ဘုန္းေတာ္ႀကီး သင္ပညာေရးပရဟိတ ေက်ာင္းက ၆ ဘာသာ ဂုဏ္ထူးရွင္ ၁ ဦး ထြက္ေပၚ

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္ ကန္ျပားအေရွ႕႐ြာမွာ ဖြင့္လွစ္ထားတဲ့ ယသေဇယ်ာ႐ုံ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းကေန ၆ ဘာသာဂုဏ္ထူးရွင္တစ္ဦး ထြက္ေပၚခဲ့တယ္လို႔ သိရပါတယ္။ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းကို ၂၀၀၁ ခုႏွစ္ေလာက္က စတင္ဖြင့္လွစ္ေပးခဲ့ကာ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္က ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ ဂုဏ္ထူးရွင္ေတြ ထြက္ေပၚခဲ့ၿပီး ယခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ ၆ ဘာသာ ဂုဏ္ထူးရွင္ေက်ာင္းသူတစ္ဦး ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ယသေဇယ်ာ႐ုံ ဘုန္းေတာ္ႀကီးမွာ ပညာသင္ယူခဲ့တဲ့ မအိမြန္ေအာင္ ဆရာ ဆရာမေတြနဲ႔ ဘုန္းႀကီးေတြရဲ႕ သင္ၾကားမႈနဲ႔ အမွတ္ေပါင္း ၅၂၄ မွတ္၊၆ ဘာသာဂုဏ္ထူးနဲ႔ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ၿပီး မေကြးတိုင္းမွာ အမွတ္အမ်ား ၁၀ ေယာက္စာရင္းဝင္သြားခဲ့တာ ျဖစ္ပါတယ္။၆ ဘာသာဂုဏ္ထူးရွင္ မအိမြန္ေအာင္က “ပရဟိတ စာသင္ေက်ာင္း ျဖစ္ၿပီးေတာ့ စာသင္ေကာင္းတဲ့ဆရာဆရာမေတြနဲ႔ သင္ၾကားရ သလို စာသင္ခ်ိန္မွာ ဂ႐ုတစိုက္ နားေထာင္ၿပီး ကိုယ္တိုင္ေလ့လာတဲ့အားလည္းေကာင္းဖို႔ လိုအပ္ၿပီး သံဃာေတာ္ေတြနဲ႔ ေငြေၾကး မတတ္ႏိုင္သူေတြကို ေဆးအလကားကုေပးခ်င္တာေၾကာင့္ ဆရာဝန္ျဖစ္ခ်င္လို႔ ေဆးတကၠသိုလ္တ က္ဖို႔ဆုံးျဖတ္ထားတယ္”လို႔ ေျပာပါတယ္။၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ တကၠသိုဝင္စာေမးပြဲ ေျဖဆိုသူ ၂၆၃ ေယာက္အနက္ ၁၂၆ ေယာက္ေအာင္ျမင္ၿပီး ၆ ဘာသာဂုဏ္ထူးရွင္တစ္ဦး၊ ၂ ဘာသာႏွစ္ဦး နဲ႔ တစ္ဘာသာ ၁၈ ဦး ဂုဏ္ထူးရရွိခဲ့ပါတယ္။

ယသေဇယ်ာ႐ုံေက်ာင္းတိုက္ ေက်ာင္းထိုင္ဆရာေတာ္ ဦးကလ်ာဏက “ဆင္းရဲႏြမ္း ပါးတဲ့ ကေလးေတြ စရိတ္သက္သက္သာသာ ပညာသင္ၾကားႏိုင္ေအာင္ရည္႐ြယ္ၿပီး ႏိုင္ငံေတာ္ရဲ႕ ပညာေရး ကိုတစ္ဖက္တလမ္းက အေထာက္အကူျပဳတဲ့အေနနဲ႔ ပရဟိတေက်ာင္း ဖြင့္လွစ္ထားတာ ျဖစ္တယ္”လို႔ ေျပာပါတယ္။ယသေဇယ်ာ႐ုံ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္းမွာ အထက္တန္း၊ အလယ္တန္းျပ ဆရာဆရာမ ၃၅ ဦးရွိၿပီး ကိုဗစ္ကာလမတိုင္ခင္က ေက်ာင္းသားေက်ာင္းသူ ၁၀၀၀ ေလာက္ ရွိပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ကိုဗစ္-၁၉ စည္းကမ္းခ်က္ေတြနဲ႔ အညီ ေက်ာင္းသား ေက်ာင္းသူ ၁၅၀ ဦးခန႔္သာ လက္ခံသင္ၾကားေပးေနၿပီး ဆရာဆရာမ ၃၅ ဦးကိုေတာ့ ေက်ာင္းသားမိဘေတြသေဘာတူညီခ်က္နဲ႔ တစ္လကို က်ပ္ ၆၀၀၀၀ ႏႈန္းနဲ႔ တစ္ႏွစ္စာေထာက္ပံ့ေပးထားတယ္လို႔ ဆရာေတာ္ ဦးကလ်ာဏက မိန႔္ပါတယ္။ မေကြးတိုင္းေဒသႀကီးအတြင္းမွာ တကၠသိုလ္ဝင္စာေမးပြဲကို ဘာသာစုံဂုဏ္ထူးရွင္ ၂၂ ဦး၊ ၅ ဘာသာဂုဏ္ထူးရွင္ ၁၄၁ ဦးအပါအဝင္ ဂုဏ္ထူးရေက်ာင္းသားေပါင္း ၅၀၈၃ ဦးရွိတယ္လို႔ တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးကေန သိရပါတယ္။

