ခဲ့ပြီး ယင်းတို့အထဲမှ သီပေါတွင် ၁ဦး၊ မန္တလေးတွင် ၂ ဦး စုစုပေါင်း၃ ဦးကွယ်လွန်ခဲ့ကြောင်း သိရှိရပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

nineteen − nine =