တ႐ုတ္ျပည္ Weibo မွာ နာမည္ႀကီးေနတဲ့ ဗီဒီယို တစ္ခု

တ႐ုတ္ျပည္က လူေတြအသုံးမ်ားတဲ့ ဆိုရွယ္မီဒီယာ Weibo မွာ ဗီဒီယိုတစ္ခု ဩဂုတ္လ ၁၉ရက္ကတည္းက နာမည္ႀကီးေနတယ္။ အဲ့ဒီ ဗီဒီယိုကို ႏွိပ္တဲ့ကလစ္ေပါင္း ၉၁ သန္းေက်ာ္ေနၿပီတဲ့။ အဲ့ဒီဗီဒီယိုက တ႐ုတ္ႏိုင္ငံေတာင္ပိုင္း၊ စီခြၽမ္ျပည္နယ္က ကမာၻ႔အႀကီးဆုံး ဗုဒၶ႐ုပ္ပြားေတာ္ႀကီးရဲ႕ ေျခဖဝါးေတာ္အထိ ေရေတြႀကီးေနတဲ့ ဗီဒီယိုေပါ့။

အဲ့ဒီ ဧရာမ ဗုဒၶ႐ုပ္ပြားေတာ္ႀကီးဟာ ေတာင္နံရံမွာ ထြင္းထုထားတာျဖစ္တယ္။ ေျခႏွစ္ဖက္စုံခ်ထားတာမို႔ ” ျပလမၺနာသန” ဗုဒၶ႐ုပ္ပြားေတာ္ႀကီး ျဖစ္ပါတယ္။ဧရာမဗုဒၶ႐ုပ္ပြားေတာ္ႀကီးဟာ အေရွ႕ဘက္မွာရွိတဲ့ ျမစ္သုံးစင္းဆုံရာေနရာနဲ႔ တစ္ဖက္ကမ္းမွာရွိတဲ့လီရွန္ၿမိဳ႕ကို မ်က္ႏွာမူထားတယ္။ Leshan Giant Buddha လို႔ ကမာၻက သိတဲ့ အဲ့ဒီ ဗုဒၶ႐ုပ္ပြားေတာ္ႀကီးဟာ တ႐ုတ္ႏိုင္ငံ ” တန္ ” မင္းဆက္လက္ထက္၊ ေအဒီ ၇၁၃ မွာ စတင္ထြင္းထုၿပီး ႏွစ္ေပါင္း ၉၀ အၾကာ ေအဒီ ၈၀၃ မွာအၿပီးသတ္ခဲ့တာေပါ့။ေခတ္အဆက္ဆက္ မင္းေတြနဲ႔လူေတြ ထိန္းသိမ္းလာခဲ့တာ ႏွစ္ေပါင္း ၁၂၀၀ ေက်ာ္လာၿပီ။

လီရွန္ျမစ္နံေဘး သစ္ေတာထဲမွာရွိတဲ့ အခ်ိဳ႕ သစ္ပင္ေတြဟာလည္းပဲ ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ သက္တမ္းရွိတဲ့ အဖိုးတန္အပင္ေတြျဖစ္တဲ့အတြက္ ၁၉၉၆ ခုႏွစ္တုန္းက ယူနက္စကိုအဖြဲ႕ႀကီးရဲ႕ ” ကမာၻ႔ယဥ္ေက်းမႈနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ” ဆိုက္တစ္ခု (World Heritage Site ) လို႔ စာရင္းသြင္းခံရတဲ့ ေနရာျဖစ္တယ္..။

အခုေတာ့ ကမာၻ႔အႀကီးဆုံး ဗုဒၶ႐ုပ္ပြားေတာ္ႀကီးရဲ႕ ေျခဖဝါးေတာ္အထိ ေရေတြေရာက္ေနၿပီ။ ဒါေၾကာင့္ အဲ့ဒီေနရာကို အခုေလာေလာဆယ္ေတာ့ ခဏပိတ္ထားရတယ္။ဒါဟာ ဆယ္စုႏွစ္မ်ားစြာအတြင္းမွာ ပထမဆုံးအႀကိမ္ ႀကီးမားတဲ့ေရလႊမ္းမိုးမႈႀကီးျဖစ္တယ္တဲ့။ ျမစ္က်ဥ္းသုံးသြယ္ေရကာတာႀကီး က်ိဳးေပါက္ခဲ့ပါလွ်င္.. ဗုဒၶ႐ုပ္ပြားေတာ္ႀကီးက မီတာ ၇၀ ရွည္ၿပီး အေတာ့္ကို သပၸါယ္လွတယ္။ဒီလိုေရႀကီးၿပီး ဗုဒၶ႐ုပ္ပြားေတာ္ႀကီးရဲ႕ ေျခေတာ္အထိ ေရတက္တာမ်ိဳးဟာ ေတြရခဲပါတယ္။ ၁၉၄၉ ခုႏွစ္ကတည္းက ဒီလို တစ္ခါမွ မျဖစ္ခဲ့ဖူးပါ။ဇြန္လကတည္းကစၿပီး ေရႀကီးလိုက္တာဟာ ဒီေန႔အထိပဲ။ ေရႀကီးမႈေၾကာင့္ အနည္းဆုံးလူေပါင္း ၅၅ သန္းကိုဒုကၡေရာက္ေစခဲ့ၿပီ။

