မိုးညႇင္း ဒီဂရီေကာလိပ္ရွိ အသုံးအေဆာင္ ပစၥည္းမ်ား ခိုးယူခံရ (သူခိုးမွ ေတာင္းပန္ၿပီး ခြင့္လႊတ္ ရန္ စာခ်န္သြားခဲ့…)

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ ႐ြာသစ္ကုန္း ေက်း႐ြာအုပ္စု ထန္းတစ္ပင္ ေက်း႐ြာရွိ မိုးညႇင္းဒီဂရီေကာလိပ္ေက်ာင္း စံပယ္ေဆာင္အတြင္းထားရွိေသာ အသုံးအေဆာင္ပစၥည္း (၇)မ်ိဳးခိုးယူခံရသျဖင့္ မိုးညႇင္း ၿမိဳ႕မရဲစခန္းမွာအမႈဖြင့္လွစ္ထားေၾကာင္း သိရွိရသည္။ၾသဂုတ္လ ၂၁ ရက္ေန႔ ညေန(၅) နာရီအခ်ိန္ ခန႔္တြင္မိုးညႇင္း ဒီဂရီေကာလိပ္ စံပယ္ေဆာင္မွ အသုံးအေဆာင္ ပစၥည္းမ်ားေပ်ာက္ဆုံးေနေၾကာင္း သိရသျဖင့္ တာဝန္ရွိသူမ်ားက စစ္ေဆးရာ အေဆာင္တြင္းရွိ ၄၀ လက္မ အ႐ြယ္ရွိ SONY FLAT တီဗြီ (၁) လုံး (တန္ဘိုး ၃၅၀၀၀၀ က်ပ္)၊Pro Audio တံဆိပ္ပါေဆာင္းေဘာက္ႏွင့္ မိုက္တြဲလ်က္(တန္ဘိုး ၁၀၀၀၀၀ က်ပ္)၊ VIDA အမ်ိဳးအစား ျမက္ရိတ္စက္ (၁)လုံး (တန္ဘိုး ၁၂၀၀၀၀ က်ပ္)၊ ထိုင္းႏိုင္ငံထုတ္ ဒယ္နီ (၁)လုံး (တန္ဘိုး ၃၀၀၀၀ က်ပ္)၊ Hair Dryer (၂)ခု (တန္ဘိုး ၃၀၀၀၀ က်ပ္)၊

လွ်ပ္စစ္ ေရေႏြးအိုး (၂)လုံး (တန္ဘိုး ၆၀၀၀၀)၊ လွ်ပ္စစ္ၾကက္ဥျပဳပ္အိုး (၂)လုံး (တန္ဘိုး ၁၀၀၀၀)၊ စုစုေပါင္း အသုံး အေဆာင္ပစၥည္း(၇)မ်ိဳး ျဖစ္ၿပီး တန္ဘိုးေငြ စုစုဆပါင္း ၆၄၆၀၀၀ ရွိ ပစၥည္းမ်ား ေပ်ာက္ဆုံး ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ထို႔အျပင္ ယင္းအေဆာင္ခန္းရွိ White Board ေပၚတြင္ “ေတာင္ပံဘာတယ္ဗ် ဆံဖိုးမရွိလို႔ ခိုးသြားတာပါဗ်ာ ခြင့္လႊတ္ေပးပါဗ်ာ”ဟူေသာစာတန္းႏွင့္ “စံပယ္ေဆာင္ခြင့္လႊတ္ပါဗ်ာ” ဟူေသာစာသားမ်ားေတြ႕ရွိရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မိုးညႇင္းဒီဂရီေကာလိပ္ နယ္ေျမ အဂ်ၤင္နီယာ႒ာနမွ ဒုတိယႀကီးၾကပ္ေရးမႈး ဦးစံေက်ာ္ဟိန္းက တရားလိုျပဳလုပ္၍ ၾသဂုတ္လ၂၂ ရက္ေန႔ညေနကအမႈဖြင့္လွစ္ခဲ့ရာ မိုးညႇင္းၿမိဳ႕မရဲစခန္းမွ (ပ)၁၁၂/၂၀၂၀ ပုဒ္မ ၃၈၀ ျဖင့္အမႈေရးဖြင့္ကာ ခိုးယူသြားသူကို အျမန္ဆုံးးဖမ္းဆီးရမိေရးအတြက္ စုံစမ္းရွာေဖြ လ်က္ရွိေၾကာင္းသိရွိရသည္။

