ေျမာက္ကိုရီးယား ေခါင္းေဆာင္ သတိလစ္ေမ့ေျမာ ေနၿပီး ညီမျဖစ္သူ ေျမာက္ကိုရီးယား ကို ထိန္းခ်ဳပ္ ထားေၾကာင္း သတင္းထြက္

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ ကိုးမားဝင္ သတိလစ္ေမ့ေျမာေနၿပီး ညီမ ျဖစ္သူက တိုင္းျပည္ကို ထိန္းခ်ဳပ္ဖို႔ စီစဥ္ေနေၾကာင္း ေတာင္ကိုရီးယားသံတမန္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ေျမာက္ကိုရီးယားအစိုးရဟာ ၎တို႔ ေခါင္းေဆာင္ က်န္းမာေရး အေျခအေန ဆိုး႐ြားေနတဲ့ အေၾကာင္းကို ဖုံးကြယ္ထားၿပီး ကင္ဂ်ဳံအန္ အျပင္း အထန္ ေနမေကာင္းျဖစ္ကာ သတိလစ္ေမ့ေျမာေနတယ္လို႔ ေတာင္ကိုရီးယားသမၼတေဟာင္း ကင္ေဒးဂ်ဳံရဲ႕ လက္ေထာက္ေဟာင္း ျဖစ္သူ ခ်န္ေဆာင္မင္က ေျပာခဲ့ပါတယ္။

ယခုႏွစ္အတြင္း လူျမင္ကြင္းမွာ ထြက္ေပၚလာျခင္း မရွိတဲ့ အတြက္ ကင္မ္ဂ်ဳံအန္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္တဲ့ ေကာလဟာလေတြ ပိုဆိုးလာေနခဲ့တာ ျဖစ္ပါတယ္။ ေဒသခံမီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေတာ့ ခ်န္ေဆာင္မင္က ကင္မ္ဂ်ဳံအန္ ကိုးမားဝင္ေနတယ္လို႔ သိရပါတယ္၊ ဒါေပမဲ့ ေသဆုံးသြားၿပီလို႔ေတာ့ မထင္ဘူးလို႔ ေျပာပါတယ္။ လက္ရွိမွာေတာ့ အာဏာအခ်ိဳ႕ လႊဲေျပာင္းယူထားတဲ့ ကင္မ္ဂ်ဳံအန္ ညီမျဖစ္သူ ကင္ယိုဂ်ဳံက ေျမာက္ကိုရီးယားကို ထိန္းခ်ဳပ္သြားမယ္လို႔ ၎ကဆိုပါတယ္။

ၿပီးျပည့္စုံတဲ့ အာဏာဆက္ခံမႈကို မဖြဲ႕စည္းႏိုင္ေသးတာေၾကာင့္ ကာလရွည္ လစ္လပ္ေနတဲ့ ေခါင္းေဆာင္ေနရာကို ဆက္လက္ထိန္းသိမ္းဖို႔ ကင္မ္ယိုဂ်ဳံ ေရွ႕တန္းေရာက္လာခဲ့ေၾကာင္း ေျပာပါတယ္။ ေျမာက္ကိုရီးယားအစိုးရပိုင္သတင္းမီဒီယာေတြက ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ အစိုးရအဖြဲ႕အစည္းအေဝးကို ကင္မ္ဂ်ဳံအန္ တက္ေရာက္တဲ့အေၾကာင္း သတင္းထုတ္ျပန္ခဲ့တာ ျဖစ္ေပမယ့္ ခုလို သတင္းထြက္ေပၚလာခဲ့တာလည္း ျဖစ္ပါတယ္။ ယခုတစ္ပတ္အေစာပိုင္းက ကင္မ္ဂ်ဳံအန္က ညီမျဖစ္သူကို ေျမာက္ကိုရီးယားကို လက္ေတြ႕ အုပ္ခ်ဳပ္မယ့္ ဒုတိယေခါင္းေဆာင္ အျဖစ္ ရာထူးတိုးျမႇင့္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ကင္မ္ယိုဂ်ဳံက ယခုအခါ အေမရိကန္နဲ႔ ေတာင္ကိုရီးယဦးအတြက္ ေျမာက္ကိုရီးယားမူဝါဒေရးဆိုင္ရာ အႀကီးအကဲအျဖစ္ တာဝန္ယူေနၿပီး ကင္မ္ဂ်ဳံအန္ လက္ေထာက္အျဖစ္ ခန႔္အပ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားေထာက္လွမ္းေရးအရာရွိႀကီးေတြက ေျပာပါတယ္။ ကင္မ္ဂ်ဳံအန္အေနနဲ႔ တိုင္းျပည္မွာ အာဏာအျပည့္အဝရွိေနဆဲ ျဖစ္ေပယ့္ အုပ္ခ်ဳပ္ေရး ဖိစီးမႈေတြကို ေရွာင္လြဲဖို႔ တာဝန္အခ်ိဳ႕ လႊဲအပ္ေပးထားတယ္လို႔ ေတာင္ကိုရီးယားဘက္က ေျပာပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ကင္ဂ်ဳံအန္ဟာ ယခုႏွစ္ ဧၿပီလက ႏွလုံးခြဲစိတ္ခဲ့ရာက အေျခအေန ပိုဆိုးလာခဲ့ၿပီး ေသဆုံးၿပီလို႔ ယူဆတဲ့ ေကာလဟာလေတြ ထြက္ေပၚခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ေမလက ဓါတ္ေျမဩဇာစက္႐ုံဖြင့္ပြဲ တက္ခဲ့တဲ့ ကင္မ္ဂ်ဳံအန္ဓါတ္ပုံေတြကို ႏိုင္ငံပိုင္မီဒီယာေတြက ထုတ္လႊင့္ၿပီးေနာက္ ယခုႏွစ္အတြင္း လူျမင္ကြင္းမွာ အနည္းငယ္သာ ေတြ႕ခဲ့ရတာလည္း ျဖစ္ပါတယ္။