လူဦးေရ ၅၅ သန္း ဆိုတာ နည္းတာမဟုတ္။ ကေနဒါ တစ္ႏိုင္ငံလုံးမွာရွိတဲ့ လူဦးေရထက္ ပိုမ်ားတယ္။ ေတာင္ကိုရီးယား တစ္ႏိုင္ငံလုံးထက္မ်ားတယ္။ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ လူဦးေရထက္ေတာင္ပိုတယ္။ အာရွတိုက္ရဲ႕ အရွည္လ်ားဆုံးျမစ္ျဖစ္တဲ့ တ႐ုတ္ျပည္ရဲ႕ ယန္ဇီျမစ္ (Yangtze River ) မွာ မိုးေတြ႐ြာေနဆဲ။

မေ႐ႊမိုး (ကိုရီးယား)

unicode

တရုတ်ပြည် Weibo မှာ နာမည်ကြီးနေတဲ့ ဗီဒီယို တစ်ခု

တရုတ်ပြည်က လူတွေအသုံးများတဲ့ ဆိုရှယ်မီဒီယာ Weibo မှာ ဗီဒီယိုတစ်ခု ဩဂုတ်လ ၁၉ရက်ကတည်းက နာမည်ကြီးနေတယ်။ အဲ့ဒီ ဗီဒီယိုကို နှိပ်တဲ့ကလစ်ပေါင်း ၉၁ သန်းကျော်နေပြီတဲ့။ အဲ့ဒီဗီဒီယိုက တရုတ်နိုင်ငံတောင်ပိုင်း၊ စီချွမ်ပြည်နယ်က ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေဖဝါးတော်အထိ ရေတွေကြီးနေတဲ့ ဗီဒီယိုပေါ့။

အဲ့ဒီ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ တောင်နံရံမှာ ထွင်းထုထားတာဖြစ်တယ်။ ခြေနှစ်ဖက်စုံချထားတာမို့ ” ပြလမ္ဗနာသန” ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးဟာ အရှေ့ဘက်မှာရှိတဲ့ မြစ်သုံးစင်းဆုံရာနေရာနဲ့ တစ်ဖက်ကမ်းမှာရှိတဲ့လီရှန်မြို့ကို မျက်နှာမူထားတယ်။ Leshan Giant Buddha လို့ ကမ္ဘာက သိတဲ့ အဲ့ဒီ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ တရုတ်နိုင်ငံ ” တန် ” မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာ စတင်ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်ခဲ့တာပေါ့။ခေတ်အဆက်ဆက် မင်းတွေနဲ့လူတွေ ထိန်းသိမ်းလာခဲ့တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပြီ။

လီရှန်မြစ်နံဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေဟာလည်းပဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိတဲ့ အဖိုးတန်အပင်တွေဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်တုန်းက ယူနက်စကိုအဖွဲ့ကြီးရဲ့ ” ကမ္ဘာ့ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ” ဆိုက်တစ်ခု (World Heritage Site ) လို့ စာရင်းသွင်းခံရတဲ့ နေရာဖြစ်တယ်..။

အခုတော့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေဖဝါးတော်အထိ ရေတွေရောက်နေပြီ။ ဒါကြောင့် အဲ့ဒီနေရာကို အခုလောလောဆယ်တော့ ခဏပိတ်ထားရတယ်။ဒါဟာ ဆယ်စုနှစ်များစွာအတွင်းမှာ ပထမဆုံးအကြိမ် ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးဖြစ်တယ်တဲ့။ မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီး ကျိုးပေါက်ခဲ့ပါလျှင်.. ဗုဒ္ဓရုပ်ပွားတော်ကြီးက မီတာ ၇၀ ရှည်ပြီး အတော့်ကို သပ္ပါယ်လှတယ်။ဒီလိုရေကြီးပြီး ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေတော်အထိ ရေတက်တာမျိုးဟာ တွေရခဲပါတယ်။ ၁၉၄၉ ခုနှစ်ကတည်းက ဒီလို တစ်ခါမှ မဖြစ်ခဲ့ဖူးပါ။ဇွန်လကတည်းကစပြီး ရေကြီးလိုက်တာဟာ ဒီနေ့အထိပဲ။ ရေကြီးမှုကြောင့် အနည်းဆုံးလူပေါင်း ၅၅ သန်းကိုဒုက္ခရောက်စေခဲ့ပြီ။

လူဦးရေ ၅၅ သန်း ဆိုတာ နည်းတာမဟုတ်။ ကနေဒါ တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေထက် ပိုများတယ်။ တောင်ကိုရီးယား တစ်နိုင်ငံလုံးထက်များတယ်။မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေထက်တောင်ပိုတယ်။ အာရှတိုက်ရဲ့ အရှည်လျားဆုံးမြစ်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ယန်ဇီမြစ် (Yangtze River ) မှာ မိုးတွေရွာနေဆဲ။

မရွှေမိုး (ကိုရီးယား)

Add a Comment

Your email address will not be published. Required fields are marked *

16 − 6 =