Credit to Original

unicod

မိုးညှင်း ဒီဂရီကောလိပ်ရှိ အသုံးအဆောင် ပစ္စည်းများ ခိုးယူခံရ (သူခိုးမှ တောင်းပန်ပြီး ခွင့်လွှတ် ရန် စာချန်သွားခဲ့…)

ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်း ကျေးရွာအုပ်စု ထန်းတစ်ပင် ကျေးရွာရှိ မိုးညှင်းဒီဂရီကောလိပ်ကျောင်း စံပယ်ဆောင်အတွင်းထားရှိသော အသုံးအဆောင်ပစ္စည်း (၇)မျိုးခိုးယူခံရသဖြင့် မိုးညှင်း မြို့မရဲစခန်းမှာအမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။သြဂုတ်လ ၂၁ ရက်နေ့ ညနေ(၅) နာရီအချိန် ခန့်တွင်မိုးညှင်း ဒီဂရီကောလိပ် စံပယ်ဆောင်မှ အသုံးအဆောင် ပစ္စည်းများပျောက်ဆုံးနေကြောင်း သိရသဖြင့် တာဝန်ရှိသူများက စစ်ဆေးရာ အဆောင်တွင်းရှိ ၄၀ လက်မ အရွယ်ရှိ SONY FLAT တီဗွီ (၁) လုံး (တန်ဘိုး ၃၅၀၀၀၀ ကျပ်)၊Pro Audio တံဆိပ်ပါဆောင်းဘောက်နှင့် မိုက်တွဲလျက်(တန်ဘိုး ၁၀၀၀၀၀ ကျပ်)၊ VIDA အမျိုးအစား မြက်ရိတ်စက် (၁)လုံး (တန်ဘိုး ၁၂၀၀၀၀ ကျပ်)၊ ထိုင်းနိုင်ငံထုတ် ဒယ်နီ (၁)လုံး (တန်ဘိုး ၃၀၀၀၀ ကျပ်)၊ Hair Dryer (၂)ခု (တန်ဘိုး ၃၀၀၀၀ ကျပ်)၊

လျှပ်စစ် ရေနွေးအိုး (၂)လုံး (တန်ဘိုး ၆၀၀၀၀)၊ လျှပ်စစ်ကြက်ဥပြုပ်အိုး (၂)လုံး (တန်ဘိုး ၁၀၀၀၀)၊ စုစုပေါင်း အသုံး အဆောင်ပစ္စည်း(၇)မျိုး ဖြစ်ပြီး တန်ဘိုးငွေ စုစုဆပါင်း ၆၄၆၀၀၀ ရှိ ပစ္စည်းများ ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် ယင်းအဆောင်ခန်းရှိ White Board ပေါ်တွင် “တောင်ပံဘာတယ်ဗျ ဆံဖိုးမရှိလို့ ခိုးသွားတာပါဗျာ ခွင့်လွှတ်ပေးပါဗျာ”ဟူသောစာတန်းနှင့် “စံပယ်ဆောင်ခွင့်လွှတ်ပါဗျာ” ဟူသောစာသားများတွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် မိုးညှင်းဒီဂရီကောလိပ် နယ်မြေ အင်္ဂျင်နီယာဋ္ဌာနမှ ဒုတိယကြီးကြပ်ရေးမှုး ဦးစံကျော်ဟိန်းက တရားလိုပြုလုပ်၍ သြဂုတ်လ၂၂ ရက်နေ့ညနေကအမှုဖွင့်လှစ်ခဲ့ရာ မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၁၂/၂၀၂၀ ပုဒ်မ ၃၈၀ ဖြင့်အမှုရေးဖွင့်ကာ ခိုးယူသွားသူကို အမြန်ဆုံးးဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေ လျက်ရှိကြောင်းသိရှိရသည်။

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *

five × 3 =