



Source : Min Yatu Paing

unicode

G-Fatt နဲ့ အမှတ်တရ ရိုက်ကူးခဲ့တဲ့ သစ်ပင်လေး ကို ရောက်နေကြောင်း နန်းဆုကို စနောက် ခဲ့တဲ့ မင်းရတုပိုင် “

ပရိသတ်ကြီးရေ မင်းရတုပိုင်ကတော့ မိန်းကလေး ပရိသတ်တွေအသည်းစွဲ ကြိုက်နှစ်သက်ရတဲ့ အဆိုတော် တစ်ဦးပဲ ဖြစ်ပါတယ်။ မမက မောင်ခေါ်ရာလိုက်မှာလား သီချင်းနဲ့ မိန်းကလေး ပရိသတ်တွေ ရင်ထဲကိုရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ Music Video အသစ်တွေ ကိုလည်း ပရိသတ်တွေက တခဲနက်အားပေးဝန်းရံခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူရဲ့ သူငယ်ချင်း ဖြစ်သူ နန်းဆုရတီစိုး အား ပုဂံ ရောက်နေတဲ့ အပြင် နန်းဆုရတီစိုးရဲ့ “ရူးအောင်ချစ်ရသူသီချင်းထဲက အမှတ်တရဖြစ် ခဲ့ကြတဲ့ သစ်ပင်လေးကို ရောက်ရှိ နေကြောင်းကို ” ပုဂံကရူးအောင်ချစ်ရတဲ့သစ်ပင်ရောက်နေလို့ VC call လိုက်တာ ” ဆိုတဲ့ စာလေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာMy Day မှာ ဖော်ပြခဲ့တာပါ။

ချစ်တဲ့ ပရိသတ်တွေကတော့ ” ရူးအောင်ချစ်ရသူ ” လို့ ပြောလိုက်တာ နဲ့ ပုဂံကအမှတ်တရသစ်ပင်လေးကို သတိတရရှိနေကြမှာ အမှန်ပါပဲနော်။ ချစ်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးကတော့ Video Call ခေါ်ထားတဲ့ ပုံရိပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ပရိသတ်တွေမှာရော နန်းဆုနဲ့ မင်းရတု ပိုင်တို့လို ဘယ်ရောက်ရောက် သတိတရရှိတတ်တဲ့ သူငယ်ချင်းကိုပိုင်ဆိုင်ထားရင် မှတ်ချက်ပေး ခဲ့ပါတယ်။

Source : Min Yatu Paing
Credit – CeleConnections

Add a Comment

Your email address will not be published. Required fields are marked *

4 × 4 =