ပြည်တော်ပြန်တွေ အားလုံး ကို ရန်ကုန် မှာ ထားသင့် သလား၊ ပြည်နယ်တွေ ကို ပို့သင့်သလား?

ပြည်တော်ပြန်တွေ အားလုံး ကို ရန်ကုန် မှာ ထားသင့် သလား၊ ပြည်နယ်တွေ ကို ပို့သင့်သလား?

ပြည်နယ် တစ်ခုက အခုပြည်တော်ပြန်တွေ ပိုးတွေ့ရှိမှု နဲ့ ပတ်သက်ပြီး အသံတွေ ထွက်လာတယ်… ပြန်လာသမျှ ပြည်တော်ပြန်တွေကို ရန်ကုန်မှာဘဲ ထားပြီး Q ဝင်သင့်တယ် ပိုးကင်းစင်မှ ပြန်လွှတ်သင့်တယ် တဲ့..

ပြည်နယ်တွေ အတွက် စိတ်ချ ရအောင်တဲ့…. Q ဝင်မယ့်သူတွေကလဲ တောင်းဆိုသတဲ့ သူတို့ကို ရန်ကုန်မှာဘဲ Q ဝင်ပြီးစစ်ဆေးပေးဖို့…ဒါကို တာဝန်ရှိသူတွေက သက်ဆိုင်ရာ ပြည်နယ်တွေကို ပြန်ပို့ပေးလို့… ပြည်နယ်တွေမှာ ပိုးကူးစက်ရင် ဘယ်သူက တာဝန်ယူမှာလဲ ဘာလဲ ညာလဲနဲ့…. အသံတွေ ထွက်လာတယ်..

First wave တုန်းက ဂျေဒိုးနပ် နဲ့ မြင့်မြင့်ခင် ဖိုက်ကြသလို အခုလဲ အဲ့လိုဖြစ်အောင် လုပ်နေကြသလား၊ အခု second wave မှာ သေချာပြင်ဆင်ပြီး Q Center တွေကို တိုက်ရိုက်ပို့တာ ဘယ်နေရာက ယိုစိမ့်ထွက်လာမှာကို ပူနေကြသလဲ…

အားလုံးမှာ အသက် ပါတယ် ရန်ကုန်က လူတွေက ဂြိုလ်သားတွေမဟုတ်ဘူး… ပြည်နယ်ကလူတွေမှ အသက်ပါတာမဟုတ်ဘူး.. သိန်းနဲ့သောင်းနဲ့ ချီပြီးပြန်လာတဲ့ လူအုပ်ကို ပြည်နယ်တိုင်း အစိုးရအသီးသီးက ခွဲဝေတာဝန်ယူပြီး စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ဆောင်တာ ဖြစ်သင့်တဲ့ ကိစ္စဘဲ….

ကိုဗစ် မကြောက်တဲ့ လူ တစ်ယောက်မှမရှိဘူး.. ဒါကြောင့် ကျောင်းဖွင့်တာ နောက်ဆုတ်ဖို့ ပြောနေကြတာလေ… ရန်ကုန် ကလူတွေဆို မြို့ကို အဝင်မခံနဲ့ ရွာကို အဝင်မခံနဲ့ ဆိုတဲ့လူတွေက သူတို့ဆီက လူတွေ နိုင်ငံခြားသွားအလုပ်လုပ် ရောဂါပိုးသယ်ပြီး အိမ်ပြန် လာတာကျတော့ ရန်ကုန်မှာ အကုန် လက်ခံထား…. အဲ့လိုလား…

ပြောချင်တယ် ဘယ်နိုင်ငံကမှ ငါ့နိုင်ငံ ရောဂါသည်တွေ တိုးပါစေတော့…ပွားများပါစေတော့ဆိုပြီး ပေါ့တီးပေါ့ဆ အလုပ် မလုပ်ဘူး.. ဘယ်နိုင်ငံသား ဘယ်တိုင်းပြည်ခေါင်းဆောင်က ကိုယ့်နိုင်ငံကို ကူးစက်မှုတွေ ဖြစ်စေချင်တာရှိလဲ.. အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေမှာ တစ်ဦးချင်း အသိစိတ်ဓာတ်က မနိမ့်ပါးဘူး…သာမန်လူထက် ကျန်မာရေး ဝန်ထမ်းတွေ ပိုသိတယ် ပိုတတ်တယ် ပိုပြီး တာဝန်များတယ်…

First wave ကို နမူနာယူပြီး second wave မှာ တတ်နိုင်သမျ အမှား နည်းအောင် လုပ်နေကြတာ မမြင်ကြတာလား…မမြင်ချင်ယောင်ဆောင်နေကြတာလား… သိန်းချီ အလုပ်သမားတွေကို ရန်ကုန်မှာဘဲ စုပုံထားစေချင်ရအောင် ရန်ကုန်က ဒုက္ခသည်စခန်းလား ရန်ကုန်က ကျန်းမာရေးဝန်ထမ်းတွေက စူပါမန်း တွေလား… နဲနဲလေး ကိုယ်ချင်း စားကြည့်ကြပါအုံး.. WHO ရဲ့ rules and Laws တွေအတိုင်းဘဲ တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးဝန်ထမ်းတွေ Q center တွေ အလုပ်လုပ်နေပါတယ်… ဘိန်းစားချင်းအတူတူ တစ်လုံး ပိုမရှူချင်ပါနဲ့…

ZM
20.5.20