ပရိသတ်ကြီးရေ ဂီတအနုပညာလာကမှာ အချိန်အတိုတွင်း အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့သူကတော့ အဆိုတော်မလေး မေမဒီ ပဲဖြစ်ပါတယ်။ မေမဒီဟာ Myanmar idol season – 3 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနုပညာနယ်ပယ်ထဲကို စတင်လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မေမဒီက ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေပေးနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတာ ကို တွေ့ရပါတယ်။
ဒီကနေ့မှာတော့ မေမဒီဟာ သြဂုတ်လအတွင်း ကံမကောင်းအကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။မေမဒီက “အမှန်တိုင်းပြောရရင် ဒီ ၈ လပိုင်းဟာ သက်တန်းတလျှောက် လုံးရဲ့ နေထိုင်လာခဲ့သမျှမှာ အကြောက်တရားလွှမ်းမိုးမှု့အကြီးဆုံး လဖြစ်တယ်။ အမြန်လမ်းမှာ သေဖို့ဖြစ်ခဲ့တာ ၂ကြိမ်တိတိဖြစ်ပြီး ကံကောင်းစွာနဲ့ အထိအခိုက်နည်းစွာ ပြန်ရှင်လာနိုင်ခဲ့တယ်။ မျက်စိ တစ်မှိတ်မှာ ငါသေပြီလို့တွေးပြီး သရဏဂုဏ် တည်နိုင်ခဲ့တယ်🙏 အဆိုးထဲကအကောင်းကိုယ်သိလိုက်ရတာက သေပြီဆိုတဲ့အတွေးထဲမှာတင် စွဲလန်းမှု့တွေမပါပဲ ဘာအစွဲမှမရှိပဲ လွတ်လွတ်ကင်းကင်း ဘုရားကိုပဲအာရုံပြုနိုင်ခဲ့တယ်။ ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာတရား ဘုရား တရား မမေ့ကြပါနဲ့။
တကယ်ဖြစ်လာတဲ့အခါမှာ ဘုရား တရား ရဲ့ ကုသိုလ်ကံနဲ့ မမြင်ရတဲ့အစောင့်အရှောက်တွေကပဲ ကယ်တင်ခဲ့တာမို့ မြင်ရတဲ့အရာတွေထက် မမြင်ရတဲ့အရာကိုပိုယုံကြည်ပြီး အားကိုးလာမိတယ်။ အထူးသဖြင့် ” ကြာသာပတေး ” သားသမီးတွေပိုဂရုစိုက်ရမယ့် လလို့ထင်ပါတယ်။ ဒီ ၈/၉/၁၀ လတွေမှာ သွားလာနေထိုင်စားသောက် အားလုံးသတိကပ်နေထိုင်ပြီး ဘုရား တရား ကို လုံးဝ💯မမေ့ဖို့ အကြံပြုချင်ပါတယ်။ ကံကောင်းလို့သာ ဒီစာကို ဒီနေ့မှာရေးနိုင်တာပါ။ ကိုယ်တွေ့ခံစားတွေ့ကြုံရသောအရာများနှင့်ယှဉ်၍ မေတ္တာဖြင့်” ဆိုပြီး ပြောလာပါတယ်။ နှစ်ကြိမ်တိတိအန္တရယ်ကြုံတွေ့ခဲ့ရတဲ့ မေမဒီလေးဘုရားတရားမမေ့လျော့တဲ့အကျိုးအားကြောင့် ခုလိုအန္တရယ်ကင်းစွာနဲ့ပြန်ရှင်သန်လာခဲ့တာပဲဖြစ်ပါတယ်နော်..။
Source: May Madi’s fb
zawgyi
