




unicode

တစ်နေ့တခြား မရိုးနိုင်တဲ့ အလှ တရားတွေ နဲ့ ပရိသတ်တွေ အသည်းကြွေအောင် ဖမ်းစားထား တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောကမှာ အကောင်းဆုံးကြိုးစားမှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမကတော့ အကယ်ဒမီရွှေကြိုမှာ အားဖြည့်ပါဝင်ရင်း ပိုမိုလူသိများလာခဲ့ကာ နောက်ပိုင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဆောင်းယွန်းစံ က ကြော်ငြာတွေအပြင် photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။

သူမဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေး ကို ရရှိပိုင်ဆိုင်ထား တာကြောင့် ဝတ်စားဆင်ယဉ်မှုတွေမှာ ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်မှုရှိတာကို တွေ့ရပါတယ်။လတ်တလာမှာဆိုရင် ဆောင်းယွန်းစံ က ချစ်စရာကောင်း တဲ့ ပုံလေးတွေ ရိုက်ကူးပြီး ပရိသတ်တွေ အတွက် အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင် သူမက ပရိသတ်တွေချစ်အား ပိုလောက်မယ့် ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ဆောင်းယွန်းစံ က ရိုးရှင်းအေးချမ်း တဲ့ အနက်ရောင် မြန်မာဆန်ဆန်ဖက်ရှင် ဝတ်စုံလေးကို ဝတ်ပြီး ချစ်စရာအမူအရာလေးတွေနဲ့ ပို့စ်ပေးနေ တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖက်ရှင်ဝတ်စုံလေးကလည်း သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်မှုရှိတာကို တွေ့ရပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရိုးရိုးလေး နဲ့ လှသွေးကြွယ်နေတဲ့ မင်းသမီးချောလေးဆောင်းယွန်းစံ ရဲ့ ပုံရိပ်လေးတွေ ကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Source – Saung Yoon San fb account

Add a Comment

Your email address will not be published. Required fields are marked *

one + 5 =