ဘိန်းစားချင်း အတူတူ တစ်လုံး ပိုရှူချင် နေသော အနယ်နယ် အရပ်ရပ်က ပြည်တော်ပြန် များနှင့် ရန်ကုန်

ဘိန်းစားချင်း အတူတူ တစ်လုံး ပိုရှူချင် နေသော အနယ်နယ် အရပ်ရပ်က ပြည်တော်ပြန် များနှင့် ရန်ကုန်

ပြည်နယ် တစ်ခု က အခုပြည်တော်ပြန်တွေ ပိုးတွေ့ရှိမှု နဲ့ ပတ်သက်ပြီး အသံတွေ ထွက်လာ တယ်… ပြန်လာသမျှ ပြည်တော်ပြန်တွေ ကို ရန်ကုန် မှာ ဘဲ ထားပြီး Q ဝင်သင့် တယ် ပိုးကင်းစင် မှ ပြန် လွှတ် သင့်တယ် တဲ့..

ပြည်နယ်တွေ အတွက် စိတ်ချ ရအောင် တဲ့…. Q ဝင်မယ့်သူတွေကလဲ တောင်းဆို သတဲ့ သူတို့ကို ရန်ကုန်မှာဘဲ Q ဝင်ပြီးစစ်ဆေးပေးဖို့…ဒါကို တာဝန်ရှိသူတွေက သက်ဆိုင်ရာ ပြည်နယ်တွေကို ပြန်ပို့ပေးလို့… ပြည်နယ်တွေမှာ ပိုးကူးစက်ရင် ဘယ်သူက တာဝန်ယူ မှာလဲ ဘာလဲ ညာလဲနဲ့…. အသံတွေ ထွက် လာတယ်..

ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှူချင် နေသော အနယ်နယ် အရပ်ရပ်က ပြည်တော်ပြန်များနှင့် ရန်ကုန်
First wave တုန်းက ဂျေဒိုးနပ် နဲ့ မြင့်မြင့်ခင် ဖိုက်ကြသလို အခုလဲ အဲ့လိုဖြစ်အောင် လုပ်နေကြသလား ၊ အခု second wave မှာ သေချာပြင်ဆင်ပြီး Q Center တွေကို တိုက်ရိုက်ပို့တာ ဘယ်နေရာက ယိုစိမ့် ထွက်လာမှာ ကို ပူနေကြ သလဲ…

အားလုံး မှာ အသက် ပါတယ် ရန်ကုန်က လူတွေက ဂြိုလ်သားတွေ မဟုတ်ဘူး… ပြည်နယ်ကလူတွေ မှ အသက်ပါတာ မဟုတ်ဘူး.. သိန်းနဲ့သောင်းနဲ့ ချီပြီးပြန်လာတဲ့ လူအုပ်ကို ပြည်နယ်တိုင်း အစိုးရအသီးသီးက ခွဲဝေတာဝန်ယူပြီး စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်တာ ဖြစ်သင့်တဲ့ ကိစ္စဘဲ….

ကိုဗစ်မကြောက်တဲ့ လူ တစ်ယောက်မှ မရှိဘူး.. ဒါကြောင့် ကျောင်းဖွင့်တာ နောက်ဆုတ်ဖို့ ပြောနေကြတာလေ… ရန်ကုန်ကလူတွေဆို မြို့ကို အဝင်မခံနဲ့ ရွာကို အဝင်မခံနဲ့ ဆိုတဲ့လူတွေက သူတို့ဆီက လူတွေ နိုင်ငံခြားသွား အလုပ်လုပ် ရောဂါပိုးသယ်ပြီး အိမ်ပြန်လာတာကျတော့ ရန်ကုန် မှာ အကုန် လက်ခံထား…. အဲ့လိုလား…

ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှူချင် နေသော အနယ်နယ် အရပ်ရပ်က ပြည်တော်ပြန်များနှင့် ရန်ကုန် ပြောချင်တယ် ဘယ်နိုင်ငံကမှ ငါ့နိုင်ငံ ရောဂါသည်တွေ တိုးပါစေတော့…ပွားများပါစေတော့ဆိုပြီး ပေါ့တီးပေါ့ဆ အလုပ် မလုပ်ဘူး.. ဘယ်နိုင်ငံသား ဘယ်တိုင်းပြည်ခေါင်းဆောင်က ကိုယ့်နိုင်ငံ ကို ကူးစက်မှုတွေ ဖြစ်စေချင်တာရှိလဲ.. အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေ မှာ တစ်ဦးချင်း အသိစိတ်ဓာတ်က မနိမ့်ပါးဘူး…သာမန်လူထက် ကျန်မာရေး ဝန်ထမ်းတွေ ပိုသိတယ် ပိုတတ်တယ် ပိုပြီး တာဝန် များတယ်…

ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှူချင် နေသော အနယ်နယ်အရပ်ရပ်က ပြည်တော်ပြန်များနှင့် ရန်ကုန် First wave ကို နမူနာယူပြီး second wave မှာ တတ်နိုင်သမျ အမှားနည်းအောင် လုပ်နေကြတာ မမြင်ကြတာလား…မမြင်ချင်ယောင်ဆောင်နေကြတာလား… သိန်းချီ အလုပ်သမားတွေကို ရန်ကုန်မှာဘဲ စုပုံထားစေချင်ရအောင် ရန်ကုန် က ဒုက္ခသည် စခန်းလား ရန်ကုန်က ကျန်းမာရေး ဝန်ထမ်းတွေက စူပါမန်း တွေလား… နဲနဲလေး ကိုယ်ချင်း စားကြည့်ကြပါအုံး.. WHO ရဲ့ rules and Laws တွေအတိုင်းဘဲ တစ်နိုင်ငံလုံး ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေ Q center တွေ အလုပ်လုပ်ေ နပါတယ်… ဘိန်းစားချင်းအတူတူ တစ်လုံးပို မရှူချင်ပါနဲ့…

ZM
20.5.20

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =