




unicode

ကိုဗစ်ရှေ့တန်း ရခိုင် ကို စေတနာ့ဝန်ထမ်း အဖြစ် သွားရောက်မယ့် သူနာပြု ဆရာမလေး ရဲ့ နှုတ်ဆက်စာ

နာမည်စာရင်းလေးတော့ ထွက်လာပါပြီ၊ အမေကတော့ ပြောပြောချင်း တိတ်ဆိတ် သွားခဲ့တာ၊ အမေ စိတ်မပူပါနဲ့နော် အဖေလဲစိတ်မပူပါနဲ့ဗျ

Volunteer၊ ဒီချိန်က နိုင်ငံတော် တွက် လိုအပ်နေတဲ့အချိန်မို့ ကိုယ်တက်နိုင်သလောက် မိခင်နိုင်ငံကို ဖြည့်ဆည်းပေးတာပါ။ အတက်နိုင်ဆုံး ကိုယ့်ဘက် က save ဖြစ်အောင်လုပ်မယ် ဆံပင်ညှပ်မယ် ကျန်တဲ့အပိုင်းတွေလဲ အကုန် saveဖြစ်အောင်လုပ်သွားမှာပါ။ မစိုးရိမ်ကြ ပါနဲ့နော် စာရင်းလေး မြင်တော့ အွန်လိုင်း ကနေ ဂုဏ်လဲယူတယ်ဝ မ်းလဲနည်းတယ် ဂရုစိုက်နော် လို့ပြောပေးတဲ့ အသဲတွေကိုလဲ အရမ်းချစ်တယ်

မမြင်နိုင်တဲ့ ရန်သူကို ကိုယ့်ဘက်က အရှုံးပေး လို့ မဖြစ်ဘူးလေ၊ အကြောင်း အမျိုးမျိုးကြောင့် လိုက်ချင်ပြီး စိတ်မကောင်းဖြစ်နေတဲ့သူတွေလဲ လိုက်ချင်တဲ့ စိတ် ရှိနေရုံနဲ့တင် အားရှိပါတယ် နော်။ နိုင်ငံတော်ကြီး လိုအပ်နေချိန် မှာ ကူညီခွင့်ရလို့လဲ ကြည်နူးမိတယ်

Every Time Every where I am ready. Don’t worry for me. Proud for me.

Add a Comment

Your email address will not be published. Required fields are marked *

two + twenty =