႐ုရွား ႏိုင္ငံ ရွိ ေဆး႐ုံ တစ္႐ုံတြင္ ေသဆုံး သြားေသာ အဖြားအို တစ္ဦး အသက္ျပန္ ရွင္လာ

လြန္ခဲ့ေသာ ရက္ပိုင္းက ႐ုရွားႏိုင္ငံ၊ ကာရွ႕္ေဒသရွိ ေဆး႐ုံ တစ္လုံး၌ ဆရာဝန္မ်ားကို အံ့အားသင့္ေစေသာ ရင္ခြဲ႐ုံမွလူေသတစ္ဦး ႐ုတ္တရက္ အသက္ျပန္ရွင္ လာတယ္ဆိုတဲ့ ထူးထူးဆန္းဆန္း အေၾကာင္းအရာတစ္ခုကို ေဖာ္ျပခ်င္ပါတယ္။ အသက္ ၈၁ ႏွစ္အ႐ြယ္ရွိ “ဇီႏိုင္ဒါ ကိုႏိုႏိုဗာ” ဆိုသူ အဖြားအိုသည္ လြန္ခဲ့ေ

သာရက္ အနည္းငယ္က ေဂၚရွီခ်န္စကီး ဗဟိုေဆး႐ုံ တြင္ အူသိမ္အူမႀကီးခြဲစိတ္ကုသမႈခံယူခဲ့ရင္း ေသဆုံးသြားေၾကာင္း ဆရာဝန္ကအတည္ျပဳကာ အေလာင္းအားရင္ခြဲ႐ုံသို႔ ညည့္နက္ ၁ နာရီအခ်ိန္မွာ ေျပာင္းေ႐ႊ႕ထားခဲ့ပါတယ္။

အခ်ိန္ ၇ နာရီအၾကာ မနက္ ၈ နာရီေရာက္ေသာ္ ရင္ခြဲ႐ုံ ဝန္ထမ္း တစ္ဦးက ယင္းအဖြားအိုႀကီးကို ေအာက္ၾကမ္းျပင္မွာလဲက်ေနၿပီး အသက္ရွင္လ်က္ ရွိေနသည္ကို ေတြသြားေသာေၾကာင့္ အလန႔္တၾကားျဖစ္သြားခဲ့ပါတယ္။ ထို႔ေနာက္ သူမကိုေစာင္ေတြၿခဳံပတ္ေပးၿပီး အထူးၾကပ္မတ္ေဆာင္သို႔ အျမန္ ပို႔ေဆာင္ေပးလိုက္ပါတယ္။

ေဆး႐ုံက အဖြားအသက္ရွင္ေနေၾကာင္း အဖြားရဲ႕ ေျမးျဖစ္သူ အားဖုန္းဆက္အေၾကာင္းၾကားလိုက္၍ ေျမးျဖစ္သူက အလြန္ဝမ္းသာ အံ့အားသြားၿပီး ေဆး႐ုံသို႔ ခ်က္ခ်င္းေရာက္ လာကာ အဘယ္ေၾကာင့္ ဤသို႔ျဖစ္ရသနည္းဟု

ဆရာဝန္မ်ားအား ေမးျမန္းခဲ့ရာ အဖြားက အသက္ရႉ ရပ္တန႔္ၿပီးႏွလုံးခုန္ ရပ္သြားေသာ အေျခအေနေၾကာင့္ (Clinical death) ေသဆုံးသြားျခင္းျဖစ္ေၾကာင္း ဆရာဝန္မွေျပာၾကားသြားပါတယ္။

ေနာက္ပိုင္း မွာေတာ့ ဆရာဝန္တစ္ဦးႏွင့္ ေမ့ေဆးဆရာဝန္ တစ္ဦးက ေသဆုံးသြားေသာ အဖြားအားအခ်ိန္သတ္မွတ္ခ်က္ ၂ နာရီထက္ပိုေစာၿပီး၊ အခ်ိန္ ၁ နာရီႏွင့္မိနစ္ ၂၀ မွာပဲ ရင္ခြဲ႐ုံသို႔ပို႔လိုက္ တယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။ေဂၚရွီခ်န္စကီးဗဟိုေဆး႐ုံႀကီးမွ ဌာနမႈး ေဒါက္တာ “႐ိုမန္ ကြန္ဒရာဂ်င္ဂို”

