သ႐ုပ္ေဆာင္ တစ္ခ်ိဳ႕က ေစ်းႏွိမ္ေပးၿပီး ႏွိမ့္ခ်ဆက္ဆံတယ္လို႔ ေဝဖန္ၾကတဲ့ အေပၚ ျပန္လည္ ေျဖရွင္းလာတဲ့ ျဖဴျဖဴေထြး

ပရိသတ္ႀကီးေရ ျဖဴျဖဴေထြး ကေတာ့ အားလုံး သိၾကတဲ့ အတိုင္း ပရိသတ္ေတြပါမက အႏုပညာရွင္ေတြရဲ႕ ခ်စ္ခင္ေလးစားမႈကိုလည္း ရရွိထားသူတစ္ေယာက္ ျဖစ္ပါတယ္။ယခုလို ကိုဗစ္ကာလမွာလည္း ေနာက္လိုက္ အႏုပညာရွင္မ်ားကို ေခၚယူၿပီး ေၾကာ္ျငာ႐ိုက္ကူးေရးေတြလည္း ျပဳလုပ္ေနပါတယ္။ အလႉအတန္းမွာလည္း ရက္ရက္ေရာေရာနဲ႔ ပါဝင္ ကူညီေနတယ္ ဆိုတာလည္း ပရိသတ္ႀကီးအားလုံး သိရွိေလာက္မွာပါ။ယခုရက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္တစ္ခ်ိဳ႕က ျဖဴျဖဴေထြးဟာ အႏုပညာရွင္ေတြကို ႏွိမ့္ခ်ဆက္ဆံတယ္ဆိုတဲ့ ေဝဖန္မႈေတြျပဳလုပ္လာခဲ့တာျဖစ္ၿပီး ဒီလို ေဝဖန္မႈေတြကို ျဖဴျဖဴေထြးက တည္ၿငိမ္စြာနဲ႔ ေျဖရွင္းလာခဲ့တာပါ

ျဖဴျဖဴေထြးက ” ကိုယ္က ဇာတ္ၫႊန္းေရး တဲ့ သူဆိုေတာ့ ဇာတ္သိခ်င္လို႔ ဖုန္းနဲ႔ ေျပာေပးတာကလြဲၿပီး သ႐ုပ္ေဆာင္ေတြကို ကိုယ္တိုင္ ဖုန္းဆက္ၿပီး မေခၚျဖစ္ဘူး။ ဘာျဖစ္လို႔ ကိုယ္တိုင္ ဖုန္းဆက္ၿပီး သ႐ုပ္ေဆာင္ေတြကို မေခၚျဖစ္တာလဲဆိုေတာ့ ကိုယ္က ဇာတ္ၫႊန္းေရးတဲ့သူ ျဖစ္တဲ့အတြက္ ဇာတ္ၫႊန္းထဲမွာပဲ အာ႐ုံရတယ္။ အမကပဲ သ႐ုပ္ေဆာင္ေတြ ကို ဖုန္းဆက္ၿပီး ေခၚတယ္။ တခါတေလက် အမကပဲ ပုံေလးေတြ လာျပတယ္။ တခါက်ေတာ့လည္း ကိုယ့္ဘာသာ ေဖ့ဘုတ္သုံးေနရင္း ဒီကာ႐ိုက္တာေလးကေတာ့ ဒီဇာတ္႐ုပ္ေလးနဲ႔ လိုက္တယ္။ ေခၚလိုက္ပါ မႀကီးေရ ဆိုၿပီး အမကို ေခၚခိုင္းတာမ်ိဳးလည္း ရွိတယ္။ ”လို႔ ျပန္လည္ေျဖရွင္း လာခဲ့တာပါ

ဆက္လက္ၿပီး ျဖဴျဖဴေထြးက “ဘယ္သူ႔ကိုမွလည္း ေဈးမဆစ္ ခဲ့ပါဘူး။ ဒီေဈးလား ရတယ္ ဒီေဈးဆိုရင္ တကယ္လိုက္မယ့္ဇာတ္ ေခၚ႐ိုက္ေပးတယ္။တခါတေလက်ရင္ အလုပ္အပ္တဲ့သူေတြက သတ္မွတ္ထားတဲ့ ေဈးဆိုတာ ရွိတယ္။ အဲ့ဒါကို ကိုယ္ကေနမွ ဒီထဲမွာ လိုက္မယ့္သူေတြ ေ႐ြးရတယ္။ တခ်ိဳ႕ ေဈးႀကီးႀကီးေတာင္းတဲ့ သ႐ုပ္ေဆာင္ေတြ ဆိုရင္လည္း အလုပ္အပ္တဲ့ သူေတြက ရတယ္ တတ္ႏိုင္တယ္ဆိုရင္လည္း ကိုယ္က ေခၚ႐ိုက္တယ္။ အလုပ္အပ္တဲ့သူက မတတ္ႏိုင္ဘူးဆိုရင္လည္း ေဈးႀကီးတဲ့ သ႐ုပ္ေဆာင္ေတြဆိုရင္ ရတယ္ ေနာက္တစ္ခါ ေခၚ႐ိုက္မယ္ဆိုၿပီး ေျပာေပးျဖစ္တယ္။ သူေျပာထားတဲ့ ေဈးပဲ ေဈးလုံးဝမဆစ္ဘူး။ ေနာက္ၿပီး သ႐ုပ္ေဆာင္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဖုန္းဆက္တာကလည္း သမီးမဟုတ္ဘူး။ ” လို႔ ရွင္းျပလာခဲ့တာပါ ပရိသတ္ႀကီးေရျဖဴျဖဴေထြးတစ္ေယာက္ကေတာ့ ေဝဖန္လာသူေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲျပန္လည္ေျဖရွင္းလာခဲ့တာပါ ပရိသတ္ႀကီးေရ လူမႈကြန္ယက္မွာ စိတ္ဝင္စားေနၾကတာျဖစ္လို႔ တင္ဆက္ေပး လိုက္ရပါတယ္ေနာ္

