ခင်ပွန်းဖြစ်သူကိုယ်တိုင်ပေးထားတဲ့ အဓိပ္ပါယ်ရှိလွန်းလှတဲ့ သမီးလေးရဲ့ နာမည်အရင်းကို ပြောပြလာတဲ့ “အိမ့်ချစ်”

နာမည်ကြီး အဆိုတော် ဦးချစ်ကောင်းရဲ့ အနုပညာအမွေတွေ ကို ဆက်ခံထားတဲ့ အဆိုတော် အိမ့်ချစ်ကတော့ အဆိုလောကမှာ သူမရဲ့သီချင်းတွေက ယနေ့ချိန်ထိပရိသတ်တွေ နားထောင် အားပေးနေရဆဲပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အိမ့်ချစ်ဟာ သမီးလေးကို မွေးဖွားပြီး ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အဆိုတော် အိမ့်ချစ် နှင့် Eric တို့ ၏ သမီးဦး ရတနာလေး “တေးအမရာလှိုင်” ရဲ့ အမည်ပေး ကင်ပွန်းတပ် မင်္ဂလာကို ဩဂုတ်လ (၂၈) ရက်နေ့က ရန်ကုန်၊ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ သမီးလေးကို “တေးအမရာလှိုင်” လို့အမည်ပေးခဲ့ပတ်သက်ပြီး ယခုလိုပြောလာခဲ့ပါတယ်။ အိမ့်ချစ်က ” သမီးလေး ကို အကုန်လုံးက အမရာ လို့သိပြီးသားပါ။ ဒါပေမယ့် သူ့ရဲ့ နာမည်အပြည့်အစုံလေးကတော့ “တေးအမရာလှိုင်” လို့ ဒီနေ့မှ ကင်ပွန်းတပ်ပွဲလေးလုပ်ပေးတာပါ။ တေးသီချင်းတွေနဲ့ ရင်းနီးမယ့် ကလေးလေးလို့ မျှော်လင့်ပြီးတော့ တေးအမရာလှိုင် လို့ပေးထားတာပါ” ဆိုပြီး သမီးလေး ရဲ့ နာမည်လေး နဲ့ ပတ်သက်ပြီး ပြောပြလာခဲ့ပါတယ်။Family Name လဲပါအောင် ဖခင်ရဲ့ အမည် ဇောင်ဝင်းလှိုင် ဖြစ်တာကြောင့် “တေးအမရာလှိုင်” လို့ပေးခဲ့ကြောင်းပြောခဲ့ပါသေးတယ်။

သမီးလေး တေးအမရာလှိုင် ကို ဩဂုတ်လ (၆) ရက်နေ့၊ မနက် (၇) နာရီ (၁၃) မိနစ်က ရန်ကုန်၊ အာယုဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးကလဲ အိမ့်ချစ်ကို ချစ်သလိုမျိုး အိမ့်ချစ်ရဲ့ သမီးလေး “တေးအမရာလှိုင်” လေးကိုလဲ ချစ်ပေးကြပါဦးနော်။

Credit ; Swelsone

zawgyi

နာမည္ႀကီး အဆိုေတာ္ ဦးခ်စ္ေကာင္းရဲ႕ အႏုပညာအေမြေတြ ကို ဆက္ခံထားတဲ့ အဆိုေတာ္ အိမ့္ခ်စ္ကေတာ့ အဆိုေလာကမွာ သူမရဲ႕သီခ်င္းေတြက ယေန႔ခ်ိန္ထိပရိသတ္ေတြ နားေထာင္ အားေပးေနရဆဲပဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အိမ့္ခ်စ္ဟာ သမီးေလးကို ေမြးဖြားၿပီး ေပ်ာ္႐ႊင္တဲ့ မိသားစု ဘဝေလးကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

အဆိုေတာ္ အိမ့္ခ်စ္ ႏွင့္ Eric တို႔ ၏ သမီးဦး ရတနာေလး “ေတးအမရာလႈိင္” ရဲ႕ အမည္ေပး ကင္ပြန္းတပ္ မဂၤလာကို ဩဂုတ္လ (၂၈) ရက္ေန႔က ရန္ကုန္၊ ေနအိမ္မွာ ျပဳလုပ္ခဲ့ပါတယ္။ သမီးေလးကို “ေတးအမရာလႈိင္” လို႔အမည္ေပးခဲ့ပတ္သက္ၿပီး ယခုလိုေျပာလာခဲ့ပါတယ္။ အိမ့္ခ်စ္က ” သမီးေလး ကို အကုန္လုံးက အမရာ လို႔သိၿပီးသားပါ။ ဒါေပမယ့္ သူ႔ရဲ႕ နာမည္အျပည့္အစုံေလးကေတာ့ “ေတးအမရာလႈိင္” လို႔ ဒီေန႔မွ ကင္ပြန္းတပ္ပြဲေလးလုပ္ေပးတာပါ။ ေတးသီခ်င္းေတြနဲ႔ ရင္းနီးမယ့္ ကေလးေလးလို႔ ေမွ်ာ္လင့္ၿပီးေတာ့ ေတးအမရာလႈိင္ လို႔ေပးထားတာပါ” ဆိုၿပီး သမီးေလး ရဲ႕ နာမည္ေလး နဲ႔ ပတ္သက္ၿပီး ေျပာျပလာခဲ့ပါတယ္။Family Name လဲပါေအာင္ ဖခင္ရဲ႕ အမည္ ေဇာင္ဝင္းလႈိင္ ျဖစ္တာေၾကာင့္ “ေတးအမရာလႈိင္” လို႔ေပးခဲ့ေၾကာင္းေျပာခဲ့ပါေသးတယ္။

သမီးေလး ေတးအမရာလႈိင္ ကို ဩဂုတ္လ (၆) ရက္ေန႔၊ မနက္ (၇) နာရီ (၁၃) မိနစ္က ရန္ကုန္၊ အာယုေဆး႐ုံမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ခ်စ္ပရိသတ္ႀကီးကလဲ အိမ့္ခ်စ္ကို ခ်စ္သလိုမ်ိဳး အိမ့္ခ်စ္ရဲ႕ သမီးေလး “ေတးအမရာလႈိင္” ေလးကိုလဲ ခ်စ္ေပးၾကပါဦးေနာ္။

Credit ; Swelsone