သူ႔ရဲ႕ ခ်စ္သူ ေကာင္မေလးက 1 to 10 စာရင္းဝင္လုပ္ငန္းရွင္ တစ္ဦးရဲ႕ သမီးျဖစ္တယ္ဆိုတာ တစ္ဖက္လွည့္နဲ႔ ဝန္ခံလာတဲ့ ဟိန္းမင္းသူ

မင္းသားေခ်ာ ဟိန္းမင္းသူကေတာ့ MRTV 4 မွထုတ္လႊင့္ဆဲ ျဖစ္တဲ့ တို႔မမနဲ႔ တို႔႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာ ပရိတ္သတ္ေတြသိၿပီးၾကမယ္ထင္ပါတယ္။သီခ်င္းမ်ားကို ကိုယ္တိုင္ေရး ကိုယ္တိုင္သီဆိုေလ့ရွိၿပီး ပရိတ္သတ္ေတြအားေပးမႈရရွိထားသူေလးပါ။ဒီရက္ပိုင္းမွာေတာ့ ဆယ္လီေတြရဲ႕ လွ်ိဳ႕ဝွက္ ကိစၥေတြကို ေဖာ္ထုတ္ေလ့ ရွိတဲ့ ဟန္ၿငိမ္းဦး FB Acc က ဟိန္းမင္းသူရဲ႕ ခ်စ္သူေကာင္မေလးဟာ 1 to 10 စာရင္းဝင္ လုပ္ငန္းရွင္တစ္ဦးရဲ႕ သမီးျဖစ္တယ္ဆိုတဲ့ အေပၚဟိန္းမင္းသူကျပန္လည္ေျဖရွင္းခဲ့တာျဖစ္ပါတယ္..

ဟိန္းမင္းသူက ”အကယ္၍ ကြၽန္ေတာ့္ ေကာင္မေလးက ပရိသတ္ေျပာသလို သာျဖစ္ခဲ့မယ္ဆိုရင္ အဲဒီအရာေတြကို ကြၽန္ေတာ္ စိတ္မဝင္စားဘူး။ ကြၽန္ေတာ္ ခံယူထားတဲ့ အခ်စ္က အေၾကာင္းျပခ်က္မရွိဘူး။ အဓိက သူျဖစ္ေနလို႔ကို ကြၽန္ေတာ္ ခ်စ္တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ ႐ိုးသားတဲ့ အခ်စ္ပဲ ျဖစ္ခ်င္တယ္။အေၾကာင္းျပခ်က္ တစ္ခုရွိလို႔ ျဖစ္လာတဲ့ အခ်စ္မ်ိဳး ကို သေဘာမက်ဘူး။ အေၾကာင္းျပခ်က္ တစ္ခုေၾကာင့္ ခ်စ္တာဆိုရင္ သူ႔မွာ အဲဒီအေၾကာင္း အရာတစ္ခု မရွိေတာ့တဲ့အခ်ိန္မွာ သူနဲ႔ ကြၽန္ေတာ္ ဇာတ္လမ္းက ျပတ္သြားမွာေလ။ အခုခ်ိန္မွာ သူတည္ရွိေနသ၍ ၊ သူ ရင္ခုန္ေနသေ႐ြ႕၊ ဒီကမာၻႀကီးထဲမွာ သူရွိေနသ၍ ကြၽန္ေတာ္ သူ႔ကို ခ်စ္ေန မွာပါ” လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဟိန္းမင္းသူက “ကြၽန္ေတာ့္အသက္ အခု(၂၃) ျပည့္ၿပီးသြားၿပီဆိုေတာ့ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ျဖတ္သန္းလာခဲ့ရတဲ့ အေတြ႕အႀကဳံေတြအရဆိုရင္ေတာ့ အခုခ်ိန္မွာ အခ်စ္ရယ္၊ နားလည္မႈရယ္၊ သစၥာတရားရယ္ဆိုတဲ့ အေပၚမွာပဲ မူတည္တယ္။ ငယ္ငယ္တုန္းကေတာ့ ကိုယ့္ခ်စ္သူပုံစံက ဘယ္လို ျဖစ္ရမယ္ ဆိုၿပီး သတ္မွတ္ခဲ့ဖူးပါတယ္။ အခုခ်ိန္မွာေတာ့ အဲဒါေတြ မလိုဘူး သူအရမ္းေခ်ာေနရာကေန ႐ုပ္ပဲ ဆိုးဆိုး၊ ဝပဲ ဝလာ ဝလာ ဂ႐ုမစိုက္ဘူး။ အဓိက ကေတာ့ ကြၽန္ေတာ္ လိုခ်င္တဲ့ အခ်က္(၃) ခ်က္ေလးရွိရင္ ျပည့္စုံပါၿပီ” လို႔ ဆက္လက္ေျပာၾကားသြားခဲ့တာပါ ပရိသတ္ႀကီးေရဟိန္းမင္းသူကေတာ့ သူ႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး ယတိျပတ္ေျပာဆိုျခင္းမ်ိဳးမလုပ္ခဲ့တာေၾကာင့္ ဟန္ၿငိမ္းဦးေျပာတာမွန္ကန္ႏိုင္တယ္လို႔ ပရိသတ္ေတြကယူဆေနၾကေၾကာင္းပါ