Credit Shweyaunglan

unicode

သရုပ်ဆောင် တစ်ချို့က စျေးနှိမ်ပေးပြီး နှိမ့်ချဆက်ဆံတယ်လို့ ဝေဖန်ကြတဲ့ အပေါ် ပြန်လည် ဖြေရှင်းလာတဲ့ ဖြူဖြူထွေး

ပရိသတ်ကြီးရေ ဖြူဖြူထွေး ကတော့ အားလုံး သိကြတဲ့ အတိုင်း ပရိသတ်တွေပါမက အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ယခုလို ကိုဗစ်ကာလမှာလည်း နောက်လိုက် အနုပညာရှင်များကို ခေါ်ယူပြီး ကြော်ငြာရိုက်ကူးရေးတွေလည်း ပြုလုပ်နေပါတယ်။ အလှူအတန်းမှာလည်း ရက်ရက်ရောရောနဲ့ ပါဝင် ကူညီနေတယ် ဆိုတာလည်း ပရိသတ်ကြီးအားလုံး သိရှိလောက်မှာပါ။ယခုရက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ချို့က ဖြူဖြူထွေးဟာ အနုပညာရှင်တွေကို နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ ဝေဖန်မှုတွေပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီလို ဝေဖန်မှုတွေကို ဖြူဖြူထွေးက တည်ငြိမ်စွာနဲ့ ဖြေရှင်းလာခဲ့တာပါ

ဖြူဖြူထွေးက ” ကိုယ်က ဇာတ်ညွှန်းရေး တဲ့ သူဆိုတော့ ဇာတ်သိချင်လို့ ဖုန်းနဲ့ ပြောပေးတာကလွဲပြီး သရုပ်ဆောင်တွေကို ကိုယ်တိုင် ဖုန်းဆက်ပြီး မခေါ်ဖြစ်ဘူး။ ဘာဖြစ်လို့ ကိုယ်တိုင် ဖုန်းဆက်ပြီး သရုပ်ဆောင်တွေကို မခေါ်ဖြစ်တာလဲဆိုတော့ ကိုယ်က ဇာတ်ညွှန်းရေးတဲ့သူ ဖြစ်တဲ့အတွက် ဇာတ်ညွှန်းထဲမှာပဲ အာရုံရတယ်။ အမကပဲ သရုပ်ဆောင်တွေ ကို ဖုန်းဆက်ပြီး ခေါ်တယ်။ တခါတလေကျ အမကပဲ ပုံလေးတွေ လာပြတယ်။ တခါကျတော့လည်း ကိုယ့်ဘာသာ ဖေ့ဘုတ်သုံးနေရင်း ဒီကာရိုက်တာလေးကတော့ ဒီဇာတ်ရုပ်လေးနဲ့ လိုက်တယ်။ ခေါ်လိုက်ပါ မကြီးရေ ဆိုပြီး အမကို ခေါ်ခိုင်းတာမျိုးလည်း ရှိတယ်။ ”လို့ ပြန်လည်ဖြေရှင်း လာခဲ့တာပါ

ဆက်လက်ပြီး ဖြူဖြူထွေးက “ဘယ်သူ့ကိုမှလည်း ဈေးမဆစ် ခဲ့ပါဘူး။ ဒီဈေးလား ရတယ် ဒီဈေးဆိုရင် တကယ်လိုက်မယ့်ဇာတ် ခေါ်ရိုက်ပေးတယ်။တခါတလေကျရင် အလုပ်အပ်တဲ့သူတွေက သတ်မှတ်ထားတဲ့ ဈေးဆိုတာ ရှိတယ်။ အဲ့ဒါကို ကိုယ်ကနေမှ ဒီထဲမှာ လိုက်မယ့်သူတွေ ရွေးရတယ်။ တချို့ ဈေးကြီးကြီးတောင်းတဲ့ သရုပ်ဆောင်တွေ ဆိုရင်လည်း အလုပ်အပ်တဲ့ သူတွေက ရတယ် တတ်နိုင်တယ်ဆိုရင်လည်း ကိုယ်က ခေါ်ရိုက်တယ်။ အလုပ်အပ်တဲ့သူက မတတ်နိုင်ဘူးဆိုရင်လည်း ဈေးကြီးတဲ့ သရုပ်ဆောင်တွေဆိုရင် ရတယ် နောက်တစ်ခါ ခေါ်ရိုက်မယ်ဆိုပြီး ပြောပေးဖြစ်တယ်။ သူပြောထားတဲ့ ဈေးပဲ ဈေးလုံးဝမဆစ်ဘူး။ နောက်ပြီး သရုပ်ဆောင်တွေ တော်တော်များများကို ဖုန်းဆက်တာကလည်း သမီးမဟုတ်ဘူး။ ” လို့ ရှင်းပြလာခဲ့တာပါ ပရိသတ်ကြီးရေဖြူဖြူထွေးတစ်ယောက်ကတော့ ဝေဖန်လာသူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲပြန်လည်ဖြေရှင်းလာခဲ့တာပါ ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ စိတ်ဝင်စားနေကြတာဖြစ်လို့ တင်ဆက်ပေး လိုက်ရပါတယ်နော်

Credit Shweyaunglan

Add a Comment

Your email address will not be published. Required fields are marked *

14 − 8 =