source : Dailymail

unicode

မြောက်ကိုရီးယား ခေါင်းဆောင် သတိလစ်မေ့မြော နေပြီး ညီမဖြစ်သူ မြောက်ကိုရီးယား ကို ထိန်းချုပ် ထားကြောင်း သတင်းထွက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ကိုးမားဝင် သတိလစ်မေ့မြောနေပြီး ညီမ ဖြစ်သူက တိုင်းပြည်ကို ထိန်းချုပ်ဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယားသံတမန်တစ်ဦးက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ၎င်းတို့ ခေါင်းဆောင် ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ အကြောင်းကို ဖုံးကွယ်ထားပြီး ကင်ဂျုံအန် အပြင်း အထန် နေမကောင်းဖြစ်ကာ သတိလစ်မေ့မြောနေတယ်လို့ တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျုံရဲ့ လက်ထောက်ဟောင်း ဖြစ်သူ ချန်ဆောင်မင်က ပြောခဲ့ပါတယ်။

ယခုနှစ်အတွင်း လူမြင်ကွင်းမှာ ထွက်ပေါ်လာခြင်း မရှိတဲ့ အတွက် ကင်မ်ဂျုံအန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကောလဟာလတွေ ပိုဆိုးလာနေခဲ့တာ ဖြစ်ပါတယ်။ ဒေသခံမီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ ချန်ဆောင်မင်က ကင်မ်ဂျုံအန် ကိုးမားဝင်နေတယ်လို့ သိရပါတယ်၊ ဒါပေမဲ့ သေဆုံးသွားပြီလို့တော့ မထင်ဘူးလို့ ပြောပါတယ်။ လက်ရှိမှာတော့ အာဏာအချို့ လွှဲပြောင်းယူထားတဲ့ ကင်မ်ဂျုံအန် ညီမဖြစ်သူ ကင်ယိုဂျုံက မြောက်ကိုရီးယားကို ထိန်းချုပ်သွားမယ်လို့ ၎င်းကဆိုပါတယ်။

ပြီးပြည့်စုံတဲ့ အာဏာဆက်ခံမှုကို မဖွဲ့စည်းနိုင်သေးတာကြောင့် ကာလရှည် လစ်လပ်နေတဲ့ ခေါင်းဆောင်နေရာကို ဆက်လက်ထိန်းသိမ်းဖို့ ကင်မ်ယိုဂျုံ ရှေ့တန်းရောက်လာခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရပိုင်သတင်းမီဒီယာတွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့ အစိုးရအဖွဲ့အစည်းအဝေးကို ကင်မ်ဂျုံအန် တက်ရောက်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့် ခုလို သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုတစ်ပတ်အစောပိုင်းက ကင်မ်ဂျုံအန်က ညီမဖြစ်သူကို မြောက်ကိုရီးယားကို လက်တွေ့ အုပ်ချုပ်မယ့် ဒုတိယခေါင်းဆောင် အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ကင်မ်ယိုဂျုံက ယခုအခါ အမေရိကန်နဲ့ တောင်ကိုရီးယဦးအတွက် မြောက်ကိုရီးယားမူဝါဒရေးဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူနေပြီး ကင်မ်ဂျုံအန် လက်ထောက်အဖြစ် ခန့်အပ်ခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအရာရှိကြီးတွေက ပြောပါတယ်။ ကင်မ်ဂျုံအန်အနေနဲ့ တိုင်းပြည်မှာ အာဏာအပြည့်အဝရှိနေဆဲ ဖြစ်ပေယ့် အုပ်ချုပ်ရေး ဖိစီးမှုတွေကို ရှောင်လွဲဖို့ တာဝန်အချို့ လွှဲအပ်ပေးထားတယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကင်ဂျုံအန်ဟာ ယခုနှစ် ဧပြီလက နှလုံးခွဲစိတ်ခဲ့ရာက အခြေအနေ ပိုဆိုးလာခဲ့ပြီး သေဆုံးပြီလို့ ယူဆတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မေလက ဓါတ်မြေဩဇာစက်ရုံဖွင့်ပွဲ တက်ခဲ့တဲ့ ကင်မ်ဂျုံအန်ဓါတ်ပုံတွေကို နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်ပြီးနောက် ယခုနှစ်အတွင်း လူမြင်ကွင်းမှာ အနည်းငယ်သာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

source : Dailymail

Add a Comment

Your email address will not be published. Required fields are marked *

3 × 3 =