ေျမာက္ဒဂံု ၿမိဳ႕နယ္ KTV တစ္ခု တြင္ ပိတ္ေလာင္ ခံထား ရသည့္ အမ်ဳိး သမီးတစ္ဦး ကို ကယ္တင္

ေျမာက္ဒဂံု ၿမိဳ႕နယ္ KTV တစ္ခု တြင္ ပိတ္ေလာင္ ခံထား ရသည့္ အမ်ဳိး သမီးတစ္ဦး ကို ကယ္တင္

ရန္္ကုန္တိုင္းေဒသၾကီး ေျမာက္ဒဂုံၿမိဳ႕နယ္ အတြင္းရွိ KTV တစ္ခုတြင္ ပိတ္ေလွာင္ ခံထားရသည့္ အမ်ိဳးသမီးတစ္ဦးကို တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ေဇာ္လင္း အပါအ၀င္ ရဲတပ္ဖြဲ႕၀င္မ်ား၊ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား၏ ႀကိဳးပမ္းမႈျဖင့္ ကယ္တင္ေပးႏိုင္ခဲ့သည္။ သို႕ေသာ္လည္း အဆိုပါ အမ်ိဳးသမီးမွာ အမႈဖြင့္ႏိုင္သည့္ အင္အား မရွိျခင္းေၾကာင့္ ရြာျပန္သြားေၾကာင္း ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) အမွတ္ (၂) တိုင္းေဒသႀကီးလႊတ္ ေတာ္ကိုယ္စားလွယ္ ဦးနိုင္ေဇာ္လင္းက ေျပာပါသည္။

“အမ်ိဳးသမီး တစ္ေယာက္က ရပ္ကြက္ အုပ္ခ်ဳပ္ေရးကို ဖုန္းဆက္လာတယ္။ အမ်ိဳးသမီး တစ္ေယာက္ပိတ္ ေလွာင္ခံထားရတယ္ ဆိုၿပီး။ အဲ့ဒီမွာ ကၽြန္ေတာ္က သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ေတြဆီဆက္သြယ္ေဆာင္ရြက္ ေပးတာပါ။ ျပန္ေခၚ ထုတ္ႏိုင္ေတာ့ ေကာင္မေလးက သူ႕အေဒၚ ကိုေခၚေပးဖို႕ပဲေျပာတယ္။ အမႈဖြင့္ႏိုင္တဲ့ အင္အားလည္းမရွိဘူးဆိုၿပီး သူ႕အေဒၚ နဲ႕အတူရြာျပန္ သြားပါၿပီ” ဟု ဦးႏိုင္ေဇာ္လင္းကေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ ေျမလတ္ၿမိဳ႕တစ္ၿမိဳ႕တြင္ ေနထိုင္သည့္ အသက္ ၁၈ ႏွစ္ အရြယ္ခန္႕ရွိ မိန္းကေလး ငယ္ျဖစ္သည္။ အလွျပင္ဆိုင္ႏွင့္ အလြန္ရင္းႏွီး သည္ ဆိုသည့္အမ်ိဳးသမီးတစ္ဦးႏွင့္ လူမႈကြန္ယက္စာမ်က္ႏွာ ေဖ့ဘြတ္မွ တစ္ဆင့္ မိတ္ေဆြဖြဲ႕ရင္းနွီးခဲ့ရာမွ အလုပ္လုပ္ခ်င္ သျဖင့္အကူအညီေတာင္းခဲ့ရာ အဆိုပါ အမ်ိဳးသမီးက မိန္းကေလး (၂) ဦးစာ အလုပ္ရွိသည္ဟု ဆိုျခင္းေၾကာင့္ သူငယ္ခ်င္းျဖစ္သူ မိန္းကေလး တစ္ဦးႏွင့္ ရန္ကုန္သို႕လာခဲ့ျခင္း ျဖစ္သည္ဟု သိရွိရသည္။