Credit DVB TV News

unicode

ဘုန်းတော်ကြီး သင်ပညာရေးပရဟိတ ကျောင်းက ၆ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကန်ပြားအရှေ့ရွာမှာ ဖွင့်လှစ်ထားတဲ့ ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၁ ခုနှစ်လောက်က စတင်ဖွင့်လှစ်ပေးခဲ့ကာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ ဂုဏ်ထူးရှင်တွေ ထွက်ပေါ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသူတစ်ဦး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ယသဇေယျာရုံ ဘုန်းတော်ကြီးမှာ ပညာသင်ယူခဲ့တဲ့ မအိမွန်အောင် ဆရာ ဆရာမတွေနဲ့ ဘုန်းကြီးတွေရဲ့ သင်ကြားမှုနဲ့ အမှတ်ပေါင်း ၅၂၄ မှတ်၊၆ ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး မကွေးတိုင်းမှာ အမှတ်အများ ၁၀ ယောက်စာရင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။၆ ဘာသာဂုဏ်ထူးရှင် မအိမွန်အောင်က “ပရဟိတ စာသင်ကျောင်း ဖြစ်ပြီးတော့ စာသင်ကောင်းတဲ့ဆရာဆရာမတွေနဲ့ သင်ကြားရ သလို စာသင်ချိန်မှာ ဂရုတစိုက် နားထောင်ပြီး ကိုယ်တိုင်လေ့လာတဲ့အားလည်းကောင်းဖို့ လိုအပ်ပြီး သံဃာတော်တွေနဲ့ ငွေကြေး မတတ်နိုင်သူတွေကို ဆေးအလကားကုပေးချင်တာကြောင့် ဆရာဝန်ဖြစ်ချင်လို့ ဆေးတက္ကသိုလ်တ က်ဖို့ဆုံးဖြတ်ထားတယ်”လို့ ပြောပါတယ်။၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုဝင်စာမေးပွဲ ဖြေဆိုသူ ၂၆၃ ယောက်အနက် ၁၂၆ ယောက်အောင်မြင်ပြီး ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ၂ ဘာသာနှစ်ဦး နဲ့ တစ်ဘာသာ ၁၈ ဦး ဂုဏ်ထူးရရှိခဲ့ပါတယ်။

ယသဇေယျာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးကလျာဏက “ဆင်းရဲနွမ်း ပါးတဲ့ ကလေးတွေ စရိတ်သက်သက်သာသာ ပညာသင်ကြားနိုင်အောင်ရည်ရွယ်ပြီး နိုင်ငံတော်ရဲ့ ပညာရေး ကိုတစ်ဖက်တလမ်းက အထောက်အကူပြုတဲ့အနေနဲ့ ပရဟိတကျောင်း ဖွင့်လှစ်ထားတာ ဖြစ်တယ်”လို့ ပြောပါတယ်။ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာ အထက်တန်း၊ အလယ်တန်းပြ ဆရာဆရာမ ၃၅ ဦးရှိပြီး ကိုဗစ်ကာလမတိုင်ခင်က ကျောင်းသားကျောင်းသူ ၁၀၀၀ လောက် ရှိပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ အညီ ကျောင်းသား ကျောင်းသူ ၁၅၀ ဦးခန့်သာ လက်ခံသင်ကြားပေးနေပြီး ဆရာဆရာမ ၃၅ ဦးကိုတော့ ကျောင်းသားမိဘတွေသဘောတူညီချက်နဲ့ တစ်လကို ကျပ် ၆၀၀၀၀ နှုန်းနဲ့ တစ်နှစ်စာထောက်ပံ့ပေးထားတယ်လို့ ဆရာတော် ဦးကလျာဏက မိန့်ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးရှင် ၂၂ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄၁ ဦးအပါအဝင် ဂုဏ်ထူးရကျောင်းသားပေါင်း ၅၀၈၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။

Credit DVB TV News

Add a Comment

Your email address will not be published. Required fields are marked *

four − four =