အား စုံစမ္းစစ္ေဆးမႈေဆာင္႐ြက္စဥ္အတြင္း အလုပ္မွေခတၱဆိုင္းငံ့ထားခဲ့ၿပီး အဖြား၏ေဆြမ်ိဳးမ်ားက ေဆး႐ုံကိုအမႈဖြင့္ရန္ျပင္ဆင္ေနေၾကာင္းလည္း သိရွိရပါတယ္။

credit – popolay

unicode

ရုရှား နိုင်ငံ ရှိ ဆေးရုံ တစ်ရုံတွင် သေဆုံး သွားသော အဖွားအို တစ်ဦး အသက်ပြန် ရှင်လာ

လွန်ခဲ့သော ရက်ပိုင်းက ရုရှားနိုင်ငံ၊ ကာရှ့်ဒေသရှိ ဆေးရုံ တစ်လုံး၌ ဆရာဝန်များကို အံ့အားသင့်စေသော ရင်ခွဲရုံမှလူသေတစ်ဦး ရုတ်တရက် အသက်ပြန်ရှင် လာတယ်ဆိုတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတစ်ခုကို ဖော်ပြချင်ပါတယ်။ အသက် ၈၁ နှစ်အရွယ်ရှိ “ဇီနိုင်ဒါ ကိုနိုနိုဗာ” ဆိုသူ အဖွားအိုသည် လွန်ခဲ့ေ သာရက် အနည်းငယ်က ဂေါ်ရှီချန်စကီး ဗဟိုဆေးရုံ တွင် အူသိမ်အူမကြီးခွဲစိတ်ကုသမှုခံယူခဲ့ရင်း သေဆုံးသွားကြောင်း ဆရာဝန်ကအတည်ပြုကာ အလောင်းအားရင်ခွဲရုံသို့ ညည့်နက် ၁ နာရီအချိန်မှာ ပြောင်းရွှေ့ထားခဲ့ပါတယ်။

အချိန် ၇ နာရီအကြာ မနက် ၈ နာရီရောက်သော် ရင်ခွဲရုံ ဝန်ထမ်း တစ်ဦးက ယင်းအဖွားအိုကြီးကို အောက်ကြမ်းပြင်မှာလဲကျနေပြီး အသက်ရှင်လျက် ရှိနေသည်ကို တွေသွားသောကြောင့် အလန့်တကြားဖြစ်သွားခဲ့ပါတယ်။ ထို့နောက် သူမကိုစောင်တွေခြုံပတ်ပေးပြီး အထူးကြပ်မတ်ဆောင်သို့ အမြန် ပို့ဆောင်ပေးလိုက်ပါတယ်။

ဆေးရုံက အဖွားအသက်ရှင်နေကြောင်း အဖွားရဲ့ မြေးဖြစ်သူ အားဖုန်းဆက်အကြောင်းကြားလိုက်၍ မြေးဖြစ်သူက အလွန်ဝမ်းသာ အံ့အားသွားပြီး ဆေးရုံသို့ ချက်ချင်းရောက် လာကာ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု ဆရာဝန်များအား မေးမြန်းခဲ့ရာ အဖွားက အသက်ရှူ ရပ်တန့်ပြီးနှလုံးခုန် ရပ်သွားသော အခြေအနေကြောင့် (Clinical death) သေဆုံးသွားခြင်းဖြစ်ကြောင်း ဆရာဝန်မှပြောကြားသွားပါတယ်။

နောက်ပိုင်း မှာတော့ ဆရာဝန်တစ်ဦးနှင့် မေ့ဆေးဆရာဝန် တစ်ဦးက သေဆုံးသွားသော အဖွားအားအချိန်သတ်မှတ်ချက် ၂ နာရီထက်ပိုစောပြီး၊ အချိန် ၁ နာရီနှင့်မိနစ် ၂၀ မှာပဲ ရင်ခွဲရုံသို့ပို့လိုက် တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ဂေါ်ရှီချန်စကီးဗဟိုဆေးရုံကြီးမှ ဌာနမှုး ဒေါက်တာ “ရိုမန် ကွန်ဒရာဂျင်ဂို” အား စုံစမ်းစစ်ဆေးမှုဆောင်ရွက်စဉ်အတွင်း အလုပ်မှခေတ္တဆိုင်းငံ့ထားခဲ့ပြီး အဖွား၏ဆွေမျိုးများက ဆေးရုံကိုအမှုဖွင့်ရန်ပြင်ဆင်နေကြောင်းလည်း သိရှိရပါတယ်။

credit – popolay

Add a Comment

Your email address will not be published. Required fields are marked *

five × 1 =