ယင္းေနာက္ အဆိုပါ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ သိကၽြမ္းခဲ့သည့္ အမ်ိဳးသမီး၏ အိမ္တြင္ တည္းခိုခဲ့ေၾကာင္း၊ အတူပါလာသည့္ သူငယ္ခ်င္းကို အလွျပင္ဆိုင္တြင္ အလုပ္ ရသည္ဟုေျပာ ဆိုၿပီးေနာက္ ၎ကိုမူ ေျမာက္ဒဂုံၿမိဳ႕ နယ္အတြင္းရွိ KTV တစ္ခုသို႕ လႊဲေပးလိုက္ျပီးေနာက္ တြင္ ယင္း KTV မွာ ပိတ္ေလွာင္ ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရွိရသည္။

unicode

မြောက်ဒဂုံ မြို့နယ် KTV တစ်ခု တွင် ပိတ်လောင် ခံထား ရသည့် အမျိုး သမီးတစ်ဦး ကို ကယ်တင်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် အတွင်းရှိ KTV တစ်ခုတွင် ပိတ်လှောင် ခံထားရသည့် အမျိုးသမီးတစ်ဦးကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြိုးပမ်းမှုဖြင့် ကယ်တင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း အဆိုပါ အမျိုးသမီးမှာ အမှုဖွင့်နိုင်သည့် အင်အား မရှိခြင်းကြောင့် ရွာပြန်သွားကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) အမှတ် (၂) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းက ပြောပါသည်။

“အမျိုးသမီး တစ်ယောက်က ရပ်ကွက် အုပ်ချုပ်ရေးကို ဖုန်းဆက်လာတယ်။ အမျိုးသမီး တစ်ယောက်ပိတ် လှောင်ခံထားရတယ် ဆိုပြီး။ အဲ့ဒီမှာ ကျွန်တော်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေဆီဆက်သွယ်ဆောင်ရွက် ပေးတာပါ။ ပြန်ခေါ် ထုတ်နိုင်တော့ ကောင်မလေးက သူ့အဒေါ် ကိုခေါ်ပေးဖို့ပဲပြောတယ်။ အမှုဖွင့်နိုင်တဲ့ အင်အားလည်းမရှိဘူးဆိုပြီး သူ့အဒေါ် နဲ့အတူရွာပြန် သွားပါပြီ” ဟု ဦးနိုင်ဇော်လင်းကပြောသည်။

အဆိုပါ အမျိုးသမီးသည် မြေလတ်မြို့တစ်မြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ် အရွယ်ခန့်ရှိ မိန်းကလေး ငယ်ဖြစ်သည်။ အလှပြင်ဆိုင်နှင့် အလွန်ရင်းနှီး သည် ဆိုသည့်အမျိုးသမီးတစ်ဦးနှင့် လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘွတ်မှ တစ်ဆင့် မိတ်ဆွေဖွဲ့ရင်းနှီးခဲ့ရာမှ အလုပ်လုပ်ချင် သဖြင့်အကူအညီတောင်းခဲ့ရာ အဆိုပါ အမျိုးသမီးက မိန်းကလေး (၂) ဦးစာ အလုပ်ရှိသည်ဟု ဆိုခြင်းကြောင့် သူငယ်ချင်းဖြစ်သူ မိန်းကလေး တစ်ဦးနှင့် ရန်ကုန်သို့လာခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်းနောက် အဆိုပါ လူမှုကွန်ယက် စာမျက်နှာတွင် သိကျွမ်းခဲ့သည့် အမျိုးသမီး၏ အိမ်တွင် တည်းခိုခဲ့ကြောင်း၊ အတူပါလာသည့် သူငယ်ချင်းကို အလှပြင်ဆိုင်တွင် အလုပ် ရသည်ဟုပြော ဆိုပြီးနောက် ၎င်းကိုမူ မြောက်ဒဂုံမြို့ နယ်အတွင်းရှိ KTV တစ်ခုသို့ လွှဲပေးလိုက်ပြီးနောက် တွင် ယင်း KTV မှာ ပိတ်လှောင် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။