အသက္မရႈႏိုင္ေတာ့ တဲ့ ကေလးကို အခ်ိန္မွီကယ္တင္ လိုက္ႏိုင္လို႔ အြန္လိုင္းမွာ အရမ္းကို နာမည္ႀကီး ေနတဲ့ ရဲအရာရွိ (႐ုပ္/သံ)

အေမရိကန္ႏိုင္ငံ ၊ Michigan ျပည္နယ္မွာ တာဝန္ ထမ္းေဆာင္ေနလ်က္ရွိတဲ့ ရဲဝန္ထမ္းအမ်ိဳးသားတစ္ေယာက္ကို ျပည္သူေတြက ကယ္တင္ရွင္ႀကီးဆိုၿပီး ခ်ီးက်ဴ းေနလ်က္ရွိပါတယ္ ။ အေၾကာင္းကေတာ့ Cameron Maciejewski အမည္ရွိတဲ့ ရဲဝန္ထမ္းအမ်ိဳးသားက 3ပတ္သားအ႐ြယ္သာရွိေသးတဲ့ သမီးငယ္ေလးကို သတၱိရွိရွိနဲ႔ ကယ္တင္ေပးလိုက္တဲ့video ဟာ social media ေပၚမွာ ေရပန္းစားေနလို႔ပါပဲ ။

မိသားစုတစ္စုစီက တိုင္ၾကားခ်က္ လက္ခံရရွိခဲ့လို႔ အခင္းျဖစ္ပြားရာေနရာသို႔ ေရာက္ရွိခဲ့ခ်ိန္ မွာေတာ့ အသက္မရႈႏိုင္ေတာ့တဲ့ကေလးငယ္ကိုေပြ႕ထားတဲ့မိခင္တစ္ေယာက္ဟာ ရဲကားဆီသို႔ေအာ္ဟစ္ငိုေႂကြးကာ အေျပးအလႊားေရာက္ရွိလာခဲ့ပါတယ္ ။ထိုအခ်ိန္မွာေတာ့ ရဲအရာရွိက တည္ၿငိမ္စြာျဖင့္ ႏို႔စို႔အ႐ြယ္ကေလးငယ္ရဲ႕အေျခအေနကို စစ္ေဆးၿပီး ေရွ႕ဦးသူနာျပဳနည္းလမ္း နဲ႔ ကေလးငယ္အသက္ျပန္ရႈႏိုင္ေအာင္ ကေလးငယ္ရဲ႕ေက်ာဖက္ကို ႐ိုက္ပုတ္ေပးခဲ့ပါတယ္ ။မၾကာခင္မွာပဲ ကေလးငယ္ရဲ႕အသက္ရႈလမ္းေၾကာင္းဟာ ျပန္ပြင့္သြားၿပီး ၊

ကေလးငယ္မွာ ေအာ္ဟစ္ငိုေႂကြးခဲ့ပါေတာ့တယ္ ။ ၿပီးေနာက္ ကေလးငယ္ကို အနီးဝန္းက်င္ရွိ ေဆးခန္းသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၾကပါေတာ့တယ္ ။Video ထဲမွာျမင္ေတြ႕ရတဲ့အတိုင္း ရဲအရာရွိ Maciejewski ဟာ ငိုေႂကြးေနတဲ့ကေလးမိခင္ကို စိတ္ကိုတည္ၿငိမ္ေအာင္ထားဖို႔ ႏွစ္သိမ့္ေနခဲ့ၿပီး ၊ တစ္ၿပိဳင္နက္တည္းမွာပဲ ကေလးငယ္ အသက္ျပန္ရႈႏိုင္ေအာင္ ကူညီေပးခဲ့တာပါ ။ Maciejewski ကလည္း ကိုယ့္ကိုစိတ္တည္ၿငိမ္ၿပီးမတုန္လႈပ္ေအာင္ အရင္ ထိန္းခ်ဳပ္ၿပီးမွ သင္တန္းကာလတုန္းက ေလ့က်င့္သင္ယူထားတဲ့အတိုင္း ႀကိဳးစားကူညီေပးခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။

unicode

အမေရိကန်နိုင်ငံ ၊ Michigan ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေလျက်ရှိတဲ့ ရဲဝန်ထမ်းအမျိုးသားတစ်ယောက်ကို ပြည်သူတွေက ကယ်တင်ရှင်ကြီးဆိုပြီး ချီးကျူ းနေလျက်ရှိပါတယ် ။ အကြောင်းကတော့ Cameron Maciejewski အမည်ရှိတဲ့ ရဲဝန်ထမ်းအမျိုးသားက 3ပတ်သားအရွယ်သာရှိသေးတဲ့ သမီးငယ်လေးကို သတ္တိရှိရှိနဲ့ ကယ်တင်ပေးလိုက်တဲ့video ဟာ social media ပေါ်မှာ ရေပန်းစားနေလို့ပါပဲ ။

မိသားစုတစ်စုစီက တိုင်ကြားချက် လက်ခံရရှိခဲ့လို့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ချိန် မှာတော့ အသက်မရှုနိုင်တော့တဲ့ကလေးငယ်ကိုပွေ့ထားတဲ့မိခင်တစ်ယောက်ဟာ ရဲကားဆီသို့အော်ဟစ်ငိုကြွေးကာ အပြေးအလွှားရောက်ရှိလာခဲ့ပါတယ် ။ထိုအချိန်မှာတော့ ရဲအရာရှိက တည်ငြိမ်စွာဖြင့် နို့စို့အရွယ်ကလေးငယ်ရဲ့အခြေအနေကို စစ်ဆေးပြီး ရှေ့ဦးသူနာပြုနည်းလမ်း နဲ့ ကလေးငယ်အသက်ပြန်ရှုနိုင်အောင် ကလေးငယ်ရဲ့ကျောဖက်ကို ရိုက်ပုတ်ပေးခဲ့ပါတယ် ။မကြာခင်မှာပဲ ကလေးငယ်ရဲ့အသက်ရှုလမ်းကြောင်းဟာ ပြန်ပွင့်သွားပြီး ၊

ကလေးငယ်မှာ အော်ဟစ်ငိုကြွေးခဲ့ပါတော့တယ် ။ ပြီးနောက် ကလေးငယ်ကို အနီးဝန်းကျင်ရှိ ဆေးခန်းသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပါတော့တယ် ။Video ထဲမှာမြင်တွေ့ရတဲ့အတိုင်း ရဲအရာရှိ Maciejewski ဟာ ငိုကြွေးနေတဲ့ကလေးမိခင်ကို စိတ်ကိုတည်ငြိမ်အောင်ထားဖို့ နှစ်သိမ့်နေခဲ့ပြီး ၊ တစ်ပြိုင်နက်တည်းမှာပဲ ကလေးငယ် အသက်ပြန်ရှုနိုင်အောင် ကူညီပေးခဲ့တာပါ ။ Maciejewski ကလည်း ကိုယ့်ကိုစိတ်တည်ငြိမ်ပြီးမတုန်လှုပ်အောင် အရင် ထိန်းချုပ်ပြီးမှ သင်တန်းကာလတုန်းက လေ့ကျင့်သင်ယူထားတဲ့အတိုင်း ကြိုးစားကူညီပေးခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *

fourteen − 10 =