Source: Htoo Khant’s fb
unicode
ရုတ်တရက်ကြီး ဆေးရုံတက်လိုက် ရတဲ့ ချစ် ဇနီးလေး အနားမှာ အနီးကပ် စောင့်ရှောက်ရင်းနေ မြန်မြန်ပြန်ကောင်းဖို့ ဆုတောင်း နေတဲ့ ရွှေထူး
နိုင်ငံကျော် မင်းသမီးလေး တစ်ယောက် ဖြစ်တဲ့ ရွှေမှုံရတီ ကတော့ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလောက ထဲကို ဝင်ရောက် ခဲ့ပြီး အောင်မြင်မှု တွေအများအပြား ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက သူမရဲ့ အအောင်မြင်ဆုံး အချိန်မှာတင် အဆိုတော် ရွွှှထေူးနဲ့ လက်ထပ်ခဲ့ ပြီးနောက် အိမ်ထောင်ရှင်မ တစ်ယောက် အဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူး ကလည်း သူ့ကြောင့် နဲ့ ရွှေမှုံရတီရဲ့ အောင်မြင်မှုကို အပျက်မခံပဲ ချစ်ဇနီးကို ကြော့ကြော့မော့မော့လေး ထားပြီး ရွှေမင်းသမီးတစ်ယောက်လို ဂရုစိုက်တာပဲ ဖြစ်ပါတယ်။
ငယ်စဉ် ကတည်းက နှလုံးရောဂါအခံ ကြောင့် ဆေးရုံ ဆေးခန်းတွေ မကြာခဏ သွားရတဲ့ ရွှေမှုံရတီက အိမ်ထောင်ကျပြီး နောက်ပိုင်း အရင် ကလောက် ဆေးရုံမတက်ရပေမယ့် ဒီကနေ့မှာတော့ ဆေးထိုးပိုက်တန်းလန်းနဲ့ ဆေးရုံပေါ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးကလည်း ရုတ်တရက်ကြီး ဆေးရုံတက်လိုက်ရတဲ့ ချစ်ဇနီးလေး အနားမှာ အနီးကပ်စောင့်ရှောက်ရင်း နေမြန်မြန် ပြန်ကောင်းဖို့ ဆုတောင်းပေးနေလျက် ရှိပါတယ်။
ရွှေမှုံလေး ကတော့ နေမကောင်း လို့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူ နေရပေမယ့် ခင်ပွန်းဖြစ်သူရဲ့ နွေးထွေးတဲ့ စောင့်ရှောက်မှု တွေကြောင့် အမြန်ဆုံး သက်သာလာမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီတစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Source: Htoo Khant’s fb
Add a Comment
Your email address will not be published. Required fields are marked *
2 × one =