အမိုက်စား Music Video တစ်ခု အနေနဲ့ ပရိသတ်တွေရှေ့ ကိုရောက် လာ တော့ မယ့်အမွန်း ရဲ့ သီချင်း အ သစ်

အမိုက်စား Music Video တစ်ခု အနေနဲ့ ပရိသတ်တွေရှေ့ ကိုရောက် လာ တော့ မယ့်အမွန်း ရဲ့ သီချင်း အ သစ်

အမိုက်စား စူပါမော်ဒယ်လ် တစ်ယောက်လိုဘော်ဒီ နဲ့ အမိုက်စား အဆိုတစ်ယောက်ဖြစ် တဲ့ အမွန်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေအတွက် တေးသီချင်းတွေ သီ ဆိုနေတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ် ။ နိုင်ငံတကာ အသိမှတ်ပြု Me N Ma Girls ရဲ့အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သလို လက်ရှိအချိန် မှာလည်း အောင်မြင်တဲ့ အဆို တော် အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။

လတ်တလောမှာတော့ အမွန်းရဲ့ ထုံးစံ အတိုင်း ပရိသတ်တွေ လုံးဝကြွေသွားစေမယ့် အမိုက် စား Music Video တစ်ခုနဲ့ ပရိသတ်တွေရှေ့ကိုထပ်မံ ရောက်ရှိလာပြန်ပါပြီ ။ Ah Moon ရဲ့သီချင်းသစ်နာမည်လေးကတော့ Insane လို့အမည်ရပြီး မေလ (၂၇) ရက်နေ့မှာ ပရိသတ် တွေရှေ့ကိုရောက် ရှိလာတော့မှာဖြစ်ပါတယ် ။ FG Entertainment နဲ့အတူရိုက်ကူးထားတာ ဖြစ်ပြီး လုံးဝအမိုက်စား MV တစ်ခုကို ပရိသတ်တွေမြင်တွေ့ရတော့မှာပါ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ် မင်းသားချောလေး ချာလီနဲ့ တွဲဖက် သရုပ် ဆောင်ထားပြီး နိုင်ငံခြား Music Video တစ်ခုကို ကြည့်နေ ရသလို ဆွဲဆောင်နိုင်တဲ့ အမွန်း ရဲ့ သီချင်းလေးကို ပရိသတ်တွေ လည်း အရမ်းကိုကြည့်ချင်နေကြပြီ ထင်ပါတယ် ။ မေလ (၂၇) နေ့ Official MV ထွက် လာရင်လည်း မျှဝေပေးဦး မှာမို့ စောင့်မျှော်ပေးကြ ပါဦးနော် ..။

Source : Ah Moon
Emily (Cele Gabar),Reference&Credit:Celegabar.com