ကိုဗစ် လူနာတွေ (၁၁) ရက်ကျော်ရင် အခြားသူတွေ ကို မကူးစက်နိုင်တော့ ကြောင်း လေ့လာတွေ့ရှိ

ကိုဗစ် လူနာတွေ (၁၁) ရက်ကျော်ရင် အခြားသူတွေ ကို မကူးစက်နိုင်တော့ ကြောင်း လေ့လာတွေ့ရှိ

ကိုဗစ်လူနာတွေဟာ ရောဂါဖြစ် ပွားပြီး (၁၁) ရက်ကျော်ရင် အခြားသူတွေ ကို မကူး စက်နိုင်တော့ကြောင်း လေ့လာတွေ့ရှိ…

Ambulances are seen at the National Centre for Infectious Diseases, where patients suffering from the COVID-19 novel coronavirus are being cared for, in Singapore on April 3, 2020. (Photo by Roslan RAHMAN / AFP) (Photo by ROSLAN RAHMAN/AFP via Getty Images)

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရတဲ့ လူနာ အများစု ဟာ ရောဂါဖြစ်ပွားပြီး (၁၁) ရက်အကြာ မှာ တခြားသူတွေ ကို ကူးစက်နိုင်ခြေ မရှိတော့ ဘူးလို့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ စင်္ကာပူ သုတေသန စာတမ်းတစောင်က ဖော်ပြလိုက်ပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသား ကူးစက်ရောဂါ ဆိုင်ရာဌာနနဲ့ စင်္ကာပူ ဆေးတက္ကသိုလ် ကူးစက်ရောဂါ ဆိုင်ရာ ဆရာဝန် များအဖွဲ့က ထုတ်ပြန်တဲ့ အဲဒီစာတမ်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ ၇၃ ဦးကို အခြေခံပြီး လေ့လာပြုစုထားတာဖြစ်ပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားပြီး (၁၁) ရက်အကြာမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် အဖြေ မပြသသေးပေမယ့် တခြားသူတွေကို ကူးစက်နိုင်ခြေ မရှိတော့တာကို လူနာအများစုမှာ လေ့လာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ပိုး အပိုင်းအစ (ဒါမှမဟုတ်) မရှင်သန်နိုင်တော့ တဲ့ ဗိုင်းရပ်စ် ပိုးတွေ ကျန်နေရင်လည်း ပိုးရှိကြောင်း ဆေးစစ်ချက်အဖြေ ထွက်နိုင်ပေမယ့် အဲဒီနှစ်မျိုးလုံးဟာ တခြားသူတွေကို မကူးစက်နိုင်ဘူးလို့ စင်္ကာပူအခြေစိုက် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ချွင်းချက်အနေ နဲ့ ကင်ဆာရောဂါကြောင့် ဓာတ်ကင်ပြီး ကုသနေရသူတွေ၊ ကိုယ်တွင်း အင်္ဂါ အစားထိုးကုသမှုကြောင့် ဆေးသောက်နေရသူတွေ စတဲ့ ကိုယ်ခံအားနည်း လူနာတွေမှာတော့ ရောဂါပိုးကူးစက်ပြီး ရက်အတော်ကြာအထိ ဗိုင်းရပ်စ်ပိုး ဆက်လက် ရှင်သန်နေနိုင် တယ်လို့ သတင်းတွေ မှာ ဖော်ပြ ထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

twelve + 3 =