(22.5.2020) မှ (19.6.2020) အထိ နယုန်လ တစ်လ လုံး အ တွက် စီးပွား လာဘ်လာဘ ပွင့်လန်းေ စမယ့် အကောင်းဆုံးယတြာ
|(22.5.2020) မှ (19.6.2020) အထိ နယုန်လ တစ်လ လုံး အ တွက် စီးပွား လာဘ်လာဘ ပွင့်လန်းေ စမယ့် အကောင်းဆုံးယတြာ
မိမိအိမ် ဘုရားကျောင်းဆောင် ရှိ မြတ်စွာ ဘုရားရှင်အား “ ပန်းကန်ပြား တစ်ချပ်ပေါ် တွင် အဝါရောင် အဝတ်စကို ဖြန်းခင်းထားပြီး ထိုအဝါရောင်အဝတ်စပေါ်တွင် သီးသန့်ပန်းအိုး(သို့မဟုတ်) ဖန်ခွက်သစ် ဖြင့်
သပြေညွန့်– ၆ညွန့် နှင့် ကံ့ကော်ညွန့်— ၂ညွန့် တင်ထား ကပ်လှူ ရပါမယ် မိတ်ဆွေများ ခင်ဗျား….။ ဆွမ်းတော်အဖြစ် ငှက်ပျောသီး ကပ်လှူ ကြပါ။
အောက်ပါ ဂါထာတော် ကို (၁၃)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်
” ဉုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပတုံမေ။”
နယုန်လ တစ်လတာ အတွင်း ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာရပါလို၏။ မိမိလိုရာဆုတောင်းနိုင်သည်။ မည်သည့်နေ့နံသား မဆိုလုပ်ဆောင်နိုင်ပါကြောင်း။ သပြေညွန့် နှင့် ကံ့ကော်ညွန့်များ ညိုးနွမ်း လာပါကစွန့်၍ အသစ်ပြန်လည် လှဲလှယ် ကပ်လှူ ပေးရမည်။
ဤယတြာ အစီအရင် သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက နယုန်လ တစ်လတာလုံး စီးပွားလာဘ်လာဘ ပွင့်လန်းစေပြီး မည်သည့် အခက်အခဲများ မဆို ကောင်ခြင်းမင်္ဂလာနှင့် ပြည့်စုံကြ ပါစေသား။
၇ ရက်သားသမီးများအားလုံး ကြီးပွား ချမ်းသာကြပါစေ
ဗေဒင်နှင့် အထူးယတြာပေး ပညာရှင် ဆရာပေါက်ကျိုင်း 09776478912