ယခုနှစ်ပိုင်းတွေမှာ နှုတ်ခမ်းနီမလေးများ ဖြစ်သော မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ သူ ကတော့ လူငယ်အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော်အုပ်စိုးခန့် ပဲဖြစ်ပါတယ်နော်။ အုပ်စိုးခန့်ဟာ အသံချိုချို အေးအေးလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖန်တီးတတ်သူ တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တော် အုပ်အုပ်ဟာ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါလွန်းသူ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နှစ်အတွင်းက “အိပ်မက်တွေမိုးထားတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပီပြင်စွာ ပါဝင် သရုပ်ဆောင် ထားခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာ လည်း ပရိသတ်တွေ ရဲ့ အားပေးမှုကို အပြည့်အဝ ရခဲ့သူပါ။
၂၀ပတ်ချာလည် အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ တဖွဲဖွဲ ရရှိထားတဲ့ အဆိုတော်အုပ်စိုးခန့်ဟာ နိုင်ငံခြားသာ သူငယ်ချင်းမိတ်ဆွေ အဆိုတော်များနှင့်လည်း ပူးပေါင်းပြီး သီချင်းလေးတွေ လုပ်နေတာဖြစ်ပြီး လက်တလော ထွက်ရှိထားတဲ့ သီချင်းလေးဟာတော့ ပြည်တွင်းတွင် သာမက ထိုင်းနိုင်ငံထိ အောင်မြင်နေပြီး လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံထိ ပေါက်ခဲ့ကာ Top3 စာရင်းထဲထိ ဝင်နေခဲ့ကြောင်း သူကိုယ်တိုင် ဝမ်းမြောက်စွာ ပုံလေးနှင့်တကွ ပြောလာခဲ့ ပါတယ်နော်။ ဒီလိုအောင်မြင်မှုတွေ သယ်ဆောင်လာတဲ့ လူငယ် အဆိုတော်လေး အတွက် သူ့ရဲ့ပရိသတ်တွေက ဝမ်းသာလို့ မဆုံးခင်မှာပင် ဒီကနေ့မှာလည်း အုပ်စိုးခန့်က ပရိသတ်တွေအတွက် ဂုဏ်ယူစရာ ဝမ်းမြောက်စရာ သတင်းကောင်းလေးတစ်ခုကို ယူဆောင်လို့ ပေးလာ ခဲ့ပြန်ပါပြီ။ ဒီသတင်းကောင်းလေး ကတော့ ပရိသတ်တို့ရဲ့အချစ်တော် အသည်းကျော် အုပ်စိုးခန့်ဟာ TC Candler 2022 ရဲ့ ကမ္ဘာ့အချောမောဆုံးအမျိုးသား စာရင်းမှာ ဆန်ကာတင်အဖြစ်ပါဝင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာလူငယ်အဆိုတော်လေး အုပ်စိုးခန့်က TC Candler 2022 မှာ အမေရိကန်၊ ကိုရီးယား၊ ထိုင်းစတဲ့ ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးက အဆိုတော်၊ သရုပ်ဆောင် မင်းသား ထင်ရှားကျော်ကြာ သူတွေနဲ့ ယှဉ်ပြီး ကမ္ဘာ့အချောဆုံးသူတွေ ထဲက တစ်ယောက်အဖြစ် ဆန်ကာတင်စာရင်းဝင် ရွေးချယ်ခံ လာရတာပဲဖြစ်ပါတယ်။ ပြီးခဲ့သော(2021) ခုနှစ်မှာလည်း TC Candlerရဲ့ ကမ္ဘာ့ အချောမောဆုံး အမျိုးသားအဖြစ် မော်ဒယ်လ် သရုပ်ဆောင်ပိုင်တံခွန်က ကမ္ဘာတဝှမ်းက အောင်မြင်ကျော်ကြားသူများကို ဖြတ်ကျော်ကာ ကမ္ဘာ့နံပါတ် (၁) အချောမောဆုံးဖြစ်ခဲ့တာမို့ ဒီနှစ်မှာလည်း မြန်မာနိုင်ငံကပဲ အချောမောဆုံးဖြစ်ကာ နံပါတ်၁ ရဦးမလားဆိုတာကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာပါပဲနော်။ ဖတ်ရှု့အားပေး နေကြသော ပရိသတ်ကြီးတို့ကလည်း ကမ္ဘာ့အချောမောဆုံးအဖြစ် ဆန်ကာတင်စာရင်းဝင်လာခဲ့တဲ့ အုပ်စိုးခန့်အတွက် ဆုတောင်းပေးရင်း ဝန်းရံအားပေး ကြပါဦးနော်။
crd