ဒါလေးတွေ သိနေရင် ကလေး ပညာရေး တစ်နှစ်၊ ခြောက်လ၊ သုံးလ နောက်ကျ ခဲ့တာကို သင်စိတ်မကောင်းဖြစ်နေ ဦးမလား….

ဒါလေးတွေ သိနေရင် ကလေး ပညာရေး တစ်နှစ်၊ ခြောက်လ၊ သုံးလ နောက်ကျခဲ့တာကို သင်စိတ်မကောင်းဖြစ်နေ ဦးမလား….

ကျောင်းသား မိဘအများစုဟာ ကျောင်းဖွင့်ချိန် နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေဖြစ်နေကြတယ်။ ကျောင်းဖွင့်နောက်ကျ ခဲ့ရင် ကလေးတွေရဲ့ အနာဂတ်တွေ နှောင့်နှေးမှာ ပူပန်နေကြတယ်။

တကယ်ကော…. ကိုဗစ်ကြောင့် ပညာရေးတွေ နောက်ကျ သွားမှာလား။

သင့်ရဲ့ကလေးကို အခု အချိန်မှာ…..

စာနာထောက်ထားခြင်းရဲ့ တန်ဖိုးတွေ ကို သင်ပေးထားမယ် ဆိုရင်၊ မိသားစုတွေနဲ့ စည်းလုံးညီညွှတ်စွာနေထိုင်တတ်အောင် သင်ထားပေးမယ်ဆိုရင်၊ တီထွင်ကြံဆဉာဏ်တွေ ကောင်းမွန်အောင်၊ စာအုပ်တွေကို ချစ်တတ်သွားအောင်၊ ခံစားချက်တွေကို ချရေးတတ်အောင် သင်ထားပေးမယ် ဆိုရင်….

ခြံဝင်းထဲမှာ ထိုင်ပြီး တိတ်ဆိတ်ခြင်း ရဲ့ အရသာ ကို ခံစားတတ်အောင်၊ ပြတင်းပေါက်မှာ ထိုင်ပြီး ငြိမ်းချမ်းခြင်းရဲ့ အသံကို နားထောင်တတ်အောင် သင်ထားပေးမယ် ဆိုရင်….

ငှက်လေးတွေရဲ့ တီတီတာတာအသံလေးတွေကို နားထောင် တတ်အောင်၊ ပန်းလေးတွေအပေါ် ဟိုဟိုဒီဒီပျံသွားနေတဲ့ လိပ်ပြာလေးတွေရဲ့ အတောင်ပံခတ်သံကို နားစွင့် တတ်အောင်၊ မိုးရွာပြီးတဲ့နောက် မြေနံ့လေးတွေကို ရှူရှိုက်တတ်အောင် သင်ထားပေးမယ်ဆိုရင်….

သူတို့ကြိုက်တဲ့ ဟင်းလေးတွေကို ကိုယ်တိုင်ချက်တတ်အောင်၊ သူတို့ အခန်းကို သူတို့ ကိုယ်တိုင်ရှင်းတတ်အောင်၊ အဝတ်ကိုယ်တိုင်လျှော်တတ်အောင်၊ အိမ်ကို ရှင်းတတ်အောင် သင်ထားပေးမယ်ဆိုရင်….

အိမ်မှာရှိနေတဲ့အရာလေးတွေကို ခြိုးခြံချွေတာ တတ်အောင်၊ ရှိသမျှနဲ့ ရောင့်ရဲတတ်အောင် သင်ထားပေး မယ် ဆိုရင်….

အိမ်အတွက် လိုအပ်တဲ့အရာတွေကို သွားဝယ်ဖို့ စာရင်းလုပ်တဲ့နေရာ မှာ ကူညီစေဖို့၊ အစားအစာတွေ ချက်ပြုတ်ပြင်ဆင်ဖို့ ကူညီနိုင်ဖို့ သင်ထားပေးမယ် ဆိုရင်…..

မိသားစု လက်ဆုံစားတာတွေရဲ့ တန်ဖိုး၊ ရှိနေတဲ့အရာတွေကို မိသားစု နဲ့ ခွဲဝေ သုံးတတ်ဖို့ လေ့ကျင့်ပေးသွား မယ်ဆိုရင်….

ဆရာ၊ ဆရာမတွေရဲ့ တန်ဖိုး၊ စာကြည့်တိုက်းမှူး၊ အထွေထွေ လုပ်သားတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ လူမှုအကျိုးပြုလုပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကုန်တိုက်အရောင်းစာရေးတွေရဲ့ တန်ဖိုးကိုသိပြီး သူတို့ကိုကျေးဇူးတင်တတ်တဲ့ စိတ်သဘောထားကို မွေးမြူပေးထားမယ်ဆိုရင်….

ရိုးရှင်းတဲ့ဘဝရဲ့တန်ဖိုး၊ အသေး အဖွဲလေးတွေကို တန်ဖိုးထား တတ်ပြီး စာနာ နားလည်ခြင်းတွေကို ကောင်းစွာ တတ်မြောက်လာတဲ့ အဲ့ဒီလိုကလေးတွေဟာ ခေါင်းဆောင်တွေဖြစ်လာပြီး ကျွန်မတို့ကို ဦးဆောင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။

အခုအချိန်ဟာ ကျောင်းတွေ ပိတ်ထားပါတယ်။ လူတော်တွေဖြစ် လာဖို့ သင်ပေးမယ့် တံခါးက ခဏလေး ပိတ်ထားပေမယ့် လူကောင်းတွေဖြစ်လာအောင် အိမ်မှာ သင်ထားပေးလို့ရပါတယ်။

ပညာရေး တစ်နှစ်၊ ခြောက်လ၊ သုံးလ နောက်ကျ ခဲ့တာကို သင်စိတ်မကောင်းဖြစ်နေဦးမလား။

ဂန္ထဝင်မဂ္ဂဇင်း

Add a Comment

Your email address will not be published. Required fields are marked *

4 × 4 =