Dr. Myint Myint Sein
သူငယ်ချင်းတို့ရေ
Nay Thway
unicode
စစ်တွေ မှာ အသိအချို့ တအိမ်လုံး နေကောင်းပြီး နည်းနည်းဖျား ၊ အနံ့ မရ တာတေါ်တေါ် ရှိနေတယ်။ တမြို့လုံး ဖြန့်ပြီး ဖြစ်နေပြီ ထင်တယ်။
ကိုဗစ်ကို စွမ်းစွမ်းတမံတိုက်ပွဲ ဝင်ရင်း ကိုယ်တိုင်လည်း ကူးစက်ခံရပီး ပြန်လည်ပျောက်ကင်းလာတဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ကတော့ အခုလိုပြောထားပါတယ်။
စစ်တွေမှာ အသိအချို့ တအိမ်လုံး နေကောင်းပြီး နည်းနည်း ဖျား ၊ အနံ့မရ တာတေါ်တေါ်ရှိနေတယ်။ တမြို့လုံး ဖြန့်ပြီး ဖြစ်နေပြီထင်တယ်။
stay home patient တွေလည်း သိပ်မဖျားရင် keep at home treatment ဘဲနိုင်တေါ့မယ်ထင်တယ်။ strict lock down ရပ်ကွက်၊ မြို့ တမြို့လုံး ဘဲလုပ်ရတေါ့မယ်။
ပိုမပြင်းဖို့ဘဲဆုတေါင်းရမယ်။ ရပ်ကွက်လိုက် test လုပ်ကြည့်ရင် တေါ်တေါ် မျာများပေါ်လါနိုင်တယ်။
Dr. Myint Myint Sein
ရခိုင်မှာ အခုဆိုရင် ကျန်းမာရေး ဝန်ထမ်း ၁၇ ဦးအထိ COVID ကူးစက်တာ ခံစားနေရပါပီ။ ဆရာဝန်တဦး အပါအဝင် သူနာပြုတွေနဲ့ အခြားဝန်ထမ်းတွေပါ။ သူတို့ရဲ့ မိသားစုတွေမှာလဲ စိုးရိမ်မှုတွေ ရှိနေပါတယ်။ လူထဲက လူတွေဖြစ်လို့ ပူပန်မှုတွေ၊ ထိတ်လန့်မှုတွေ ရှိပါတယ်။
ဒီလို ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်း ရတိုင်းမှာ အမြင်မတူတာတွေ၊ ဒေါသဖြစ်ကြတာတွေ၊ ဖိအားတွေများလို့ ပေါက်ကွဲကြတာတွေ ရှိပါတယ်။ အရေးကြီးတာက အထက်ကလဲ အောက်ကို နားလည်ပေးရမှာ ဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့လဲ လိုအပ်ပါတယ်။ သူတို့ခမျာ ပြည်သူတွေရဲ့ အားပေးမှုကို လိုအပ်နေပါတယ်။ ငွေတွေ ပစ္စည်းတွေထက် အားပေးနေတယ်ဆိုတဲ့ စကားတခွန်းက အခုအချိန်မှာ ပိုလိုအပ်ပါတယ်။
သူငယ်ချင်းတို့ရေ
မင်းတို့ဟာ ဒီတိုက်ပွဲ ကို အနိုင်တိုက်မယ် လို့လဲ ယုံကြည်ပါတယ်။ အဆင်မပြေတာတွေ သဘောထားကွဲတာတွေကို ညီညွှတ်မှုနဲ့ ကျော်ဖြတ်ကြမယ်။ တတ်နိုင်သမျှ ငါတို့တွေ ကူညီမယ်။ စိတ်ဓာတ်မကျနဲ့။ မင်းတို့တွေဟာ သူရဲကောင်းတွေ ဖြစ်တယ်။
ဒီကပ်ရောဂါကြီး မပြီးဆုံးသေးသရွေ့ လက်တွဲ တွေထား။ ခေါင်းတွေမော့ထားကြပါစို့။ ဒါဟာ ငါတို့ခေတ်ရဲ့ တာဝန်ကို ကျေပွန်ခြင်းပါပဲ။ တိုက်ပွဲဝင်ကြပါစို့။
Nay Thway
Add a Comment
Your email address will not be published. Required fields are marked *
twenty − 14 =