ပရိသတ္ႀကီးေရ ဂီတအႏုပညာလာကမွာ အခ်ိန္အတိုတြင္း အသံခ်ိဳခ်ိဳေလးနဲ႔ ပရိသတ္ေတြရဲ႕ အသည္းေတြကို သိမ္းပိုက္ႏိုင္ခဲ့သူကေတာ့ အဆိုေတာ္မေလး ေမမဒီ ပဲျဖစ္ပါတယ္။ ေမမဒီဟာ Myanmar idol season – 3 ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ကာ အႏုပညာနယ္ပယ္ထဲကို စတင္ေလွ်ာက္လွမ္းလာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေမမဒီက ပရိသတ္ေတြကို အေကာင္းဆုံး ေဖ်ာ္ေျဖေပးႏိုင္တဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ေအာင္လည္း ႀကိဳးစားေနတာ ကို ေတြ႕ရပါတယ္။
ဒီကေန႔မွာေတာ့ ေမမဒီဟာ ၾသဂုတ္လအတြင္း ကံမေကာင္းအႀကိမ္ႀကိမ္ျဖစ္ခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။ေမမဒီက “အမွန္တိုင္းေျပာရရင္ ဒီ ၈ လပိုင္းဟာ သက္တန္းတေလွ်ာက္ လုံးရဲ႕ ေနထိုင္လာခဲ့သမွ်မွာ အေၾကာက္တရားလႊမ္းမိုးမႈ႕အႀကီးဆုံး လျဖစ္တယ္။ အျမန္လမ္းမွာ ေသဖို႔ျဖစ္ခဲ့တာ ၂ႀကိမ္တိတိျဖစ္ၿပီး ကံေကာင္းစြာနဲ႔ အထိအခိုက္နည္းစြာ ျပန္ရွင္လာႏိုင္ခဲ့တယ္။ မ်က္စိ တစ္မွိတ္မွာ ငါေသၿပီလို႔ေတြးၿပီး သရဏဂုဏ္ တည္ႏိုင္ခဲ့တယ္🙏 အဆိုးထဲကအေကာင္းကိုယ္သိလိုက္ရတာက ေသၿပီဆိုတဲ့အေတြးထဲမွာတင္ စြဲလန္းမႈ႕ေတြမပါပဲ ဘာအစြဲမွမရွိပဲ လြတ္လြတ္ကင္းကင္း ဘုရားကိုပဲအာ႐ုံျပဳႏိုင္ခဲ့တယ္။ ယုံၾကည္ရာ ကိုးကြယ္ရာ ဘာသာတရား ဘုရား တရား မေမ့ၾကပါနဲ႔။
တကယ္ျဖစ္လာတဲ့အခါမွာ ဘုရား တရား ရဲ႕ ကုသိုလ္ကံနဲ႔ မျမင္ရတဲ့အေစာင့္အေရွာက္ေတြကပဲ ကယ္တင္ခဲ့တာမို႔ ျမင္ရတဲ့အရာေတြထက္ မျမင္ရတဲ့အရာကိုပိုယုံၾကည္ၿပီး အားကိုးလာမိတယ္။ အထူးသျဖင့္ ” ၾကာသာပေတး ” သားသမီးေတြပိုဂ႐ုစိုက္ရမယ့္ လလို႔ထင္ပါတယ္။ ဒီ ၈/၉/၁၀ လေတြမွာ သြားလာေနထိုင္စားေသာက္ အားလုံးသတိကပ္ေနထိုင္ၿပီး ဘုရား တရား ကို လုံးဝ💯မေမ့ဖို႔ အႀကံျပဳခ်င္ပါတယ္။ ကံေကာင္းလို႔သာ ဒီစာကို ဒီေန႔မွာေရးႏိုင္တာပါ။ ကိုယ္ေတြ႕ခံစားေတြ႕ႀကဳံရေသာအရာမ်ားႏွင့္ယွဥ္၍ ေမတၱာျဖင့္” ဆိုၿပီး ေျပာလာပါတယ္။ ႏွစ္ႀကိမ္တိတိအႏၲရယ္ႀကဳံေတြ႕ခဲ့ရတဲ့ ေမမဒီေလးဘုရားတရားမေမ့ေလ်ာ့တဲ့အက်ိဳးအားေၾကာင့္ ခုလိုအႏၲရယ္ကင္းစြာနဲ႔ျပန္ရွင္သန္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္..။
Source: May Madi’s fb