




unicode

ပုရိသ ပရိသတ်တွေ ကြွေကွဲသွားရအောင် ကျော်ထက်အောင် နဲ့အတူ ပတ်သက်မှု ရှိနေတာလေးကို ချပြလာတဲ့ ဖြူဖြူကျော်သိန်း

မြန်မာနိုင်ငံရဲ့ အသံပါဝါအားကောင်းလွန်းတဲ့ နာမည်ကျော် အဆိုတော် မလေး ဖြူဖြူကျော်သိန်း ကို ပရိသတ်တွေက ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဖြူဖြူကျော်သိန်းရဲ့သီချင်းတွေဟာဆိုရင် ပရိသတ်တွေ ရင်ထဲစွဲကျန်ရစ်စေလောက်တဲ့ သီချင်းတွေကြောင့် ဂီတလောကမှာ အောင်မြင်မှုကို ရရှိထားတဲ့သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်ဖို့ကိုလည်း ကြိုးစားနေလျ က်ရှိပါတယ်။

လတ်တလောမှာတော့ Myanmar Idolရဲ့ Hostတစ်ဦးဖြစ်တဲ့ ကျော်ထက်အောင်နဲ့အတူ Mtv တစ်ခုရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း တကယ့်ချစ်ကြိုက်နေကြပြီလို့ ထင်နေကြတာပါပဲနော်။ ဖြူဖြူကျော်သိန်းကတော့” အပြင်ကဘဝအစစ်မှာတော့ အိုင်တို့က ခုလိုပဲ ကလေးတို့သဘာဝ ပျော်ပျော် ပါးပါးဆော့ကစားနေကြတာပါလေ ။သတိ မီဒီယာများကူးယူဖော်ပြနိုင်ပါတယ်နော်။ MV ရိုက်ခြင်းမဟုတ်ပါ သဝန်တိုတာအရမ်းချစ်လို့ ရဲ့နောက်ဆက်တွဲ စာမျက်နှာများ”လို့ဆိုပြီး အပြင်မှာလည်း တကယ့်စုံတွဲတွေလို ရိုက်ထားတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို ကြည့်ပြီး ပရိသတ်တွေ ကလည်း သဘောကျနှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဖတ်ရှုပေးကြတဲ့ CeleConnectionsပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source….Phyu Phyu Kyaw Thein’s Facebook
Angella(CeleConnections)

Add a Comment

Your email address will not be published. Required fields are marked *

2 × three =