Credit ShweyaungMyanmar

unicode

မင်းသားချော ဟိန်းမင်းသူကတော့ MRTV 4 မှထုတ်လွှင့်ဆဲ ဖြစ်တဲ့ တို့မမနဲ့ တို့ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာ ပရိတ်သတ်တွေသိပြီးကြမယ်ထင်ပါတယ်။သီချင်းများကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုလေ့ရှိပြီး ပရိတ်သတ်တွေအားပေးမှုရရှိထားသူလေးပါ။ဒီရက်ပိုင်းမှာတော့ ဆယ်လီတွေရဲ့ လျှို့ဝှက် ကိစ္စတွေကို ဖော်ထုတ်လေ့ ရှိတဲ့ ဟန်ငြိမ်းဦး FB Acc က ဟိန်းမင်းသူရဲ့ ချစ်သူကောင်မလေးဟာ 1 to 10 စာရင်းဝင် လုပ်ငန်းရှင်တစ်ဦးရဲ့ သမီးဖြစ်တယ်ဆိုတဲ့ အပေါ်ဟိန်းမင်းသူကပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်..

ဟိန်းမင်းသူက ”အကယ်၍ ကျွန်တော့် ကောင်မလေးက ပရိသတ်ပြောသလို သာဖြစ်ခဲ့မယ်ဆိုရင် အဲဒီအရာတွေကို ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော် ခံယူထားတဲ့ အချစ်က အကြောင်းပြချက်မရှိဘူး။ အဓိက သူဖြစ်နေလို့ကို ကျွန်တော် ချစ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ရိုးသားတဲ့ အချစ်ပဲ ဖြစ်ချင်တယ်။အကြောင်းပြချက် တစ်ခုရှိလို့ ဖြစ်လာတဲ့ အချစ်မျိုး ကို သဘောမကျဘူး။ အကြောင်းပြချက် တစ်ခုကြောင့် ချစ်တာဆိုရင် သူ့မှာ အဲဒီအကြောင်း အရာတစ်ခု မရှိတော့တဲ့အချိန်မှာ သူနဲ့ ကျွန်တော် ဇာတ်လမ်းက ပြတ်သွားမှာလေ။ အခုချိန်မှာ သူတည်ရှိနေသ၍ ၊ သူ ရင်ခုန်နေသရွေ့၊ ဒီကမ္ဘာကြီးထဲမှာ သူရှိနေသ၍ ကျွန်တော် သူ့ကို ချစ်နေ မှာပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဟိန်းမင်းသူက “ကျွန်တော့်အသက် အခု(၂၃) ပြည့်ပြီးသွားပြီဆိုတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ အခုချိန်မှာ အချစ်ရယ်၊ နားလည်မှုရယ်၊ သစ္စာတရားရယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ ငယ်ငယ်တုန်းကတော့ ကိုယ့်ချစ်သူပုံစံက ဘယ်လို ဖြစ်ရမယ် ဆိုပြီး သတ်မှတ်ခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ အဲဒါတွေ မလိုဘူး သူအရမ်းချောနေရာကနေ ရုပ်ပဲ ဆိုးဆိုး၊ ဝပဲ ဝလာ ဝလာ ဂရုမစိုက်ဘူး။ အဓိက ကတော့ ကျွန်တော် လိုချင်တဲ့ အချက်(၃) ချက်လေးရှိရင် ပြည့်စုံပါပြီ” လို့ ဆက်လက်ပြောကြားသွားခဲ့တာပါ ပရိသတ်ကြီးရေဟိန်းမင်းသူကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ယတိပြတ်ပြောဆိုခြင်းမျိုးမလုပ်ခဲ့တာကြောင့် ဟန်ငြိမ်းဦးပြောတာမှန်ကန်နိုင်တယ်လို့ ပရိသတ်တွေကယူဆနေကြကြောင်းပါ

Credit ShweyaungMyanmar

Add a Comment

Your email address will not be published. Required fields are marked *

9 − 2 =