ထမင်းစားဖို့ လင်ယူစရာ မလိုတဲ့ မိန်းကလေး ဟာ ကမ္ဘာပေါ် မှာ အချေနိုင် ဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာ မလိုတဲ့ မိန်းကလေး ဟာ ကမ္ဘာပေါ် မှာ အချေနိုင် ဆုံးပဲ

တချိန် ငါ့သမီးလေးကို ပြောပြ ရမယ်

ထမင်းစားဖို့ လင်ယူ စရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန် သမီးလေး သိဖို့

“ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်” တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….

၁၆နှစ်အရွယ် မိန်းကလေး တစ်ယောက် ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး….

သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့…

ခုခေတ်ယောက်ျားတွေ(အများစု)ကအတွေး အမြင်တွေပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?

ယောက်ျားတွေကအလုပ်ရှိတဲ့ မိန်းကလေးကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ…

ငွေရှိရင်ရှိ မရှိရင်ပညာတတ် ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ…

အလုပ်လုပ်တတ် စီးပွားရှာတတ်အမြင်ကျယ်တဲ့ မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ..

သူတို့ကို အစစအရာရာသိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာ…

ငါ့သမီးတို့ သိအောင်ပြောပြချင်ပါဘိ…

ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ် မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေ ကရော…..

အိမ်ပေါ်တက်လာတဲ့ချွေးမ ကို ဘယ်လိုကြိုဆိုကြသလဲဘာပညာမှမတတ်ဘာ အလုပ်မှမလုပ်တတ်ဘယ်နေရာမှဝင်မဆန့်တဲ့မိန်းကလေးမျိုးကိုဝမ်းသာအားရကြိုဆိုမယ့်ယောက္ခမမျိုးသိပ်ကိုရှားသွားပြီဆိုတာငါ့သမီးတို့သိပါလေစ…

အိမ်ထောင်မပြုခင်လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင် မိဘတွေကလက်နက်မျိုးစုံတပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစ…

ရော့ ပညာလက်နက် ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာမလိုဘူး

ရော့ အတွေးအခေါ်လက်နက်ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်

ရော့ အလုပ်အကိုင်လက်နက်ငါ့မှာအလုပ်အကိုင်ရှိတယ်အသိုင်းအဝိုင်းရှိတယ်ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်

အဲဒီလိုလက်နက်တွေပါသွားတော့ပိုမကောင်းဘူးလား

မွေးရာပါလက်နက်ဟာတစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကိုပြောပြမယ့်သူမရှိဘူးလား…

ပညာကမစုံအတွေ့အကြုံကမရင့်ကျက် အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့…လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ…

တကယ်လို့များသမီးလေးတို့ရွေးချယ်လိုက်တဲ့ယောက်ျားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီးကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ယောက်ျားမျိုးဆိုရင်…လင်ယူပြီးမှ ကိုယ့်ဝမ်း ကိုယ်ရှာစားနေရပြီး သူ့ကိုပါရှာကျွေးနေရရင် ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက်အဖက်တင်နေမှာပေါ့…

ကဲဘဝက ထင်သလောက် လွယ်သေးလား?

လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင် ပါမှလောကကြီးထဲထွက်လိုက်စမ်းပါ…

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့ အတွက်ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

ငါ့သမီးတွေကမ္ဘာ့အလှဆုံး မိန်းကလေးတွေဖြစ်ကြစမ်းပါ

Credit#

Add a Comment

Your email address will not be published. Required fields are marked *

nine + four =